Thursday, December 1, 2011

အငြင်းပွားနေသည့် ပစိဖိတ်သမုဒ္ဒရာတွင် တရုတ်ရေတပ် စစ်ရေးလေ့ကျင့်မည်


ဂစ္ဆပသတင်းဋ္ဌာန
ဒီဇင်္ဘာလ (၂)ရက်၊ ၂၀၁၁၊ ရခိုင်စံတော်ချိန် နံက်(၁၂)နာရီ။

အငြင်းပွားနေသည့် ပစိဖိတ်သမုဒ္ဒရာတွင် တရုတ်ရေတပ် စစ်ရေးလေ့ကျင့်မည်

တရုတ်ရေတပ် စစ်ရေးလေ့ကျင့်မှုတရပ်ကို များမကြာမီ အငြင်းပွားနေသည့် ပစိဖိတ်သမုဒ္ဒရာအတွင်း၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း တရုတ် ကာကွယ်ရေးဝန်ကြီးဋ္ဌာနမှ ထုတ်ပြန်ချက်အရ သိရှိရသည်။

ပစိဖိတ်သမုဒ္ဒရာ အတွင်းရှိ နိုင်ငံများနှင့် ရေကြောင်းနယ်နမိတ် ပိုင်ဆိုင်မှုများနှင့် ပတ်သက်၍ အငြင်းပွားမှုများရှိနေသော်လည်း တရုတ်ရေတပ်အနေဖြင့် စစ်ရေးလေ့ကျင့်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြသွားခဲ့ခြင်းဖြစ်သည်။

ရေတပ်စစ်ရေး လေ့ကျင့်မှုများမှာ သမာရိုးကျဖြစ်ကြောင်းနှင့် မည်သည့်နိုင်ငံကိုမှ ရည်ရွယ်ခြင်းမရှိကြောင်း တရုတ်ကာကွယ်ရေး ၀န်ကြီးက ရှင်းလင်းပြောကြားသွားကြောင်း သတင်းများတွင် ဖေါ်ပြချက်အရ သိရှိရသည်။

အမေရိကန်နိုင်ငံအနေဖြင့် အဆိုပါတရုတ် ရေတပ်စစ်ရေးလေ့ကျင့်မှုနှင့် ပတ်သက်၍ မည်သို့မျှ ပြဿနာများ မရှိကြောင်း အမေရိကန် စစ်ဋ္ဌာနချုပ် ပင်တဂွန် ပြောရဲဆိုခွင့်ရှိသူက မှတ်ချက်ပေးကြောင်း အင်တာနက် သတင်းများမှ သိရှိရသည်။

မိမိနိုင်ငံ၏ ပင်လယ်ရေကြောင်းအတွင်း လွတ်လပ်စွာ သွားလာခွင့်နှင့် အခြားသော တရားဝင်အခွင့်အရေးများကို တားဆီးပိတ်ပင်း ခွင့်မရှိကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဋ္ဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါကျွန်းအနီး အပြည်အပြည်ဆိုင်ရာ ရေပြင်၌ တရုတ်စစ်သင်္ဘော (၆)စီးတွေ့ရှိရကြောင်း ဂျပန် ကာကွယ်ရေး အရာရှိများက ယခုအတိုးအတွင်း ပြောကြားလိုက်သည်။

တရုတ်နိုင်ငံသည် တောင်တရုတ် ပင်လယ်ဒေသအတွင်းရှိ ဖိလစ်ပိုင်၊ ဗီယက်နမ် စသည်နိုင်ငံများနှင့် နယ်မြေပိုင်ဆိုင်မှု အငြင်းပွား လျှက်ရှိသည်။ အာရှပစိဖိတ်ဒေသအတွင်းရှိ အမေရိကန်တပ်ဖွဲ့ဝင်များ တည်ရှိမှုကို တိုးမြင့်သွားမည်ဖြစ်ကြောင်း၊ သြစတြေးလျနိုင်ငံ မြောက်ပိုင်း၌လည်း ရေတပ်ဖွဲ့ဝင်များ အခြေစိုက်သွားမည်ဖြစ်ကြောင်း အမေရိကန် သမ္မတ ဘားရက် အိုဘားမားက လွန်ခဲ့သည့် အပတ်က ပြောကြားသွားခဲ့သည်။

အာရှပစိဖိတ်ဒေသအတွင်း အမေရိကန်တပ်ဖွဲ့ဝင်များ တိုးချဲ့တပ်စွဲလျက်ရှိခြင်းကြောင့် ဒေသအတွင်း လွှမ်းမိုးနိုင်ရန် တရုတ်နိုင်ငံ၏ ကြိုးပမ်းမှုများအပေါ် စိန်ခေါ်မှုများ ပေါ်ပေါက်လျှက်ရှိကြောင်း လေ့လာသုံးသပ်သူများက မှတ်ချက်ပြု ပြောကြားနေကြသည်။

တရုတ်နိုင်ငံ အနေဖြင့် ကမ္ဘာ့နိုင်ငံများ အများအပြားအတွင်း စီးပွားရေးအရသော်လည်းကောင်း၊ လူဦးရေအရသော်လည်းကောင်း၊ နိုင်ငံရေးနှင့် စစ်ရေးအရသော်လည်း တဖြည်းဖြည်း တိုးမြင့်ပြီး ကျယ်ပြန့်စွာ လုပ်ဆောင်လာနေမှုမှာ ယခုအခါ မြန်မာနိုင်ငံ အနောက် ဘက်ရှိ ရခိုင်ပြည်အတွက် ကြောက်လန့်စရာကောင်းနေသည်။

No comments:

Post a Comment