Wednesday, August 1, 2012

ခုနှစ်ရက်သားသမီးများအတွက် ( ၃၀.၇.၁၂ ) မှ ( ၅.၈.၁၂) ထိ တပတ်စာဗေဒင်ဟောစာတမ်း

horoscope
 
24
 
2
 
မဲပေးပါ

ဆရာကြီးမင်းသိင်္ခ၏တပည့်  ဗေဒင်ပညာရှင်ဒေါ်ဆွေဇင်ဝတီ
တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ
ဝင်ငွေကောင်းနေခြင်း၊ စီးပွားရေးအစစအရာရာအောင်မြင်နေခြင်း၊ တိုက်ခန်းဝင်ခြင်း၊
ကားဝင်ခြင်း၊ လာဘ်လာဘများဝင်ခြင်း၊ နိုင်ငံရပ်ခြားမှလက်ဆောင် ရခြင်း၊ ခရီးမကြာခဏထွက်နေရခြင်းများဖြစ်နေမည်။ မြေထွက်ခြင်း၊ စက်ပစ္စည်းများထွက်နေခြင်း၊ လက်အောက်ငယ်သားထွက်ခြင်း (သို့) လက်အောက် ငယ်သားကြောင့်စိတ်ညစ်
စရာဖြစ်နေခြင်းများဖြစ်နေမည်။ အရေးကြီးစာရွက်စာတမ်းသတိထားပါ၊ ပျောက်တတ်သည်။
ကျန်းမာရေး။ အအေးမိပြီးချောင်းဆိုနေမည်။
အချစ်ရေး။ စိတ်ချမ်းသာနေရမည်။ အချစ်ရေးကံကောင်းနေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ကိတ်မုန့်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၂ ၇ ၆ ၀)
တနင်္လာသားသမီးများ၏ကံကြမ္မာ
စက်ပစ္စည်းဝင်ခြင်း၊ စိန်ဝင်ခြင်း၊ တပည့်လက်အောက်ငယ်သားကောင်းရခြင်း၊ ငွေဝင်မည်။
အကုန်များနေမည်။ အလုပ်ထဲတွင်အထက်လူကြီးဆရာသမား
နှင့်စကားများရတတ်သည်။ ယခုရက်ပိုင်းတွင်အစစအရာရာသည်းခံပါ။ ခင်မင်သောမိတ်ဆွေများနှင့်
လမ်းခွဲရတတ်သည်။ ( သို့ ) စကားများပြီးအခင်မင်ပျက် တတ်သည်။ အလုပ်ထဲတွင်အတိုက်
အခံတွေ့နေရမည်။
ကျန်းမာရေး။ ခြေထောက်နာခြင်း၊ ခေါင်းကိုက်ခြင်းဖြစ်တတ်သည်။
အချစ်ရေး။ အချစ်ရေးကံကောင်းနေသည်။ ဘ၀အတွက်ချစ်သူရည်းစားရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ဇီးဖျော်ရည်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၃ ၁ ၀ ၇)
အင်္ဂါသားသမီးများ၏ကံကြမ္မာ
အိုးသစ်အိမ်သစ်နေရာသစ်ပြောင်းရန်ဖြစ်နေခြင်း၊ ပြောင်းလျှင်ကောင်းသည်။ လုပ်ငန်းသစ်
လုပ်ရန်မသင့်သောအချိန်ဖြစ်နေသည်။ လုပ်ငန်းမတိုးချဲ့ပါနှင့်။
ငြိမ်ငြိမ်လေးနေသင့်သောအချိန်ဖြစ်နေသည်။ ငွေကြောင့်ပူပင်ရခြင်း၊ လုပ်သမျှအဆင်မပြေခြင်း၊
စာရွက်စာတမ်းကိစ္စ၊ အာမခံခြင်းကိစ္စများအထူးသတိထား
ပါ။ သိက္ခာကျတတ်သည်။ မြေထွက်ပြီးပြန်ဝင်ကိန်းရှိခြင်း၊ ဖုန်းအဟောင်းအသစ်လဲရခြင်းဖြစ်
တတ်သည်။
ကျန်းမာရေး။ ဆေးစားများခြင်း၊ အစားမှားခြင်းဖြစ်တတ်သည်။
အချစ်ရေး။ အိမ်ထောင်ကျခြင်း၊ လက်ထပ်မင်္ဂလာပြုလုပ်ရခြင်းဖြစ်နေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား အုန်းစိမ်းရည်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၆ ၆ ၅ ၄)
ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ
မြေ၀င်ခြင်း၊ ကားဝင်ခြင်း၊ ကွန်ပြူတာဝင်ခြင်း၊ အခန်းပြောင်းရခြင်း၊ နိုင်ငံရပ်ခြားခရီးရှိခြင်း၊ အမိနိုင်ငံသို့အလည်အပတ်ပြန်ရခြင်းဖြစ်တတ်သည်။
စိတ်တိုင်းမကျစရာများ၊ ဒွိဟစိတ်များဖြစ်နေမည်။ ဆုံးဖြတ်ရခက်နေသည်။ ဆိုးဆိုးဝါးဝါးဖြစ်ဖို့ကံမရှိပါ။ သတိထားပြီးလုပ်လျှင်အဆင်ပြေမည်။
ငွေ၊ ပစ္စည်းအချီး၊ အဌားမလုပ်ပါနှင့်၊ပြန်ရရန်ခက်ခဲတတ်သည်။ ရွှေထွက်ပြီးပြန်ဝင်မည်။
