Sunday, December 4, 2011

တောင်ကုတ်နှင့်သံတွဲတွင် မီးရရှိရေး (၂၄)နာရီ ဆက်လက်လှုပ်ရှား

ရက်စွဲ။  ။၂ဝ၁၁ ခုနှစ် ဒီဇင်ဘာ()ရက်။

ရခိုင်ဂက်(စ်)ဖြင့် ချက်ချင်း ၂၄ နာရီလျှပ်စစ်မီးရရှိရေး  တောင်းဆိုမှုကို တောင်ကုတ်နှင့်သံတွဲတွင် ဆက်လက်လှုပ်ရှား

“ငါတို့ရွှေဂက်(စ်)ကို ငါတို့သုံးခွင့်ရှိရမည်။ အခုချက်ချင်း ၂၄ နာရီမီးပေးပါ”

ယနေ့ ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာ လ(၅) ရက်နေ့ တွင်  ရခိုင်ကမ်းလွန်မှ ထွက်ရှိသော ရွှေသဘာဝဓါတ်ငွေ့ဖြင့် ရခိုင် ပြည်အဝန်း ၂၄ နာရီလျှပ်စစ်မီးရရှိရေး ပိုစတာ ကပ်၊ဖြန့်၊ကြဲ လှုပ်ရှားမှုများ ကို  ၂၄ နာရီလှုပ်ရှားမှုအင် အားစု-ရခိုင်ပြည် (24 Hours Action Groups-Rakhine State)ကဦးဆောင်ပြီး ရခိုင်ပြည်နယ် တောင်ဂုတ် နှင့် သံတွဲ မြို့နှစ်မြို့တွင်လုပ်ဆောင်လိုက်သည်။
ရခိုင်ကမ်းလွန်မှ တရုတ်နိုင်ငံထိ ကီလီုမီတာ (၂၈ဝဝ) ရှည်လျှားသည့် တရုတ်-မြန်မာ ဓါတ်ငွေ့ပိုက်လိုင်းကြီး အများမကြာမီ ၂ဝ၁၃ ခုနှစ်တွင် ပြီးစီး တော့မည်။မျက်တောင်တခတ်၊လျှပ်တပြက်သာလိုတော့သည်။ ပြီးစီးသည်နှင့်တပြိုင်နက် ရခိုင်ကမ်းလွန် A1/A3 လုပ်ကွက်များမှ ထွက်ရှိသည့်သဘာဝဓါတ်ငွေ့ ကို ဓါတ်ငွေ့ထွက်ရှိရာ ရခိုင်ပြည်နယ် ဖွံဖြိုးတိုးတက်ရေး ကဏ္ဍများတွင် အနည်းငယ်မျှ အသုံးမပြုဘဲ တစ်နှစ်လျှင် သဘာဝဓါတ်ငွေ့ပမာဏ ၁၂ ဘီလီယံ ကုဗမီတာ ခန့် ကို တရုတ်နိုင်ငံ သို့နှစ်ပေါင်း (၃ဝ)ကြာအောင်ထိ တင်ပို့ ရောင်းချ မည်ဖြစ်သည်။
စွမ်းအင်ဝန်ကြီး ဦးသန်းဌေး ကလည်း အဆိုပါ သဘာဝဓါတ်ငွေ့ကို ရခိုင်ပြည်နယ်တွင် အသုံးပြုမည်မဟုပ် ကြောင်းကို စက်တင် ဘာလ(၂၇)ရက်နေတွင် လွှတ်တော်ထဲ၌ အတိအလင်းထုပ်ဖေါ် ပြောကြား ထားပြီးဖြစ် သည်။ ကျွန်တော်တို့ ပြည်နယ်က ထွက်ရှိသော သဘာဝဓါတ်ငွေ့ကို  ဖွံဖြိုးတိုးတက်မှုအနှေးကွေးဆုံး နှင့် ကျောမွဲပြာကျ ဖြစ်နေသော ကျွန်တော်တို့ ရခိုင်ပြည်နယ်အတွင်း အနည်း ငယ်မျှ အသုံးမပြုနိုင်ဟု စွမ်းအင်ဝန်ကြီး၏ ယတိပြတ်တုန့်ပြန်ချက်မှာ ရခိုင်ပြည်နယ်၏ ဖွံဖြိုးတိုးတက်မှုအခွင့်အရေး နှင့် ကျွန်တော်တို့၏အခြေခံရပိုင်ခွင့် ကို လက်လွတ်စံပယ် လျှစ်လျှူရှု ပြီး စော်ကား လိုက်ခြင်းပင်ဖြစ်သည်။
