Thursday, August 2, 2012

ဒုတိယအကြိမ် ရခိုင်ပြည်သူများ မစ္စတာ ကင်တင်းနားအား ဆန္ဒထုတ်ဖေါ်ပြသ

Written by သဇင်ဥ    Friday, 03 August 2012 10:15   PDFPrintE-mail
indexရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်သို့ မစ္စတာ ကင်တင်းနား (Tomas Ojea Quintana) ဆိုက်ရောက်ခိုက် ရခိုင်ပြည်သူများက UN အလိုမရှိဟူ၍ ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး အကျဉ်းထောင်ရှေ့တွင် ဗုဒ္ဓဟူးနေ့က ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ် ပြသခဲ့ကြောင်း သိရှိရသည်။ 
ယင်းဆန္ဒထုတ်ဖေါ်ပြသမှုမှာ ရခိုင်ပြည်နယ်အတွင်း UNနှင့် ယင်းလက်အောက်ရှိ INGOနှင့် NGOs များက ဒေသအတွင်း ခွဲခြားဆက်ဆံမှု များကြောင့် အကြမ်းဖက်မှုများ ဖြစ်ပေါ်ရခြင်းကို ထုတ်ဖေါ်ပြသလိုက်ခြင်းဖြစ်ကြောင်း ဘူးသီးတောင်မြို့မှ ကျောင်းဆရာမ တစ်ဦးက ပြောသည်။
 
ကျမတို့ အဓိကဆန္ဒပြရတာက ဒီမှာရှိနေတဲ့ NGOsတွေဟာ ခွဲခြားဆက်ဆံတယ်၊ ပြီးတော့ဘက်လိုက်မှုတွေရှိနေတယ်၊ နောက်တဖက် အားပေးကူညီနေတော့ ကုလားတွေကအားရှိလာပြီး ခုလိုပြဿနာတွေ စဖြစ်ရတာဆိုတာကို UNကိုယ်စားလှယ် ကင်တင်းနားကို ထုတ်ဖေါ်ပြသတာ ဖြစ်ပါတယ်၊ သူ့ကိုပြဿနာစတင်ဖြစ်ပွားတဲ့ အမှန်တကယ် တရားသဖြင့်ကို သိစေချင်တယ်၊ မြင်စေချင်တယ်၊ ဒီမှာက ကုလားအိမ်တအိမ်မှ မီးလောင်တာ သူမမြင်ခဲ့ရဘူး၊ ဘူးသီးတောင် ထောင်ရှေ့ဝမှာ ပြဆန္ဒကြတာပါ၊ လူအင်အားက ၁၀၀ ကျော်လောက် ပါပါတယ်။ ဟု ဆိုသည်။
 
ဘူးသီးတောင်မှာက ရခိုင်အမျိုးသားတွေနဲ့ မတွေ့ခဲ့ဘူး၊ ရခိုင်တွေက တွေ့ပြီးတော့ အမှန်တရားတွေကို တင်ပြပြောဆိုချင်ကြပါတယ်၊ အဲဒီရန်ကုန်က ရောက်နေတဲ့ရှေ့နေ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးတို့တွေ့ခဲ့တယ်၊ မြို့အနောက်ဘက်မှာရှိတဲ့ အကျဉ်းထောင်အတွင်းကနေ ပဋိပက္ခနဲ့ ဆက်နွယ်မှုဖြင့် ဖမ်းဆီးထားတဲ့ NGOs ၀န်ထမ်းတွေဖြစ်တဲ့ ဦးမောင်ခင်ထွေး၊ ဦးစိုးမြင့်နဲ့ မချိုလေးမာတို့ ကုလား ၃ ဦးနဲ့တွေ့ဆုံခဲ့ပါတယ်၊ ဘာတွေဆွေးနွေး ပြောခဲ့ကြတယ်ဆိုတာ မသိဘူး၊ နားထောင်ခွင့်၊ အနားကပ်ခွင့်တောင် မရဘူးဆိုတော့ မသိဘူး အသေးစိပ်ကိုလေ။ ဟု ဆက်လက် ရှင်းပြသည်။
 
မစ္စတာ ကင်တင်းနား မောင်တောမြို့တွင် အမေရိကန်နိုင်ငံသူ ရခိုင်ကျောင်းသူတစ်ဦးနှင့် အင်္ဂါနေ့က တွေ့ဆုံပြောဆိုခဲ့ကြောင်း မြို့ခံတစ်ဦးက ပြောသည်။  

ဘူးသီးတောင်နှင့် မောင်တောမြို့နယ်ရှိ ဒေသခံများ အနေဖြင့် UNမှ မြန်မာနိုင်ငံဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေး ကိုယ်စားလှယ် မစ္စတာ တိုမတ်စ် အိုဂျီ ကင်တင်းနားမှာ အင်္ဂါနှင့် ဗုဒ္ဓဟူးနေ့က ရောက်ရှိလာမှုအပေါ် တွေ့ဆုံရန် ဆန္ဒရှိခဲ့ကြသော်လည်း တွေ့ဆုံမှုမရရှိခဲ့၍ ပိုမိုပြီး UNအပေါ် မယုံသင်္ခါ တင်းမာနေမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ဆိုသည်။