ကျန်းမာရေး။ အမျိုးသားများသွေးပေါင်ကျခြင်း၊ အမျိုးသမီးများမီယပ်နှင့်ပတ်သက်သောရောဂါဖြစ်တတ်သည်။
အချစ်ရေး။ စကားများပြီး အဆင်မပြေမှုများဖြစ်နေလိမ့်မည်။ မကြာမှီအဆင်ပြေသွားပါမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားခင်အား လိမ္မော်ရည်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၀ ၅ ၅ ၀ )
ကြာသပတေးသားသမီးများ၏ကံကြမ္မာ
အလှူလုပ်ရခြင်း၊ မင်္ဂလာဧည်ခံပွဲကျင်းပပေးရခြင်းဖြစ်တတ်သည်။ စက်ပစ္စည်းများအဟောင်းအသစ်လဲရခြင်း၊ စိန်လက်စွပ်၊ ရွှေလက်စွပ်ဝင်ခြင်း၊ ရွှေအသစ်
များဝင်ခြင်းဖြစ်မည်။ စီးပွားတက်နေမည်။ ကောင်းမွန်ပြီးတန်ဖိုးရှိသော အိမ်ကောင်းသို့ပြောင်းရွေ့နေထိုင်ရခြင်းများဖြစ်နေမည်။ ငွေဝင်အားကောင်းနေသည်။
နာရီအသစ်လက်ဆောင်ရတတ်သည်။
ကျန်းမာရေး။ အစားမှားပြီးဗိုက်အောင့်တတ်သည်။
အချစ်ရေး။ အစစအရာရာစိတ်ချမ်းသာမှုများဖြစ်နေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား သင်္ဘောသီးပျော်ရည်ကပ်လျူဆုတောင်းပါ။
အကျိုးပေးဂဏန်း (  ၄ ၆ ၃ ၆)
သောကြာသားသမီးများ၏ကံကြမ္မာ
ရွှေလက်ကောက်ဝင်ခြင်း၊ လုပ်ငန်းတိုးချဲ့ရခြင်း၊ ကိုယ်ပိုင်လုပ်ငန်းလုပ်ရခြင်း၊ စီးပွားတက်ခြင်း၊ နေရာသစ်ရောက်ရခြင်း၊ ပြည်တွင်းပြည်ပခရီးသွားရခြင်း၊
လေယာဉ်ခရီးသွားရခြင်းဖြစ်တတ်သည်။ အပျော်ခရီးထွက်ခြင်းလဲပြုလုပ်ရတတ်သည်။ ဘာသာရေးနှင့်ပတ်သက်သောလုပ်ငန်းများလည်းလုပ်ကိုင်နေ
ရတတ်သည်။ အလျူဒါနများလဲ ပြုလုပ်ရတတ်သည်။ အလွန်စီးပွားတက်နေသည်။
ကျန်းမာရေး။ လေဖျန်းခြင်း၊ ၀မ်းလျှောခြင်းဖြစ်တတ်သည်။
အချစ်ရေး။ အမျိုးသမီးတဦးနှောင့်ယှက်မှုကြောင့်မိမိအချစ်/ အိမ်ထောင်ပြဿနာဖြစ်တတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ကော်ဖီကပါလှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၄ ၂ ၁ ၁)
စနေသားသမီးများ၏ကံကြမ္မာ
မိတ်ဆွေသစ်ရခြင်း၊ အကျိုးပေးသော၊ မိမိဘ၀အတွက်တသက်လုံးတိုင်ပင်ဖေါ်တိုင်မင်ဖက်ဖြစ်သော
မိတ်ဆွေကောင်းဖြစ်မည်။ ဖုန်းကောင်းသောလဲခြင်းဖြစ်မည်။
မြေ၀င်ခြင်း၊ ကျောက်မျက်ရတနာဝင်ခြင်း၊ ကားဝင်ခြင်းဖြစ်မည်။ စီးပွားတက်နေမည်။
ဝန်ထမ်းဖြစ်ပါကလစာတိုးခြင်း၊ ရာထူးတိုးခြင်းဖြစ်နေမည်။ ဆွေမျိုးသားချင်း
များကိုကူညီထောက်ပံ့မှုများဆက်တိုက်လုပ်နေရမည်။ နာရီပျက်နေလျှင်အမြန်စွန့်ပစ်ခြင်း၊
ဓါတ်ခဲထည့်ခြင်းပြုလုပ်ပါ။
ကျန်းမာရေး။ ကောင်းမွန်နေပါသည်။
အချစ်ရေး။ စိတ်ချမ်းသာမှုများနှင့်ပြည့်စုံနေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား လ္ဘက်ရည်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၅ ၃ ၂ ၂ )
*ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ*
ဗေဒင်ပညာရှင်- ဆရာမဆွေဇင်ဝတီ ( ဆရာကြီးမင်းသိင်္ခ၏တပည့် )
ဟောချိန်- နံနက် ၁၀း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီ ထိ
ဟောခန်း- နန်းထိုက်ပဒုမ္မာစားသောက်ဆိုင်၊ ကလန်း
ကလန်းကားဂိတ် နှင့် Mydin Supermarket အနီး
ဖုန်း- + 016 6903 513 , + 018 2250 510
E- mail:swezinwati@gmail.com

No comments:

Post a Comment