Friday, March 30, 2012

ရခိုင်ပြည်သူများသို့ ပန်ကြားလွှာ

ရခိုင်ပြည်သူများသို့ ပန်ကြားလွှာ

လေးစားအပ်ပါသော ရခိုင်ပြည်သူ ပြည်သားအပေါင်းရို့
များမကြာမှီက ဗမာအစိုးရ၏ အမျိုးမျိုးသော ဖျားယောင်သွေးဆောင်မှုကြောင့်
ရခိုင်ပြည်တော်လှန်ရေးသမားဆိုသူ တစုရို့သည် မိမိတို့အမျိုးသား
အကျိုးစီးပွားကိုစွန့်လျက် အစိုးရဆိုသူရို့နှင့်
ငြိမ်းချမ်း(စွာဖျက်သိမ်း) ရေး ဆွေးနွေးပွဲသို့ တက်ရောက်ရန် ထွက်ခွာ
သွားရန် ရှိလေသည်။
တခြားတချို့သည်လည်း ထိုငြိမ်းချမ်း(စွာဖျက်သိမ်းခံ)ရေး ဆွေးနွေးပွဲသို့
ဖိတ်ခေါ်ခြင်း ခံရရေးအတွက် အမြီးတနှံ့နှံ့၊ နှာခေါင်းတရှုံ့ရှုံ့နှင့် အနံခံ
လိုက်ရှာနေကြလေသည်။
ဆိုခဲ့သော ထိုဤပုဂ္ဂိုလ်ရို့သည် ရခိုင်ပြည်အတွင်းဝင် ရောက်လာလျှင်
မည်သို့သော အကြောင်းနှင့်ဖြစ်စေ လက်ခံခြင်း၊ ဖိတ်ခေါ်ခြင်း၊
ကြိုဆိုခြင်းများကို မပြုလုပ်ကြရန် ပန်ကြားလိုက်သည်။
ဤတွင် ရာဇာဓိရာဇ် အရေးတော်ပုံကျမ်းလာ အကြောင်းအရာတခုကို ဖေါ်ပြလျက်၊
ကျွန်ုပ်၏ပန်ကြားချက်ကို လက်ခံသင့်ကြောင်း ဆိုပါမည်။
ရာဇာဓိရာဇ်သည် ဗညားနွဲ့ အမည်ခံစဉ် ခမည်းတော် ဗညားဦးကို ဒဂုံကနေ၍
ခြားနားလေသည်။ ဒဂုံတွင် ဗိုလ်ဝင်ခံစဉ် အမတ်ဒိန်နှင့် အခြား မွန်အမတ်
(၂)ဦးတို့ကား မလာရောက်ခဲ့ကြ၊ ယင်းကြောင်း ရာဇာဓိရာဇ်သည် အမတ်ဒိန်မှအပ
မွန်အမတ် (၂)ဦး သတ်ပစ် ခဲ့လေသည်။
ရာဇာဓိရာဇ် ဘုရင်ဖြစ်လာသောအခါ အမတ်ဒိန်သည် ရာဇာဓိရာဇ်ထံပါးသို
့အခစားရောက်လာလေသည်။ ထိုအခါ ရာဇာဓိရာဇ်သည် အမတ်ဒိန်ကို သတ်ရန်ကြံလေသည်။
ဤတွင် အမတ်ဒိန်၏ လျောက်ထားချက်သည် အလွန်မှတ်သားလောက်ပေသည်။ ယင်းမှာ
အရှင်မင်းကြီး… အရှင်မင်းကြီးသည် ထိုစဉ်က ထီးဆောင်းမင်း ဧကရာဇ် မဟုတ်သေး။
ပုန်ကန်နေသော သူပုန်မင်းသာ ဖြစ်လေသည်။ သူပုန်မင်းကို မကူညီသောကြောင်း
အမတ်ဒိန်ကို သတ်ပစ်လျှင် နောင်အစဉ်သဖြင့် မော်ကွန်းထိုးရစ်မည်မှာ
အမတ်ဒိန်အရူးသည် ပုန်ကန်သသူကို မကူညီခဲ့သောကြောင်း အသတ်ခံရဘူးလေသည်ဟု
မော်ကွန်းထိုး ထုံးစံဖြစ်နေလိမ္မည်။
 အထက်ပါထုံးကို ထောက်ရှုပြီး ရခိုင်ပြည်သူများသည် ရခိုင်အမျိုးသား
အကျိုးစီးပွားကိုစွန့်လျက် ဗမာမဟာအင်ပါယာထဲသို့ သက်ဆင်း ရောက်ရှိရန်
ကြံရွယ်သူများ၊ ရောက်ရှိအောင်လုပ်ဆောင်နေသူများကို လက်သင့်ခံသူများအဖြစ်
အရှည်သဖြင့် မော်ကွန်း မထိုးမိရန် လိုအပ်ပါကြောင်း။

