Filed under အင်တာဗျူး no comments
ဧရာဝတီ
သတင်း စာမျက်နှာတွင် သြဂုတ်လ (၆) ရက်နေ့က ဖော်ပြပါရှိတဲ့ ဘင်္ဂလာဒေ့ရှ်ရောက်
မြန်မာ များ ပြည်တော် ပြန်ခွင့် မရသေး သတင်း ဓါတ်ပုံတွင် ရှေ့ဆုံးက ဖော်ပြခြင်း
ခံရခြင်းကို ရခိုင်တော်လှန်ရေးသမား ကို ခိုင်ဆန်းအောင် မှ ပြန်လည်
ရှင်းလင်းချက်

ဖြေ။
။ “ယခုနှစ် နှစ်ဆန်း ၁ ရက်နေ့က သက်ကြီးပူဇော်ပွဲသို့
တက်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ်ရောက် ရခိုင်တိုင်းရင်းသားများ (ဓာတ်ပုံ –
ငြိမ်းချမ်း/ ဧရာဝတီ)” ဆိုပြီး ဓါတ်ပုံအောက်မှာ အသေအချာဖော်ပြပါရှိပါတယ်။
ဒါက သတင်းထောက်ဆိုသူက သက်ကြီး ရွယ်အိုပူဇော်ပွဲက ပုံကိုယူပြီး ဒီမှာလာ
အသုံးပြုထားတာဖြစ်မှာပါ။ပြည်တော်ပြန်ဖို့လျှောက် ထားသူ တစ်ဦးဦးရဲ့
ပုံကိုသုံးစွဲခြင်းက ပိုပြီးအကျုံးဝင်လိမ်ံမယ်လို့ယူဆပါတယ်။ ခုဟာက သတင်း
ဖတ်သူတွေကို ထင်ယောင် ထင်မှားဖြစ်စေ ပါတယ်။ သတင်းထောက်ဆိုသူတွေရဲ့
အလေးထားရမယ့် ကိစ္စရပ် တခုပါ။ ကျွန်တော်ကတော့
ပြည်တော်ပြန်ဖို့လျှောက်ထားခြင်း တို့ ဘာတို့ မရှိဘူးခင်ဗျ။ သိရသလောက်က
တော့ ဘင်္ဂလားဒေ့ရှ်ဘက်က စုစုပေါင်း ၆ ယောက် ခန့် လျှောက်ထားတာ
ရှိတယ်လို့ကြားပါတယ်။ ကျွန်တော်တို့တွေ ရာနဲ့ချီရှိနေကြတာကို လူ ၆
ယောက်ရဲ့ဆန္ဒ နဲ့ နှိုင်းပြီး၊ သိမ်းကြုံးလို့ ဘင်္ဂလာဒေ့ရှ်ရောက် မြန်မာများ
ဆိုပြီးသုံးနှုန်းထားတာကလဲ ကလေ ကချေဖြစ်လွန်းလှပါတယ်။
သတင်းသမားရဲ့ဝတ္တရားကို အလွဲသုံးစား လုပ်တဲ့ပုံစံမျိုး ဖြစ်တယ်လို့လည်း ယူဆ
ပါတယ်။
မေး။
။ တကယ်လို့ လက်ရှိအစိုးရက ကိုခိုင်ဆန်းအောင် အပါအ၀င်
အစ်ကိုနဲ့လုပ်ဖော်ကိုင်ဖက်တွေကို ငြိမ်းချမ်းရေးဆွေးနွေး ဖို့ ကမ်းလှမ်း
လာရင် အစ်ကို အနေနဲ့ ဘယ်လိုတုန့်ပြန်သွားနိုင်မလဲ။
ဖြေ။ ။ ကျွန်တော်က
လက်ရှိအနေအထားအရ၊ အစိုးရက ငြိမ်းချမ်းရေးဆွေးနွေးဖို့
ကမ်းလှမ်းလာနိုင်လောက်တဲ့ အနေ အထားမှာမရှိပါဘူး။ ဆိုလိုတာက
