Thursday, March 8, 2012

ပါလီမန်အတွင်း RNDP အဆို ကြံ့အမတ် ကန့်ကွက်

Written by သဇင်ဥ    Friday, 09 March 2012 00:00   PDFPrintE-mail

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP)က ရခိုင်ပြည်နယ်-ရန်ကုန် ကားလမ်းများအား ကောင်းမွန်ပြီး တိုးမြှင့်ဖေါက်လုပ်ရေး စီမံကိန်းဘဏ္ဍာအဆိုတခုကို ဖေဖေါ်ဝါရီ(၂၃)ရက်နေ့က ကျင်းပခဲ့သည့် လွှတ်တော်အစည်းအဝေးတွင် တင်သွင်းရာ ကြံ့ခိုင်ရေးပါတီမှ ဗမာတိုင်းရင်းသား အမတ်တဦးက ကန့်ကွက်သဖြင့် ပျက်ပြယ်သွားခဲ့ကြောင်း သတင်းရရှိသည်။

RNDP အမှတ်(၆) မဲဆန္ဒနယ်အမတ်မှ ရခိုင်ပြည်နယ်အတွင်း ပုဏ္ဏားကျွမ်း-ရသေ့တောင်၊ ဘူးသီးတောင်-မောင်တော၊ စစ်တွေ-မြောက်ဦး၊ မြောက်ဦး-ကျောက်တော်နှင့် တခြားစီးပွားရေး အဓိကတိုးတက်မည့် လမ်းများအပြင် ရခိုင်ပြည်နယ်-ရန်ကုန် ကားလမ်းမကြီးကို မိုးရာသီမတိုင်မီ ကောင်းမွန်ပြီးတိုးမြှင့်ဖေါက်လုပ်ရန် အဆိုတင်သွင်းရာတွင် ကြံ့ခိုင်ရေးပါတီအမတ်က ကန့်ကွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

RNDP အဆိုကို ကြံ့ခိုင်ရေးအမတ်က လမ်းဖေါက်ခြင်းမှာ အကျိုးရလာဒ်များ ဖြစ်ပေါ်လာမည်မဟုတ်ကြောင်းနှင့် လမ်းဖေါက်လုပ်ရန် အဆိုတင်သွင်းသည့် ဘဏ္ဍာငွေကို တခြားနေရာများတွင် ခွဲဝေသုံးစွဲရန် ကန့်ကွက်တင်ပြခဲ့ကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ ပထမအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး (ဒုတိယနေ့) ဖေဖေါ်ဝါရီ (၂၃)ရက်၊ နံက် (၁၀)နာရီတွင် ကျင်းပသည့် လွတ်တော်အစည်းအဝေးတွင် RNDPအမတ် တင်ပြခဲ့ခြင်းဖြစ်ရာ ကြံ့ခိုင်ရေးပါတီအမတ်က ကန့်ကွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ လွှတ်တော်အစည်းအဝေးသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်၊ ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဌ ဦးထိန်လင်းနှင့် လွှတ်တော် စုစုပေါင်း ကိုယ်စားလှယ်(၄၃)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

အစည်းအဝေးတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ဒေသန္တရစီမံကိန်း ဥပဒေကြမ်း၊ (၂၀၁၂)ခုနှစ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့် ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းတို့အပြင် နောက်ထပ်အကြောင်းအရာ(၁၂)ခုနှင့် ပတ်သက်၍ ပြည်နယ်အဆင့် အဖွဲ့အစည်းဝင်များက ရှင်းလင်းတင်ပြခြင်းတို့တွင် အဓိကအားဖြင့် RNDPအဆိုကို ကြံ့ခိုင်ရေးမှ ကန့်ကွက် ခြင်းဖြစ်ကြောင်း သိရှိရသည်။
http://www.arakantimes.net/burmese/index.php/2012-02-24-06-58-57/71--rndp-

No comments:

Post a Comment