Wednesday, December 14, 2011

NDF ခမောက်သုံးခြင်း ဦးခင်မောင်ဆွေ ရှင်း

NDF ခမောက်သုံးခြင်း ဦးခင်မောင်ဆွေ ရှင်း

 မိုးမြင့်မြတ်  ပေါ်ပျူလာ ဂျာနယ် By သစ်ထူးလွင် မီဒီယာ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ၁၉၉ဝပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ သင်္ကေတ ခမောက်အမှတ်တံဆိပ်အား တရားဝင်မှတ်ပုံတင်ထားခြင်း မဟုတ်သဖြင့် ယူသုံးခြင်းဖြစ်ကြောင်း NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောသည်။”မှားနေတာကဒီခမောက်ကို ရွေးခဲ့တာ ကျွန်တော်ရွေးခဲ့တာ။ ကော်မရှင်ကို ခမောက်သုံး ဖို့ သွား တင်တော့ ဦးချစ်ခိုင်နဲ့သွားခဲ့တာ။ ဦးချစ်ခိုင်နဲ့ကျွန်တော်က သူက အလံ၊ ကျွန်တော်က ခမောက်။ ဦး အောင်ဇင်၊ မောင်စူးစမ်း၊ ဒေါ်မြင့်မြင့် ခင်တို့သိပါတယ်။

ကျွန်တော်နဲ့ဦးချစ်ခိုင်ခမောက်ရွေးတဲ့ကိစ္စနဲ့ ပတ် သက်လို့ အချေအတင်ဖြစ်ခဲ့တာ တောင် ဝင်ပြီးဖျန်ဖြေပေးခဲ့ကြသေး တယ်။ အဲဒီတုန်းကက စီအီးစီဖြစ်ခဲ့ သူတွေ သိပါတယ်”ဟု ၂ဝ၁ဝ ရွေး ကောက်ပွဲတွင် အမျိုးသားဒီမိုကရေ စီအင်အားစု (NDF )ပါတီ ခမောက် ပြန်လည်ယူသုံးခြင်းနှင့်ပတ်သက်၍ ဦးခင်မောင်ဆွေက ပြော သည်။

ဒီဇင်ဘာ ၁၁ ရက်နိုင်ငံပိုင် သတင်းမှတစ်ဆင့်NLD ပါတီ က ခမောက်တံဆိပ်နှင့်ပတ်သက်၍ ကြေညာချက်ထုတ်ပြန်ခဲ့ပြီး NLD၏ အမှတ်တံဆိပ်ကိုလည်း ခွပ်ဒေါင်း  နှင့်ကြယ်ဖြူပါတံဆိပ်ပြောင်းလဲ ကြောင်းပါ ထုတ်ပြန်ခဲ့သည်။ ၄င်း ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ခ မောက်တံဆိပ်အား ယူသုံးသည့် NDF ပါတီအား ပေါ်ပြူ လာနယူးစ် ကဆက်သွယ်မေးမြန်းရာ ဦးခင်မောင် ဆွေက အထက်ပါအတိုင်း ပြန်လည်   ဖြေကြားခဲ့ခြင်းဖြစ်သည်။

၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲ တွင်NLD ပါတီ သည် ခမောက်တံ ဆိပ်အား ရွေးကောက်ပွဲအမှတ်တံ ဆိပ်အဖြစ် အသုံးပြုကာ မဲအပြတ် အသတ်အနိုင်ရရှိခဲ့သည်။ ယင်း နောက် ၂ဝ၁ဝ ရွေးကောက်ပွဲတွင်NLD ပါတီမှ ခွဲထွက်ခဲ့သည့်NDF  ပါတီသည် ယင်းခမောက်တံဆိပ် အား ပြန်လည်အသုံးပြုခဲ့သည်။သို့သော် ၂ဝ၁ဝ ရွေးကောက် ပွဲမတိုင်မီကNDFပါတီအား ယင်း တို့၏ ခမောက် သင်္ကေတအား အသုံး မပြုရန်NLDပါတီက ကန့်ကွက်ခဲ့ သော်လည်း ရွေးကောက်ပွဲကော်မ ရှင်က့်NDFပါတီအား အနိုင်ပေးခဲ့ သည်။

”လူထုအားလုံးက ခမောက် ဆောင်းတာဆိုတော့ လူထုလက္ခဏာ ဆောင်လို့ သုံးတာပါ။ သူတို့ ကန့် ကွက်တုန်းက ကျွန်တော်တို့က တရားဝင်ရွေးကောက်ပွဲဝင်တဲ့အ တွက်ကော်မရှင်က ကျွန်တော် တို့ကို အနိုင်ပေးလိုက်တာထင်တယ်။ အဲဒီ အချိန်မှာ သူတို့ရွေးကောက်ပွဲဝင်ရင် သူတို့နိုင်မှာပါ”ဟုဦးခင်မောင်ဆွေ က ဆက်လက်ပြောသည်။