ဓမ္မဒဿ
ရခိုင်ပြည်။

---------------------------------------------------------------------------------------------------------------

ဝိဒေဟရာဇ် ပုတ်သင်များ

တခါသော် ၀ိဒေဟရာဇ် မင်းကြီးသည် မူးမတ်အခြံအရံများနှင့်
တိုင်းခန်းလည့်လည်တော်မူ၏။ လမ်းခရီးတွင် ပုသင်ညို တကောင်ကို မြင်၏။
ပုတ်သင်သည် လည်တညိတ်ညိတ်နှင့် မင်းပရိတ်သတ်ကို ကြည့်လျက်နေ၏။
ထိုအခါ မင်းကြီးသည် မူမတ်တို့အား မေးသည်မှာ ပုတ်သင်သည် အဘယ့်ကြောင်းဤသို့
ပြုမူနေသနည်းဟူ၍ ဖြစ်၏။ အမတ် များကလည်း အရှင်မင်းကြီး၊ အရှင်မင်းကြီး၏
ဘုန်းတန်ခိုးကြောင့် အလေးပြုနေခြင်းဖြစ်သည်ဟု ပြန်လည်လျောက်ထား၏။
မင်းကြီးသည် အမတ်များ၏ လျောက်တင်ချက်ကို အားရနှစ်သက်တော်မူသည်ဖြစ်၍
ရွှေစင်တပဲကို ဆုချပြီး ပုတ်သင်၏လည်တွင် ဆွဲစေ၏။
ရက်အတန်ကြာသောအခါ ၀ိဒေဟရာဇ် မင်းကြီးသည် မူးမတ်အခြံအရံတို့နှင့်
ခရီးထွက်ပြန်ရာ လမ်းခရီးတွင် ရွှေစင်တပဲကို လည်မှာ ဆွဲလျက် အထက်ကဆိုခဲ့သော
ပုတ်သင်ကိုပင် တွေ့ပြန်၏။ ထိုပုတ်သင်သည် မည်သူ့ကိုမှ အလေးဂရုမပြုဘဲ
ခေါင်းကိုကြွလျက် နေ၏။
ထိုအခါ မင်းကြီးက ဤပုတ်သင်သည် ယခုကား ငါ့အားအလေးမပြုသည်မှာ
အကြောင်းအဘယ်နည်းဟု ဆိုလေ၏။ ထိုအခါ မူးမတ် များက လျောက်သည်မှာ ယခုအခါ
ဤပုတ်သင်သည် ရွှေစင်တပဲ ချမ်းသာသည်ဖြစ်၍ အသင်မင်းကြီးလည်း ရွှေရှင်ငွေရှင်၊
ငါလည်း ရွှေရှင်ငွေရှင်ဆိုသော မာနဖြင့် အရှင်မင်းကြီးအား
အလေးမပြုခြင်းဖြစ်သည်ဟု လျောက်လေ၏။
ထို့အတူ ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်တွင် မိမိကိုယ်ကို ဆိုင်းဘိုး၊
အမျိုးမျိုးတပ်ကာ ဥက္ကဌ၊ အတွင်းရေးမှူးလုပ်လျှက်၊ မင်းကြီးလည်း ရွှေရှင်
ငွေရှင်၊ ငါးလည်းရွှေရှင်ဟူသော မာနထောင်လွှားကာ ဘ၀င်မြင့်နေကြသော ၀ိဒေဟရာဇ်
လူ ပုတ်သင်တို့လည်း အများအပြား ရှိသည်သာ။

 ဓမ္မဒဿ
ရခိုင်ပြည်။

No comments:

Post a Comment