ဘယ်အဖွဲ့အစည်းကိုမှ ကိုယ်စားပြုမှု၊ ဦးဆောင်ပေးနေမှုမရှိပါ။ တသီးပုဂ္ဂလ
မျိုးချစ်၊ ဒီမိုကရေစီဖက်တော်သား တယောက်သာ ဖြစ်ပါတယ်။
မေး။
။ ကတယ်တန်း လက်ရှိအစိုးရက ဘင်္ဂလာဒေ့ရှ်ရောက် မြန်မာများကို
ပြည်တော် ပြန်ခွင့် ပေးရင် ကိုခိုင်ဆန်းအောင် အနေဖြင့် ပြည်တော်
ပြန်သွားဖို့ အစီအစဉ်တွေ ရှိပါသလား။
ဖြေ။
။ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကိုဘဲ လက်ခံပါတယ်။ အစိုးရက
တရားဝင် ထုတ်ပြန်ကြေငြာပေးတဲ့အခါ စဉ်းစား ရမှာပါ။
မေး။
။ တကယ်လို့ ပြည်တော် မပြန်နိုင်သေးဘူး ဆိုရင် ဘာကြောင့်
မပြန်နိုင်သေးတာတွေကို ရှင်းပြပေးပါ။
ဖြေ။
။ ၂၄ နှစ်တာ ပေးဆပ်လာခဲ့တာဟာ ခံယူချက်၊
ယုံကြည်ချက်တွေကြောင့်ပါ။
မေး။ ။ သြဂုတ်လ (၇)
ရက်နေ့က Yangon Press International သတင်းစာမျက်နှာမှာ ဖော်ပြပါရှိတဲ့
ရခိုင် လက်နက်ကိုင် တပ်ဖွဲ့ဖြစ်တဲ့ ရခိုင် လွတ်မြောက်ရေး ပါတီ(ALP Arakan
Liberation Party) ကို နယ်ခြားစောင့် တပ်ဖွဲ့ဖို့အတွက် လက်ရှိ အင်အားထက် အဆ
၂၀ ၀န်းကျင်တိုးစေ ချင်တယ်လို့ ပြည်ထေင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး
လုပ်ငန်း အဖွဲ့ ဒုတိယ ဥက္ကဌ ဦးအောင်မင်းက ရခိုင်ဒီမိုကရေ စီအဖွဲ့ချုပ်
အတွင်းရေးမှူး ဦးမျိုးကျော် အားပြောကြားချက် အပေါ်မှာ ဘယ်လို
အမြင်မျိုးရှိပါသလဲ။
ဖြေ။ ။
ဒီနေရာမှာ အပိုင်း ၂ ပိုင်းခွဲပြီးကြည့်ဖို့လိုပါလိမ့်မယ်။ တစ် အချက်က
ရခိုင်ပြည်သူတွေရဲ့ လက်ငင်းလိုအပ် ချက်က ဘာလဲ၊ နှစ် အချက်က ALP ရဲ့
မဟာဗျူဟာက ဘာလဲဆိုတဲ့ အချက်တွေပါ။ လောလောစဉ်မှာ မြန်မာပြည်ရဲ့ အနောက်ဖက်
ခြံစည်းရိုးကို အခိုင်အမာတည် ဆောက်နိုင်ရေး ဖြစ်တယ်။ ဒါဟာ ရခိုင်ပြည်နယ်နဲ့
တိုက်ရိုက် ပါတ်သက် နေတယ်။ တဖက် နိုင်ငံက နှစ်ပေါင်းများစွာ
ခိုးဝင်လာတဲ့ပြဿနာကို ထိမ်းသိမ်းနိုင်ဖို့ရာ ရခိုင် ပြည်သူတွေ ဟာ ရခိုင့်
