By Han Maung Thein
စစ်တွေ၊ ၃၀ သြဂုတ် ၂၀၁၂၊ Coral Arakan
News Agency
http://www.facebook.com/notes/coral-arakan-news-agency/ကျွန်ုပ်-မြိုင်ရာဇာ-ဟန်မောင်သိန်း-နှင့်-အောင်ဆိပ်စုကြည်-တို့-ဆုံခဲ့ကြစဉ်က/152232758247767
ခြံဝင်းထဲတွင် ရဲအစောင့်အရှောက် အနည်းဆုံးလေးယောက်ချထားပြီး၊
စစ်ထောက်လှမ်းရေး ရဲထောက်လှမ်း ရေး နှင့် အမျိုးအမည်မသိ
ထောက်လှမ်းရေးပေါင်း အနည်းဆုံးလေးယောက်တို့
ရစ်သီရစ်ဝဲ လုပ်နေကြသော
စစ်တွေဟိုတယ် ဧည့်ကြိုခန်းမထဲတွင် ဒေါ်စောမြရာဇာလင်းအား
၂၀၁၂-ခုနှစ်
သြဂုတ်လ ၂၈ရက် နံနက် ရှစ်နာရီခန့်မှာ ကျွန်တော်တို့
အင်တာဗျူးခဲ့ကြသည်။
တကယ်တော့ ဒါက အင်တာဗျူးဖြစ်ဖို့ ရည်ရွယ်ခဲ့သည်
မဟုတ်ပါ။ နဂိုက
သတင်းစာရှင်းလင်းပွဲ အငယ်စားလေး လုပ်ဖို့ ရည်မှန်းခဲ့ပုံရသည်။
ရခိုင်အမျိုးသားရေးပါတီများ၊ အထူးသဖြင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ
နှင့် ပတ်သက်လာလျှင် မြန်မာပြည်မက သတင်းဂျာနယ်များက
လိုလိုလားလားဖေါ်ပြချင်ပုံမရ။ အရင်တစ်ခေါက်
အေအယ်ပီပါတီ ခေါင်းဆောင်များ
ရောက်လာခဲ့စဉ်က စစ်တွေမြို့သူမြို့သားများ
အနည်းဆုံး တစ်သောင်း
နှစ်သောင်းမက သောင်းသောင်းဖျဖျ ကြိုဆိုကြသည်ကို
မည်သည့် ဂျာနယ်ကမှ
လောက်လောက်လားလား တင်ပြခဲ့သည်ကို မတွေ့လိုက်ရ။ သည်တော့ ဒေသခံ သတင်းထောက်
တွေကလည်း အချိန်ကုန်ခံပြီး ရေးပို့ချင်ကြပုံမရ။
သည်တော့ ပြည်မက နာမည်ကြီး
သတင်းဂျာနယ်၊ နာမည်မကြီး သတင်းဂျာနယ်၊ နာမည်မကြီးတကြီး
သတင်းဂျာနယ်
မည်သည့်ဂျာနယ်ကမှ ကိုယ်စားပြု သတင်းထောက် တစ်ယောက်ယောက်မျှ
ရောက်မလာ။
မည်သူကမှ လစာငွေကြေးမပေးပဲ သတင်းရေး နေကြသော
ကျွန်တော်တို့အဖွဲ့ နှင့်
ပြည်ပ သတင်းဌာနငယ် တစ်ခုမှ သတင်းထောက်တစ်ယောက်သာ
ရောက်လာကြသည်။ သည်တော့
သတင်းစာရှင်းလင်းပွဲ ဖြစ်မလာ ပဲ၊ သီးခြားအင်တာဗျူး
တစ်ခုလို
ဖြစ်သွားခဲ့သည်။
အရင်တစ်နေ့က သူမကို ကျွန်တော် ဖုံးဆက်၍ အချိန်းအချက်တောင်းစဉ်က
ကျွန်တော်
Coral Arakan သတင်းဌာနက ဦးဟန်မောင်သိန်းပါ