မစ္စတာ ကင်တင်းနား မောင်တောမြို့သို့ အင်္ဂါနေ့က ဆိုက်ရောက်လာပြီး ဒေသခံရခိုင်အမျိုးသားများနှင့် တွေ့ဆုံခြင်း မရှိခဲ့ဘဲ အကြမ်းဖက်မှုကို စတင်ခဲ့သည်ဟု ယူဆရသော မူဆလင်ခေါင်းဆောင် ၅ ဦးအား ခေါ်ယူလက်ခံတွေ့ဆုံပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည်ဟု ဒေသအတွင်း ကောလဟာလ သတင်းများ ထွက်ပေါ်လျက်ရှိနေကြောင်း နစကက ပြောသည်။ 
မစ္စတာ ကင်တင်းနား မောင်တောမြို့သို့ အင်္ဂါနေ့က ဆိုက်ရောက်လာသည့်အချိန်တွင် ဒေသခံ ၂၀၀ ခန့်က ဆိုင်းဘုတ်များကိုင်ဆောင်ပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်ပြသခဲ့မှုအား ကားပေါ်မှ ဓါတ်ပုံမှတ်တမ်းများ ရိုက်ယူသွားခဲ့ကြောင်း မောင်တောမြို့ မျက်မြင်များက ပြောသည်။
မြန်မာအာဏာပိုင်များ အနေဖြင့် ဇွန်လမောင်တောအကြမ်းဖက်မှုတွင် ပါဝင်ပတ်သက်ခဲ့သူ UNHCRမှ ၀န်ထမ်း ၅ ဦးနှင့် NGO၀န်ထမ်း ၂ ဦး စုစုပေါင်း ၇ ဦးတို့အား ဖမ်းဆီးအရေးယူစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။

မောင်တောနှင့် ဘူးသီးတောင်မြို့တို့တွင် ကင်တင်းနား ဆိုက်ရောက်လာခိုက် ဆန္ဒထုတ်ဖေါ်ပြသသော ပိုစတာများထဲတွင် မြန်မာနိုင်ငံတော် အောင်လံတော်ကို လွှင်ထူကိုင်ထားသူများ ပါဝင်ခဲ့ကြောင်း။ နိုင်ငံတော်သမ္မတကြီးဆုံးဖြတ်ချက်ကိုလေးစားပါ။ မြန်မာနိုင်ငံ၏ အချုပ်အချာအာဏာကို လေးစားပါ။ တိုင်းရင်းသားတို့၏ လူအခွင့်ရေးကို လေးစားပါ။ မျှမျှတတဆက်ဆံပါ။ ဟု စာလုံးများရေးသားထားသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားခဲ့ကြကြောင်း သိရှိရသည်။

မစ္စတာ ကင်တင်းနား မြန်မာပြည်တွင် ရှိနေစဉ်အတွင်း စစ်တွေမြို့နယ်တွင် မူဆလင်များက စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ရန် နေရာ ၂ ခုတွင် ကြိုးပမ်းမှု ဖြစ်ပွားရာ စစ်တပ်ကခုခံပစ်ခတ်ခဲ့သဖြင့် မူဆလင် အနည်းဆုံး ၃ ဦး ယမန်နေ့က ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရှိရသည်။ မစ္စတာ ကင်တင်းနားသည် ရန်ကုန်သို့ ယမန်နေ့က ပြန်လည်ထွက်ခွာသွားကြောင်း သိရှိရသည်။
 
မြန်မာနိုင်ငံသို့ သီတင်းတစ်ပတ်ကြာ ရောက်ရှိနေသော ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တင်းနား တနင်္လာနေ့က ရန်ကုန်မြို့တွင် မြန်မာအစိုးရ ၀န်ကြီးအဖွဲ့ဝင်များနှင့် တွေ့ဆုံမေးမြန်းမှုများတွင် ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက် သောင်းကျန်းမှုများမှာ တရားမ၀င် နေထိုင်သူများကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်းနှင့် ရိုဟင်ဂျာလူမျိုးမှာ မြန်မာနိုင်ငံမှ တိုင်းရင်းသားများအတွင်း မပါဝင်ကြောင်း ရှင်းလင်းခဲ့သည်ဟု သိရှိရသည်။
 
အစ္စလာမ်ဘာသာ အဖွဲ့တစ်ဖွဲ့ဖြစ်သည့် Organisation of Islamic Cooperation(OIC) အဖွဲ့က ရခိုင်ပြည်နယ်ရှိ မူဆလင် ဘင်္ဂါလီ ဒုက္ခသည်များအတွက် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများပေးရန် နိုင်ငံတကာ မူဆလင် အသိုင်းအ၀ိုင်းကို ယမန်နေ့က တိုက်တွန်းပြောဆိုထားကြောင်းနှင့် OIC သည် သြဂုတ်လ ၃ ရက်တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ယင်း အကူအညီပေးရေးနှင့် ပတ်သက်ပြီး အစည်းအဝေး တစ်ရပ်ကျင်းပရန်ရှိကြောင်းနှင့် သြဂုတ် ၁၄ ရက်၊ ၁၅ ရက်တွင်လည်း ဆော်ဒီအာရေးဗီးယားနိုင်ငံ မက္ကာ၌ ထပ်မံဆွေးနွေးရန်ရှိကြောင်း Reuters သတင်းတွင် ဖေါ်ပြထားသည်။ ထို့ပြင် OIC က ရခိုင်ပြည်နယ် အရေးနှင့် ပတ်သက်ပြီး လေ့လာ စုံစမ်းရေး ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့ မြန်မာနိုင်ငံသို့ စေလွှတ်ရန် ပြီးခဲ့သည့် ဇူလိုင်လ အတွင်းက စီစဉ်ခဲ့သေးသည်။
http://www.arakantimes.net/burmese/index.php/2012-02-24-06-58-57/339-2012-08-03-03-25-25

No comments:

Post a Comment