Friday, December 16, 2011

မြန်မာ့ကုန်များမှ တလလျှင် ဘင်္ဂလာ ၇၂၀၀၀၀၀၀ တာကာ နိုင်ငံတော်ဝင်ငွေ ရရှိရန်သတ်မှတ်ထား


ဂစ္ဆပသတင်းဋ္ဌာန
ဒီဇင်္ဘာလ(၁၆)ရက်၊ ၂၀၁၁၊ ရခိုင်စံတော်ချိန် ညနေ (၄)နာရီ။

မြန်မာ့ကုန်များမှ တလလျှင် ဘင်္ဂလာ ၇၂၀၀၀၀၀၀ တာကာ နိုင်ငံတော်ဝင်ငွေ ရရှိရန်သတ်မှတ်ထား

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အနေဖြင့် မြန်မာမှ တင်ပို့လာသည့် ကုန်များမှ နိုင်ငံတော် အခွန်ကောက်ဝင်ငွေကို ကော့စ်ဘဇားခရိုင် တာခ်နာဆိပ်ကမ်းတခုတည်းမှ တလလျှင် ၇၂၀၀၀၀၀၀ တာကာ ရရှိရန် မျှော်လင့်ထားကြောင်း သက်ဆိုင်ရာ ကာစ္စတင်က ထုတ်ဖေါ်ပြောဆိုလိုက်သည်။

အဆိုပါ တာခ်နာဆိပ်ကမ်း တာဝန်ရှိ ကာစ္စတင်က “နိုဝင်္ဘာလက သတ်မှတ်ထားတဲ့ နိုင်ငံတော်ဝင်ငွေကနေ ၂၃၉၇၆၂၉၂ တာကာ လျော့ဆင်း သွားပါတယ်၊ ၄၈၀၂၃၇၀၀ တာကာ ကောက်ခံရရှိပါတယ်။”ဟု ဂစ္စပသတင်းဋ္ဌာနသို့ အတည်ပြုပြောသည်။

ဆက်လက်ပြီးသူက “အောက်တိုဘာလအတွင်းက မြန်မာ့တင်ပို့ကုန်များအထဲက ၇၃၁၈၀၀၀၀ တာကာ နိုင်ငံတော်အတွက် အကောက်အခွန်ငွေ ရရှိပါတယ်။”ဟု ဖုံးမှတဆင့် ဘင်္ဂလီဘာသာစကားဖြင့် ပြောသည်။ 

မြန်မာမှ ဘင်္ဂလာသို့ တင်ပို့သည့်ကုန်များမှာ ငါးခြောက်မျိုးစုံ၊ အိမ်မွေးတိရစ္ဆာန်များ၊ ၀ါး၊ ငါးစမ်း၊ အာဒါ၊ ကွမ်းသီး၊ မဆာလာ၊ ဈေးယုံစုံ၊ ဈေးသီးခြောက်၊ မကျဉ်းသီး၊ ပဲအမျိုး၊ အ၀တ်အထည်၊ ဆန်၊ စပါး၊ သစ်နှင့် တခြားကုန်ပစ္စည်းများ ပါဝင်ကြောင်း ပြောခွင့်ရ ကာစ္စတင်မှ ရှင်းပြသည်။

ဘင်္ဂလာမှ မြန်မာသို့ တင်ပို့ကုန်များမှာ အယ်လိုမီနီယန်၊ ဘိလပ်မြေ၊ ဓါတ်မြေသြဇာနှင့် တခြားပစ္စည်းများ တင်ပို့သည်။ သို့သော် တင်ပို့ကုန် အရေအတွက်နှုန်းထားမှာ မြန်မာနှင့်နှိုင်းယဉ်လျှင် ၉၀ ရာခိုင်နှုန်းအထိ ကွာဟမှုရှိနေသည်ကို တွေ့ရသည်။

လွန်ခဲ့သော နိုဝင်္ဘာလအတွင်းက နိုင်ငံတော်အကောက်အခွန်ဝင်ငွေ လျော့ဆင်းသွားခဲ့ခြင်းနှင့် ပတ်သက်လို့ တာခ်နာ ဆိပ်ကမ်း အကောက်အခွန်အရာရှိ အာနိုယာရ် မာဆူမ်က “မြန်မာက နိုဝင်္ဘာလအတွင်းမှာ အဓိက သစ်နဲ့ ငါး တင်ပို့မှုနည်းတာက အမျိုးသား ဘဏ္ဍာအကောက်အခွန်ငွေ လျော့ဆင်းသွားခြင်းဖြစ်တယ်။”ဟုဆိုသည်။

မြန်မာ-ဘင်္ဂလာဒေ့ခ်ျနှစ်နိုင်ငံအကြား အကျိုးတူ နှစ်နိုင်ငံကုန်သွယ်ရေးစာချုပ်ကို လွန်ခဲ့သော ၁၉၉၇ ခု၊ စက်တင်္ဘာလ (၅)ရက်နေ့က နှစ်နိုင်ငံအကြီးအကဲများ ချုပ်ဆိုခဲ့သည်။ ဘင်္ဂလာဒေ့ခ်ျနိုင်ငံအနေဖြင့် ၁၉၉၇ ခုမှ ၂၀၀၁ ခုနှစ်အတွင်း အဆိုပါ တာခ်နာဆိပ်ကမ်းမှ တနှစ်လျှင် တာကာငွေ ၁ ကုဋေကျော် နိုင်ငံတော်အကောက်အခွန် ရရှိခဲ့ကြောင်း၊ ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ တနှစ်လျှင် တာကာ ကုဋေ ၆၀ ကျော်ရရှိခဲ့ကြောင်းနှင့် ၂၀၀၆ ခုနှစ်မှ ယခုအချိန်ထိ မြန်မာ့ပို့ကုန်ကြောင့် တနှစ်လျှင် တာကာ ကုဋေ ၁၅၀ နီးပါးအထိ နိုင်ငံ တော်အမျိုးသား ရံပုံငွေရရှိနေကြောင်း ဒေသထုတ်သတင်းများကဆိုသည်။

မြန်မာနိုင်ငံမှ ဘင်္ဂလာသို့ ကုန်တင်ပို့သည့် စက်ဘုတ်များမှ တချို့ကုန်သည်များမှာ တာခ်နာဆိပ်ကမ်းတွင် နည်းမျိုးစုံ အသတ်ခံရမှုများ ရှိကြောင်းနှင့် လိမ်လည်ခံရမှုများရှိကြောင်း စုံစမ်းသိရှိရသည်။

No comments:

Post a Comment