Monday, December 5, 2011

ဘင်္ဂလီအကျဉ်းသား (၃၅)ဦး မြန်မာလွှတ်ပေးဟု ဘင်္ဂလာပြော


ဂစ္ဆပသတင်းဋ္ဌာန
ဒီဇင်္ဘာလ(၅)ရက်၊ ၂၀၁၁၊ ရခိုင်စံတော်ချိန် ညနေ(၆)နာရီ။

ဘင်္ဂလီအကျဉ်းသား (၃၅)ဦး မြန်မာလွှတ်ပေးဟု ဘင်္ဂလာပြော

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ၀န်ကြီးချုပ် ရှိတ်ခ် ဟားဆီးနာ ယနေ့မြန်မာသို့ မသွားရောက်မီ မြန်မာတွင် အကျဉ်းကျနေသည့် ဘင်္ဂလီ (၃၅)ဦးကို သက်ဆိုင်ရာမှ တနင်္ဂနွေနေ့က လွှတ်ပေးလိုက်ကြောင်း ဘင်္ဂလာသတင်းများက ပြောသည်။  

စစ်အုပ်စုတပ်ဖွဲ့ နစကအနေဖြင့် အကျဉ်းသားဘင်္ဂလီ (၃၅)ဦးကို လွန်ခဲ့သော ကြာသပတေးနေ့ကတည်းက ဘူးသီးတောင် ထောင်မှ ယူဆောင်လာခဲ့ပြီး ယမန်နေ့က သက်ဆိုင်ရာသို့ လွှဲပြောင်းခြင်းဖြစ်ကြောင်း ယနေ့ဒေသထုတ် SAMUDRABARTA သတင်းစာနှင့် www.samudrakanthanews.com တို့တွင် ဖေါ်ပြထားသည်။

ယခုအခါ စစ်အုပ်စု-ဘင်္ဂလာ ဆက်ဆံရေး အခြေအနေမှာ ယခင်ကထက် ချစ်ကြည်ရေး တိုးမြင့်လာနေပြီး ဘင်္ဂလာအနေဖြင့် မြန်မာတွင် စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် အထူးသွားရောက် ချဉ်းကပ်လျှက်ရှိနေသည်။

ယနေ့ ဘင်္ဂလာဝန်ကြီးချုပ် ရှိတ်ခ် ဟားဆီးနာသည် စစ်အုပ်စု အကြီးအကဲ ဦးသိန်းစိန်နှင့် တွေ့ဆုံရန် မြန်မာသို့ ညနေ (၄း ၃၀)မိနစ်တွင် ရောက်ရှိလာပြီး မြန်မာနိုင်ငံတွင် (၃)ရက် နှစ်နိုင်ငံအရေး နိုင်ငံရေး-စစ်ရေးနှင့် စီးပွားရေးကိစ္စများအတွက် ဆွေးနွေးသွားမည်ဟု သတင်း ရရှိသည်။

လွန်ခဲ့သည့် နိုဝင်္ဘာလ(၂၄-၂၅)ရက်နေ့များက စစ်အုပ်စု ဒုစစ်ခေါင်းဆောင် အကြီးအကဲ စိုးဝင်း ဘင်္ဂလာ ကော့စ်ဘဇားမြို့ ရခိုင်ဒေသသို့ လာရောက်ခြင်းမှာ ယခုကဲ့သို့ နှစ်နိုင်ငံ အဆင့်မြင့်ဆွေးနွေးရန် အစပြုလာရောက်ခြင်းဖြစ်ကြောင်းနှင့် လာမည့်နှစ်အစပိုင်းတွင် ဒီမိုကရေ စီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဘင်္ဂလာသို့ နိုင်ငံရေးအရဆွေးနွေးဖို့ လာရောက်ရန် အစီအစဉ်များ ရှိနေသေးကြောင်း နိုင်ငံရေး သပ်သုံးသူများက ဂစ္ဆပသို့ပြောသည်။

စစ်အုပ်စု-ဘင်္ဂလာ နှစ်နိုင်ငံမှ သက်ဆိုင်ရာ အရာရှိများအနေဖြင့် မြန်မာနိုင်ငံသား အကျဉ်းသား (၁၉)ဦးနှင့် ဘင်္ဂလီအကျဉ်းသား (၂၂)ဦး တို့ကို စနေနေ့က အပေးအယူပြုလုပ်ခဲ့ကြောင်း ဒေသထုတ် သတင်းများက ဆိုသည်။

No comments:

Post a Comment