လက်နက်ကိုင် တပ်ရှိနေဖို့ ကို မျှော်လင့်ကြပါတယ်။ ဧည့်သည်က
အိမ်ရှင်ကိုမောင်းထုတ်တာ ခံနေရတဲ့ ရခိုင်ပြည်သူတွေရဲ့ ဘ၀လုံခြုံရေးအတွက်
ရခိုင့် လက်နက်ကိုင် တပ် တခုခုကဖြင့် သူတို့ ဘ၀အိုးအိမ်ကို ကာကွယ်
ပေးနိုင်ကြမှာ ဖြစ်တယ်လို့ယူဆခြင်းက သိပ်ပြီးသဘာဝကျ ပါတယ်။
ဖြစ်လည်းဖြစ်သင့်ပါတယ်။ သာမန် ကြေးစား စစ်တပ်နဲ့စာရင်
ရခိုင်လက်နက်ကိုင်တပ်ဟာ ရခိုင်ပြည်သူတွေအတွက် မျိုးချစ်စိတ်အပြည့်နဲ့
အမျိုးသားရေးတာဝန်ကို ထမ်းဆောင်ကြမှာ ဖြစ်တယ်ဆိုတာကို ယုံကြည်ပါတယ်။
အလုပ်ဖြစ်မယ်ဆို ရင်တော့ သိပ်ကောင်းတဲ့ အစီအစဉ်မို့လို့ အားပေးကြရမှာပါ။
သို့သော် နှစ်အချက်ကိုလဲဘဲ ထည့်စဉ်းစားဖို့လိုအပ်ပါလိမ့်မယ်။ နယ်ခြားစောင့်
တပ်ဖွဲ့ရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို ALP နဲ့ အစိုးရတို့ရဲ့ကြားမှာ
အသေအချာ၊ ရှင်းလင်းမှုတွေ အသေးစိပ် ရှိနေဖို့ အရေးကြီး ပါတယ်။ ALP ဟာ
နိုင်ငံရေးအရ ဦးဆောင်မှုနဲ့တော်လှန်ရှင်သန် လာနေခဲ့တာဖြစ်တယ်။
နယ်ခြားစောင့် တပ်ဖွဲ့ဖြစ်သွားပြီးရင်၊ နိုင်ငံရေး သေသွားမှာလားဆိုတာကို
တွေးကြည့်ဖို့ လိုလိမ့်မယ်။ နိုင်ငံရေး၊ စစ်ရေး၊ စည်းရုံးရေး၊ မဟာမိတ်
ဆက်ဆံရေး၊ စီးပွါးရေး၊ လူမှုရေး အစရှိတဲ့ လုပ်ငန်းရပ်တွေအပေါ် အစိုးရက
ဘယ်လောက်ထိ လုပ်ပိုင်ခွင့် ပေးနိုင်မ လဲ ဆိုတာပါဘဲ။ နယ်ခြားစောင့်တပ်ဖွဲ့
ဖွဲ့လိုက်ရတာကိုကဘဲ အစိုးရကပေးတဲ့ အမြင့်ဆုံး လုပ်ပိုင်ခွင့်လား
ဆိုတာတွေကို ကြိုတင်ခွဲခြား သိထားနိုင်ဖို့သိပ်အရေးကြီးပါတယ်။ ဒါဆိုရင်တော့
ခုနကပြောခဲ့သလို ALP ဟာ နိုင်ငံရေး သေသွား တာဘဲ အဖတ်တင်
ကျန်ခဲ့မှာဖြစ်တယ်။ ဒီတော့ ALP ဟာ အစိုးရနဲ့ နိုင်ငံရေးအရ ပါးပါးနပ်နပ်နဲ့
ဆက်ဆံသွားဖို့ လိုတယ်လို့ ယူဆ ပါတယ်။ ALP ရဲ့ ရည်မှန်းချက်ပန်းတိုင်
အောင်မြင်ပါစေလို့လည်း ဆုတောင်းပေး ပါတယ်။

မိုးမိုးကျော်
No comments:
Post a Comment