တဖန် မိမိတို့ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၄နာရီလျှပ်စစ်မီးရရှိရေး  ကြိုးပမ်းလှုပ်ရှား မှုများကိုလည်း အာဏာပိုင်များကနည်းမျိုးစုံဖြင့် ဖြိုခွင်းရန်ကြိုးပမ်းလာသည်။ မကြာသေးမီက ရခိုင်ပြည်နယ်တွင်း ၂၄ နာရီလျှပ်စစ်မီးရရှိရေးအတွက် ငြိမ်းချမ်းစွာ တောင်းဆိုလှုပ်ရှားသူများကို ဖမ်းဆီး၊စစ်ဆေး၊ခြိမ်းခြောက်မှု နှင့် ပိုင်ဆိုင်မှုများကို သိမ်းပိုက်မှု စသည့် လုပ်ရပ်များကို ကြည့်ရှုခြင်းဖြင့် ရခိုင်ပြည်သူများမှာ ဖေါင်စီယင်း ရေငတ်ရသည် သာမက ဖေါင်ပေါ် ကပါ ကန်ချခံနေရ သည့် အဖြစ်မျိုးနှင့် ရင်ဆိုင်နေရသည်ဟု ကျွန်တော်တို့ ယုံကြည်သည်။
မည်သို့ပင် ဖိနှိပ်ချုပ်ချုယ်မှု၊ခြိမ်းခြောက်မှု၊ဖမ်းဆီးချုပ်နှောင်မှု မျိုးကို ရင်ဆိုင်ရစေကာမှု ကျွန်တော်တို့ ၂၄ နာရီအင်အားစု-ရခိုင်ပြည်(24-Hours Action Groups-Raknine State) မှ ရခိုင့်ဂက်(စ်)ဖြင့် ရခိုင်ပြည်နယ် အဝန်း ကျေးလက်၊မြို့ပြ ၂၄ နာရီလျှပ်စစ်မီးရရှိရေး ကို နည်းလမ်းမျိုးစုံဖြင့် အချိန်နှင့်တပြေးညီ ဆက်တိုက် တောင်းဆိုတိုက်ပွဲ ဝင်သွားမည်ဖြစ်သည်။
တောင်ကုတ်နှင့်သံတွဲမြို့များတွင် လှုပ်ရှားမှု ဓါတ်ပုံများကို attach files တွင် ရယူနိုင်ပါသည်။

၂၀၁၁ ခုနှစ် အတွင်း ရခိုင်ဂက်(စ်)ဖြင့် ချက်ချင်း ၂၄ နာရီလျှပ်စစ်မီးရရှိရေး  လှုပ်ရှားမှုနှင့်ပက်သက်ပြီး မီဒီယာများ၊ နိုင်ငံရေးခေါင်းဆောင်များ ပြောကြားချက်များနှင့် အသေးစိတ်အချက်အလက်များကို ပူးတွဲဖိုင်တွင် ရယူနိုင်ပါသည်။

၂၄ နာရီလှုပ်ရှားမှုအင်အားစု(ရခိုင်ပြည်)
24 Hours Action Groups-Rakhine State
ဆက်သွယ်ရန်- 24.basic.rights@gmail.com

No comments:

Post a Comment