လို့ မိမိကိုယ်ကို
မိတ်ဆက်သာဆက်လိုက်ရသည်။ သူမက Coral Arakan
ဆိုသည့် နာမည်ကိုရော
ဟန်မောင်သိန်းဆိုသည့်နာမည်ကိုပါ သိပုံမရ။ ဒီနေ့
မနက်တွေ့ကြတော့ “မနေ့က
ဆရာမ စစ်တွေကို ရောက်လို့ ဆယ့်ငါးမိနစ်အတွင်းမှာ
ဆရာမရဲ့ဓါတ်ပုံ
အနည်းဆုံးငါးပုံကို အင်တာနက် အွန်လိုင်းပေါ်
ရောက်အောင်
ကျွန်တော်တို့အဖွဲ့က တင်ပြီးနေပြီ။ အဲသည်အချိန်မှာ
ဆရာမက ဘုတ်ဆိပ်နဲ့
သိပ်တောင် မဝေးသေးတဲ့ RNDP ပါတီရုံးရှေ့မှာ
မိုက်ကရိုဖုန်းနဲ့
စကားပြောနေတုန်းပဲရှိသေးတယ်”
ဟု မိမိတို့ကား ခေသူမဟုတ် ဆိုသည့် လေသံဖြင့်
ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးလိုက်မိသည်။
အပြာနုရောင် အပေါ်အောက် ၀မ်းဆက် ၀တ်လာခဲ့သည့်
ဆရာမဒေါ်စောမြရာဇာလင်းကို
မြင်သည်နှင့် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်စတက်သည့်နေ့က
ခရမ်းရောင်ဝမ်းဆက်
ဝတ်လာခဲ့သည်နှင့် နှိုင်းယှဉ် စဉ်စားမိသည်။
ရသေ့တောင်မြို့နယ်
အောင်ဆိပ်ကျေးရွာဇာတိ ဒေါ်စောမြရာဇာလင်းအား
အထူးသဖြင့် ၄င်း၏
ဇာတိနယ်မြေတစ်ဝိုက်က ရပ်ဆွေရပ်မျိုးများက
ဒေါ်အောင်ဆန်းစုကြည်နှင့်နှိုင်းယှဉ်ကာ အောင်ဆိပ်စုကြည်ဟု
ချစ်စနိုးတင်စား
ခေါ်ဝေါ်တတ်ကြသည်။ စံရှားတင်ဆံပင် ခေါ် နဖူးတစ်ဘက်ဖုံးဆံပင်ကို
ဆရာမ
ထားရှိသည် မှာ ခေတ်ဟောင်းရုပ်ရှင်မင်းသမီး
စံရှားတင်ကဲ့သို့
နဖူးပြင်ပေါ်မှာ အမာရွတ်ရှိသောကြောင့်တော့ ဖြစ်ဟန်တော့
မတူ။ သို့သော်
တော်လှန်ရေးကာလကို ဖြတ်သန်း ခဲ့ရသူ တစ်ယောက်အနေနဲ့တော့
ရင်ဘတ်ထဲမှာ
အမာရွတ် များ ရှိနေကောင်း ရှိနေနိုင်သည်။
လွန်ခဲ့သော နှစ်လကျော်လောက်က ထင်သည်။ နိုင်ငံခြားသတင်းဌာနတစ်ခု၏
မြန်မာပိုင်းအစီအစဉ်နှင့် အင်တာဗျူး အစီအစဉ်တစ်ခုထဲတွင်
ကျောက်တော်မြို့နယ်အတွင်း သွားလာနေကြသော မိမိတို့
အေအယ်လ်ပီ ပါတီဝင်
များအား ထောက်လှမ်းရေးများ လိုက်နေကြသည်မှာ
အနှောင့်အယှက်ပေးနေကြသည့်ပမာ
ဖြစ်နေ ကြောင်းကို ဒေါ်စောမြရာဇာလင်းက လေလှိုင်းပေါ်တွင်
စောဒကတက်
