Friday, December 2, 2011

တောင်ကိုးရီးယား မြန်မာတွင် ရင်းနှီးမြှုပ်နှံမှု ယခင်ထက် (၁၀)ဆတိုးမြင့်လာ


ဂစ္ဆပသတင်းဋ္ဌာန
ဒီဇင်္ဘာလ(၃)ရက်၊ ၂၀၁၁၊ ရခိုင်စံတောင်ချိန် နံက် (၁)နာရီ။

တောင်ကိုးရီးယား မြန်မာတွင် ရင်းနှီးမြှုပ်နှံမှု ယခင်ထက် (၁၀)ဆတိုးမြင့်လာ

နှစ်အတန်ကြာ ဥရောပနှင့် အမေရိကန် ပြည်ထောင်စုတို့၏ စီးပွားရေး ပိတ်ဆို့မှုချက်မှတ်ထားသော မြန်မာနိုင်ငံတွင် စစ်အုပ်စု လူဝတ်လဲ အပြောင်းအလဲအကြား အမေရိကန်ပြည်ထောင်စု အပါအ၀င် နိုင်ငံတကာမှ ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ရန် အထူးစိတ်ဝင်စားမူတွင် တောင်ကိုးရီးယားသမ္မတနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ (၁၀)ဆကျော်ကို ပြီးခဲ့သည့် (၄)လအတွင်းက တိုးမြင့်လာကြောင်း ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်တွင် ကျင်းပခဲ့သည့် မြန်မာ-ကိုးရီးယား စီးပွားရေး လုပ်ငန်းရှင်များ ဆွေးနွေးပွဲမှ သတင်းရရှိသည်။

မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဋ္ဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဒေါက်တာ ပွင့်ဆန်းက ကိုးရီးယားတို့သည် ယခုအခါ မြန်မာနိုင်ငံတွင် စတုတ္တမြောက် ရင်းနှီးမြှုပ်နှံမှု အများဆုံး နိုင်ငံအဖြစ် ရပ်တည်နေပြီး မြန်မာနိုင်ငံရှိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၏ (၈)ရာခိုင်နှုန်းကျော်ကို ရင်းနှီးမြှုပ်နှံလုပ်ကိုင်လျှက်ရှိကြောင်း ထုတ်ဖေါ်ပြောကြားလိုက်သည်။

၂၀၁၁ ခုနှစ်အတွင်း ကိုးရီးယားနိုင်ငံမှ ကုမ္မဏီ စုစုပေါင်း (၄၇)ခုသည် မြန်မာနိုင်ငံတွင် ဒေါ်လာသန်းပေါင်း (၂၉၅၃)သန်း ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေပြီး အထူးစီးပွားရေးဇုန် ဥပဒေနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေများ ထွက်ပေါ်လာပါက ယခုထက် တိုးတက်မည့် အလားအလာများစွာရှိကြောင်း မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဋ္ဌာန ဒုဝန်ကြီးက ပြောကြားသည်။

ယခုအခါ ကိုးရီးယားသမ္မတနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များ မြန်မာနိုင်ငံသို့ ရောက်ရှိကာ အပြန်အလှန်ဆွေးနွေးလျှက်ရှိပြီး၊ မြန်မာနိုင်ငံ၏ သတ္ထုတွင်းနှင့် စွမ်းအင်ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလျှက်ရှိသည်ဟု ကိုးရီးယား ကိုယ်စားလှယ်များထံမှ သိရှိရသည်။ ထို့ပြင် ဘင်္ဂလာ၊ တရုတ်၊ အိန္ဒိယ၊ ထိုင်းနှင့် တချို့နိုင်ငံများမှာလည်း မြန်မာတွင် စီးပွားရေးအရ ရင်းနှီးမြှုပ်လိုကြောင်း ကမ်းလှမ်းလျှက် ရှိသေးသည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွင် ယခုနှစ် ဇွန်လအထိ အစိုးရ တရားဝင် စာရင်းများအရ ဒေါ်လာသန်းပေါင်း (၉၆၀၃)သန်းဖြင့် တရုတ်နိုင်ငံက အများဆုံးအဖြစ် ရပ်တည်နေပြီး ထိုင်းနိုင်ငံက ဒေါ်လာသန်းပေါင်း (၉၅၆၈)သန်းဖြင့် ဒုတိယနှင့် ဟောင်ကောင်က (၆၃၀၈)သန်းဖြင့် တတိယအသီးသီး ရပ်တည်လျှက်ရှိသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုများကို ကြိုဆိုကြောင်းနှင့် ကိုးရီးယား သမ္မတနိုင်ငံ၏ ပြောင်းလဲမှုဖြစ်စဉ်များနှင့် အလားသဏ္ဍန် တူသည်ဖြစ်၍ အနီးကပ်ပူးပေါင်း ဆောင်ရွက်ရန် အဆင်သင့်ရှိကြောင်း၊ မကြာမီထွက်ပေါ်လာမည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေကိုလည်း ကိုးရီးယားလုပ်ငန်းရှင်များက စောင့်ကြည့်လျှက်ရှိကြကြောင်း မြန်မာ-ကိုးရီးယား စီးပွားရေး ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ ကိုးရီးယား သမ္မတနိုင်ငံ သံအမတ်ကြီးက ပြောကြားသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့လူဦးရေ အများဆုံး နိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလာ သုံးနိုင်ငံတို့အကြား ရှိနေပြီး ကမ္ဘာ့လူဦးရေ အထူထပ်ဆုံး ဘင်္ဂလာဒေ့ခ်ျနိုင်ငံနှင့် တိုးတက်ဖွံ့ဖြိုးစလာနေသော ထိုင်းနှင့် လာအိုနိုင်ငံတို့ကိုပါ ရေတွက်ပါက ကမ္ဘာ့လူဦးရေ (၄၁) ရာခိုင်နှုန်းနှင့် နယ်နမိတ် ထိစပ်ကာ အလွယ်တကူ ကုန်သွယ်နိုင်သည့် အခြေအနေများ ရှိနေသည်။

No comments:

Post a Comment