NLDပါတီ၏ ကြေညာချက် တွင် ၄င်းတို့၏ပါတီအနေဖြင့် ၁၉၈၈ ပါတီတည်ထောင်စဉ်အချိန်က ပါတီ အလံတော်တံဆိပ်အား သတ်မှတ် အသုံးပြုခဲ့သော်လည်း ပါတီသင်္ကေတ မထားရှိခဲ့ကြောင်း၊ ၁၉၉ဝ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဝင်ရန် ပြင်ဆင်သောအခါ ကော်မရှင်က ရွေးကောက်ပွဲတွင် သုံးစွဲမည့်မဲပြား၏ လိုအပ်ချက်အရ ပါတီသင်္ကေ တထားရှိရမည်ဟု ပြော ကြားခဲ့ကြောင်း၊ ယင်းအတွက် ထိုစဉ်က ဗဟိုအလုပ်အမှုဆောင် အဖွဲ့ အတွင်းရေးမှူးဦးချစ်ခိုင်(ကွယ် လွန်)နှင့်ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးကျော်မင်း(ဗိသုကာကျော် မင်း)(ကွယ်လွန်)တို့ ကော်မရှင်သို့ သွားရောက်ကာ ယင်းခမောက်တံ ဆိပ်ကို သင်္ကေတအဖြစ် ရွေးချယ် ခဲ့ကြောင်း၊

ခမောက်တံဆိပ်မှာ NDF  ၏ ရင်ထိုးနှင့်အလံတော်ကဲ့သို့ မူလဇာစ်မြစ်မဟုတ်ဘဲမဲဆန္ဒရှင်ပြည် သူများ မဲပေးရာ၌ လွယ်ကူစေရန် ရွေးချယ်သတ်မှတ်ပေးခဲ့ခြင်းဖြစ် ကြောင်း၊ သို့သော် ခမောက်တံဆိပ် နှင့် NLD အား တွဲလျက်မှတ်သားမိ စေရန် မဲဆွယ်စည်းရုံးဟောပြောနိုင်ခဲ့ ၍ ရွေးကောက်ပွဲတွင်မဲအပြတ်အ သတ်ဖြငဖ့် နိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ သည်။

ထို့အပြင် ယင်းကြေညာချက် တွင် ၂ဝ၁ဝ ပြည့်နှစ်ရွေးကောက်ပွဲ ၌ NLD ပါတီသည် ပါတီမှတ်ပုံမတင် သလို ရွေးကောက်ပွဲလည်း မဝင်ခဲ့ ကြောင်း၊NDF ပါတီ က ရွေးကောက် ပွဲဝင်ရောက်ကာ ကော်မရှင်သို့ မှတ်ပုံတင်ရာခမောက်တံဆိပ်ကို သုံးစွဲမည်ဖြစ်ကြောင်း ကြေညာခဲ့သဖြငNLD က ခမောက်တံဆိပ်သည် ၁၉၉ဝ   ရွေးကောက်ပွဲအနိုင်ရစဉ်က သုံးစွဲခဲ့သဖြင့် မဲဆန္ဒရှင်များအကြား ထင်ယောင်ထင်မှားဖြစ်စေနိုင်ပါ၍ ကန့်ကွက်ခဲ့ကြောင်း၊

 ယခုတိုင် NDF နှင့်ခမောက်တံဆိပ်တွဲလျက် ထင်ယောင်ထင်မှားရှိနေသေး ကြောင်း၊ မကြာမီရက်ပိုင်းအတွင်း ကလည်း ခမောက်သုံးလုံးတံဆိပ် ဖြင့် အမျိုးသား ဒီမိုကရေစီပါတီသစ် တစ်ခုပေါ်လာကြောင်း၊ ယင်းအတွက် NLDပါတီက ပါတီ၏တံဆိပ်ကို အနီရောင်အောက်ခံတွင်အဖြူရောင်  ကြယ်နှင့် ရွှေရောင်ဒေါင်းပုံ၊အဖြူရောင်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်စာတန်း စသည်ဖြင့်ပါတီအမှတ် တံဆိပ်ကိုတရားဝင်ထုတ်ပြန်ခဲ့သည်။NLDပါတီသည် လာမည့် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်အရွေးချယ်ခံမည်ဖြစ်ပြီး ပါတီအားမှတ်ပုံတင်ထားပြီးဖြစ် သည်။

No comments:

Post a Comment