ပြောဆိုတာကို ကြားဖူးသည်။ အခုလည်း ကြည့်။ ဟိုတယ်ဧည့်ခန်းမကြီးတွင်
အရပ်ဝတ်ဖြင့် ထောက်လှမ်းရေးတစ်ယောက်က ပစ္စည်းရောင်း
သည့်
ကောင်တာတစ်ခုနောက်တွင်ရပ်ရင်း ကျွန်တော်တို့အား
လှမ်း အကဲခတ်နေသည်။
အရပ်ဝတ် အက်စ်ဘီ ရဲတစ်ဦးက ကျွန်တော်တို့ ဘေးခုံတစ်ခုံတွင်
ထိုင်ကာ
သတင်းစာ ငုံ့ ဖတ်နေသည်။ နောက် အရပ်ဝတ် တစ်ယောက်ကတော့
ကျွန်တော်တို့ကို
ပေါ်တင်ကြီး စိုက်ကြည့်နေသည်။ စရဖ အဖွဲ့ဝင်ဟု
ခန့်မှန်းရသူ တစ်ဦးက
မလှမ်းမကမ်းတွင် ဟိုဟိုသည်သည် လမ်းလျှောက်နေ
သည်။ ဒါတောင်
ခန်းမအပြင်ဘက်တွင် ယူနီဖေါင်းဝတ်ရဲနှစ်ဦး
နှင့် ဟိုတယ်ခြံဝင်းဂိတ်ဝတွင်
ရဲနှစ်ဦး လက်နက်ကိုင်ကာ စောင့်နေကြသေးသည်။
ဒေါ်စောမြရာဇာလင်းတစ်ယောက် စိတ်အေးလက်အေးရှိနေသည့်ပုံကိုယောက်လျှင်
ထောက်လှမ်းရေးတွေ မိမိအနားမှာ ကိုယ်ပျောက်တစ္ဆေတွေလို
ရောက်နေကြတာကို
မသိတာပဲ နေပါလိမ့်မယ်ဟုတွေးမိသည်။
“နယ်မြေခံလုံခြုံရေးတွေရဲ့ အနှောင့်အယှက်ပေးတာကို
ခံရတာတွေ ရှိနေသေးသလား”
ဟု ကျောက်တော်မြို့နယ်၌ ဆက်ဆံရေးရုံးဖွင့်ရန်
ရောက်ရှိနေကြသော
ဆက်ဆံရေးအဖွဲ့ ခေါင်းဆောင် ခိုင်အောင်စိုးသန်းကို
သည်အင်တာဗျူးအပြီး
နောက်တစ်နေ့ ညနေပိုင်းတွင် ကျွန်တော်လှမ်းမေးတော့
“နှောင့်ယှက်တာရယ်လို့တော့ မဟုတ်ပါဘူး။ သူတို့လည်းကျွန်တော်တို့
ဘယ်ကို
ရောက်နေတယ်ဆိုတာ အချိန်နဲ့အမျှသိနေဖို့ တာဝန်အရ
သိနေဖို့လိုအပ်လို့
ဝီရိယစိုက်နေကြရတဲ့ ပုံစံပဲ ထင်ပါတယ်။ တစ်နေ့က
ကျွန်တော်တို့
မဟာမုနိဘုရားကို သွားဖူးတာ နောက်က စောင့်ကြည့်နေတဲ့
တာဝန်ကျပုဂ္ဂိုလ်က
နည်းနည်းလောက်ဟာသွားတော့ ကျွန်တော်တို့ ထွက်သွားတာကို
မသိလိုက်ဘူး။
အဲဒါနဲ့ ကျွန်တော်တို့ ကျောက်တော်မြို့ထဲကို
ရောက်လာတော့ သူတို့ဘက်က
လူတွေက ကျွန်တော်တို့ကို လိုက်ရှာရင်း ဒေါင်းတောက်နေပြီ။
အဲသလို တစ်ခါ
ဖြစ်ဖူးတယ်။ ကျွန်တော်တို့ စစ်တွေကို သွားဖို့
သူတို့ဆီ ခွင့်ပြုချက်
တင်ရတယ်လို့ ပြောကြတာ မဟုတ်ပါဘူး။ တစ်ခုတော့
ရှိတယ်။ ဟိုတုန်းက
နိုင်ငံရေးသမားတွေကို စောင့်ကြည့်သလို ကျွန်တော်တို့ကို
