Thursday, March 8, 2012

မြန်မာ-ဘင်္ဂလာ အလံတင်အစည်းအဝေး ထပ်မံထိုင်ပြီ

Written by သဇင်ဥ    Friday, 09 March 2012 03:07   PDFPrintE-mail

မြန်မာနိုင်ငံ အနောက်ဘက် အခြေစိုက် နစကနှင့် ဘင်္ဂလာနယ်စပ်လုံခြုံရေးတပ်ဖွဲ့ (BGB)တို့ တပ်မှူးအဆင့် အစည်းအဝေးတစ်ရပ်ကို မောင်တောမြို့နယ် ပိုင်နက်တစ်နေရာတွင် တနင်္လာနေ့က ထပ်မံတွေ့ဆုံဆွေးနွေးကြကြောင်း သတင်းရရှိသည်။
undefined
အဆိုပါ အစည်းအဝေးသို့ နစကနယ်မြေ (၃)မှ နယ်မြေမှူး ဗိုလ်မှူး သန်းထိုက်အောင် ဦးဆောင်ပြီး အဖွဲ့ဝင် (၉)ဦးနှင့် ကော့စ်ဘဇားမြို အခြေစိုက် BGB တပ်ရင်းအမှတ် (၁၇)မှ ဗိုလ်မှူး ခါလေကူဇ္ဖာမာန် ဦးဆောင်ပြီး အဖွဲ့ဝင် (၁၂)ဦးတို့ ခေါင်းတုန်းတွင် တွေ့ဆုံ ဆွေးနွေး ခြင်းဖြစ်သည်။

နှစ်နိုင်ငံအကြား ဆွေးနွေးပွဲတွင် မြန်မာ-ဘင်္ဂလာနယ်စပ် စုစုပေါင်း အရှည် (၂၁၇)ကီလိုမီတာအနက် (၂၃)ကီလိုမီတာမှာ ဘင်္ဂလာ ပိုင်နက်ဖြစ်ကြောင်း၊ မြန်မာမှ ဘင်္ဂလာသို့ မူးယစ်ဆေးဝါး၊ နယ်မြေကျူးကျော်ဝင်ရောက်မှုများအား ဟန့်တား အရေးယူဖမ်းဆီးဖို့ ပန်ကြားခဲ့ကြောင်း၊ နှစ်ဘက်နယ်စပ်လုံခြုံရေးကို တိုးမြင့်ပြီး ပူးပေါင်းလုပ်ဆောင်ရန် အရှိန်တိုးမြင့်လိုကြောင်းနှင့် တပ်ဖွဲ့များအကြား ချစ်ကြည်ရေးအဖြစ် အားကစားများ ကစားနိုင်ရန် အစီအစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

အစည်းအဝေးကို နံက် (၁၁)နာရီမှ နေ့လည် (၃)နာရီအထိ ပြုလုပ်ခဲ့သည်။ ဗိုလ်မှူး ခါလေကူဇ္ဖာမာန်က ယခုအကြိမ် နစကနဲ့ တွေ့ဆုံ ဆွေးရတာ အရင်ကထက် ပိုမိုပြီး သိသိသာသာ ကောင်းမွန်လာပါတယ်။ဟု ပြောကြောင်း ဒေသထုတ် သတင်းစာများက ဆိုသည်။

နစက-BGBတို့ ချစ်ကြည်ရေးအဖြစ် မူးယစ်ဆေးဝါးဖေါက်ကားမှု၊ နယ်မြေကျူးကျော်မှုနှင့် မှောင်ခိုလုပ်ငန်းများအား တားဆီးဖမ်းဆီး ရပ်တန့်နိုင်ရန် မတ်လ (၃)ရက်နေ့က တစ်ကြိမ်ဆွေးနွေးမှုတစ်ခုကို ဘင်္ဂလာပိုင်နက်တွင် ပြုလုပ်ခဲ့သည်။
http://www.arakantimes.net/burmese/index.php/2012-02-24-06-58-57/73-2012-03-09-03-15-08

No comments:

Post a Comment