Wednesday, December 14, 2011

NLD ဥက္ကဋ္ဌနှင့် ဒုတိယခေါင်းဆောင်များကို (၁၉) ရက်နေ့ ပြန်လည်ရွေးချယ်မည်


ဂစ္ဆပသတင်းဋ္ဌာန
ဒီဇင်္ဘာလ (၁၅)ရက်၊ ၂၀၁၁၊ ရခိုင်စံတော်ချိန် နံက် (၁၂)နာရီ။
By: အောင်ခိုင်

NLD ဥက္ကဋ္ဌနှင့် ဒုတိယခေါင်းဆောင်များကို (၁၉) ရက်နေ့ ပြန်လည်ရွေးချယ်မည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကို ရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့သည့်ဒီဇင်္ဘာလ (၁၂)ရက်နေ့တွင် ပါတီမှတ်ပုံတင်ခွင့် ပြုလိုက်ပြီးနောက် ပါတီမှတ်ပုံတင်ရာတွင်လိုအပ်မည့်  ဥက္ကဋ္ဌနှင့် ဒုတိယ ခေါင်းဆောင်များကို လာမည့် (၁၉)ရက်နေ့တွင် ပြန်လည် ရွေးချယ်သွားမည်ဖြစ်ကြောင်း NLD ပြောရေဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ဆိုသည်။

NLD မှ လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အဖွဲ့ဝင် (၂၁)ဦးပါ ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီပါသည့် လူများမဟုတ်ဘဲ ပါတီမှတ်ပုံတင်လျှောက်ထားရန် ရွေးကောက်ပွဲကော်မတီသို့ အမည်စာရင်းတင်သွင်းထားသည့် (၂၁)ဦးသည် လာမည့် ဒီဇင်ဘာ (၁၉)ရက်နေ့တွင် ပါတီပြန်လည်မှတ်ပုံတင်ရန်အတွက်လိုအပ်မည့် ဥက္ကဌနှင့် ဒုတိယ ခေါင်းဆောင် များကို ပြန်လည်ရွေးချယ်သွားမည်ဖြစ်ကြောင်း NLD ပြန်ကြားရေးဋ္ဌာနမှ သိရသည်။
 
NLD သည်  ပြီးခဲ့သည့်နိုဝင်္ဘာ (၂၅)ရက်နေ့က ပါတီမှတ်ပုံတင်နိုင်ရေးအတွက် နေပြည်တော် ရွေးကောက်ပွဲကော်မရှင်ရုံးသို့ သွားရောက်လျှောက်ထားခဲ့ပြီးနောက် ပါတီမှတ်ပုံတင်လျှောက်ထားခြင်းနှင့် ပါတ်သက်၍ နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ဒီဇင်္ဘာ (၁၂) ရက်နေ့တွင် နိုင်ငံရေးပါတီတည်ထောင်ခွင့်ကို NLD အား ဥပဒေများနှင့် ညီညွတ်သောကြောင့်  နိုင်ငံရေးပါတီ တည်ထောင်ခွင့်ပြုလိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

သို့သော်လည်း NLDနှင့်အတူ ၁၉၉၀-ပြည့် ရွေးကောက်ပွဲအနိုင်ရ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)မှာ ရွေးကောက်ပွဲ ၀င်နိုင်ရန် ပါတီမှတ်ပုံ မတင်သည့်အပြင် ၁၉၉၀-ပြည် ရွေးကောက်ပွဲရလာဒ်ကို ဆက်လက်ထိမ်းသိမ်းသွားမည်ဖြစ်ကြောင်း သတင်းများကဆိုသည်။

No comments:

Post a Comment