Saturday, August 4, 2012

““မီဒီယာဖိနှိပ်မှု ချက်ချင်းရပ်၊Stop Killing Press”” စာတန်းပါ တီရှပ်အနက်ရောင်များကိုဝတ်ဆင်လမ်းလျှောက်

PostDateIconSaturday, 04 August 2012 07:41 | PostAuthorIconWritten by uzinblue | Print
ယနေ့နေ့လည်မွန်းလွဲ (၁၁) နာရီမှစတင်ကာ လူငယ်ဂျာနယ်လစ် ၆၀
ကျော်စုစည်းကာ ပိတ်ပင်ခံထားရသော The VOICE သတင်းဂျာနယ်
နှင့် ENVOY ဂျာနယ်တို့ထံသွားရောက်ကာ ကျမတို့သည် ပိတ်ပင်ခံရ
သောဂျာနယ်များနှင့်တစ်သားတည်း၊တစ်ထပ်တည်းရှိနေကြောင်း
အားပေးခဲ့ကြကြောင်းလိုက်ပါဆန္ဒထုတ်ဖေါ်ခဲ့သော သတင်းထောက်
တစ်ဦးကပြောသည်။ယနေ့ ( သြဂုတ်လ၊ ၄ ရက်) နံနက်ပိုင်းက
ပြုလုပ်သော စာနယ်ဇင်းသမားများ၏ "မီဒီယာဖိနှိပ်မှု ရပ်" လှုပ်ရှားမှုတွင်
မင်းကိုနိုင်ဦးဆောင်သော ၈၈မျိုးဆက်ကျောင်းသားများ ပူးပေါင်းပါဝင်
ခဲ့ကြောင်းသိရသည်။
မီဒီယာဇိနှိပ်မူချက်ချင်းရပ် (Stop Killing Press) စာတန်းပါတီရှပ်အနက်ရောင်များဖြင့် သတင်းထောက်များလမ်းလျှောက် ဆန္ဒပြလျှက်ရှိသည်။
သတင်းသမားညီအစ်ကိုမောင်နှမများခင်ဗျာ.....

သြဂုတ်လ ၄ ရက်နေ့၊ စနေနေ့တွင် သတင်းမီဒီယာအသီးသီးမှ သတင်းသမားများစုပေါင်း၍ ““မီဒီယာဖိနှိပ်မှု ချက်ချင်းရပ်၊
Stop Killing Press”” စာတန်းပါ တီရှပ်အနက်ရောင်များကိုဝတ်ဆင်ကြမည်ဖြစ်ပါသည်။

အဆိုပါတီရှပ်များကို ၀တ်ဆင်ကာ သတင်းယူကြမည့် အစီအစဉ်ဖြစ်ပါသဖြင့် သြဂုတ်လ ၄ ရက်နေ့၊ စနေနေ့တွင် ရန်ကုန်မြို့၌ ပြုလုပ်မည့်
အခမ်းအနား ငါးခုသို့ တီရှပ်များဝတ်ဆင်ကာတက်ရောက်သတင်းယူပေးကြပါရန် လေးစားစွာမေတ္တာရပ်ခံအပ်ပါသည်။

တီရှပ်များကို အခမဲ့ပေးဝေမည်ဖြစ်ပြီး ထုတ်ယူရမည့်နေရာနှင့် စတင်မည့်စုရပ်မှာ ဗိုလ်အောင်ကျော်လမ်း(အောက်ဘလောက်)ရှိ
အမှတ်(၅၈/၆၀)၊ HOME (House of Media & Entertainment)တွင်ဖြစ်ပါသည်။

စုရပ်သို့ နံနက် ၁၁ နာရီတွင် အရောက်လာပေးကြရန်ဖြစ်ပြီး အခမ်းအနားလမ်းကြောင်းများသို့ သက်ဆိုင်ရာအဖွဲ့ခွဲများနှင့်အတူ
လိုက်ပါသတင်းယူရင်း ပါဝင်နိုင်ပါသည်။

ပွဲလမ်းကြောင်းများမှာ ---
(၁) ဘားလမ်း စီးတီးစတားဟိုတယ်(တာရာမင်းဝေအမှတ်တရကဗျာရွတ်ပွဲ)၊
(၂) ရွှေဂုံတိုင်တော်ဝင်နှင်းဆီခန်းမ(ဆရာဖေမြင့်စာပေဟောပြောပွဲ)
(၃) Orchid ဟိုတယ် (မြန်မာနိုင်ငံသတင်းစာဆရာများအသင်းအလုပ်အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲ)
(၄) Home (ကာတွန်းစိုးသော်တာ စာအုပ်မိတ်ဆက်ပွဲ)
(၅) ၃၂ လမ်းအလယ်ဘလောက် နှင့် မြေနီကုန်းစင်တာ(The Voice Office & Envoy Office)

အခမ်းအနားတက်ရောက်သတင်းယူခြင်းအပါအ၀င် နိုင်ငံတော်အစိုးရထံပေး ပို့မည့် လက်မှတ်များကိုပါ စုဆောင်းသွားမည်ဖြစ်ပါသည်။

သတင်းလွတ်လပ်ခွင့်ကော်မတီ(ယာယီ)

No comments:

Post a Comment