စောင့်ကြည့်တာ
တစ်ခုပါပဲ” ဟု ခိုင်အောင်စိုးသန်း
က ဖြေသည်။
သူမ၏ အစောဦးကာလ
မဆလပါတီခေတ်အတွင်း တစ်ချိန်က ရသေ့တောင်မြို့နယ်
လမ်းစဉ်လူငယ်
တွဲဖက်အတွင်းရေးမှူးဖြစ်ခဲ့စဉ် ကပင် ထူးချွန်ထက်မြက်သူတစ်ဦးအဖြစ်
အသိအမှတ်ပြုခံခဲ့ရသော်ငြားလည်း ဟိုစဉ်က စည်းမျဉ်းတွေအရ
အမျိုးသားလူငယ်အား
အတွင်းရေးမှူးအဖြစ် ခန့်အပ်ကာ မိန်းကလေးကို
တွဲဖက်အတွင်းရေးမှူးသာ
ခန့်အပ်သည့် အစဉ်အလာကို တိုက်ခိုက်ရန်အင်အားမရှိခဲ့သော
မမြအေးသိန်း
ဟုအမည်ရသော လှုပ်ရှား တက်ကြွသူ မိန်းကလေးသည်
၁၉၈၈-ခုနှစ် ရှစ်လေးလုံးကာလ
အရေးအခင်းအတွင်း ရသေ့တောင်မြို့ ဖောင်တော်(သင်္ဘောဆိပ်)တွင်
နိုးကြားရေးတရားများ ဟောကြားရင်း နာမည်ကြီးလာခဲ့သည်။
၁၉၈၈ စက်တင်ဘာလတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း
အရေးအခင်းကလအတွင်း
လှုပ်ရှားခဲ့သူများ ကို ဖမ်းဆီးအရေးယူနေစဉ်ကာလအတွင်း
မမြအေးသိန်းသည်
ဘင်္ဂလာဒေရှ့်နိုင်ငံသို့ ရောက်သွားပြီး၊ ရခိုင်
အမျိုးသားရေးလှုပ်ရှားသူများ နှင့် ပေါင်းစည်းမိကာ
မစောမြရာဇာလင်း ဆိုသူ
ဖြစ်လာသည်။ အောင်ဆိပ် ရွာသမ ဒေါ်စောမြရာဇာလင်းဆိုသည့်
နာမည်ကို
မီဒီယာလေလှိုင်းတွေထဲမှာ လူစသိသည့်အချိန်မှာ
တစ်ဇာတိ တည်း အောင်ဆိပ်ရွာသား
ဒေါက်တာအေးမောင်ဆိုသူမှာ သမညောင်ည မြို့နယ်အဆင့်
အစိုးရ၀န်ထမ်း မျှသာ
ရှိသေးသည်။ လူမသိ၊ ခွေးမဟောင် မျှသာ။ တစ်ရွာတည်းပေါက်များပင်
ဖြစ်ကြသော်ငြားလည်း ၄င်းတို့ နှစ်ဦးမှာ စာဥ
နှင့် သာအေး တို့ကဲ့သို့
ငယ်သူငယ်ချင်းများ ဖြစ်ခဲ့ကြသည်ဟု ပြောသံဆိုသံ
မကြားဖူးချေ။
သူမသည် တော်လှန်ရေးနယ်မြေအတွင်း ခနော်ခနဲ့
တဲငယ်များတွင်နေထိုင်ကာ
ကာလတစ်ခုကို ဖြတ်သန်း ခဲ့ရဖူးသည်။ ထို့နောက်
ရုံးခန်းနှင့် ကနားနှင့်
ရခိုင်အမျိုးသမီးများအစည်းအရုံးကို ဦးဆောင်ရသော
ကာလတစ်ခုကို
ရောက်လာပြန်သည်။ သည်လိုနှင့် ဘ၀တစ်ကွေ့တွင်
ဘင်္ဂလာဒေ့ရှ်ဘက်ခြမ်းမှ
ရခိုင်အမျိုးသား လုပ်ငန်းရှင် တစ်ဦးဖြစ်သူ
ကိုချစ်မောင်နှင့်
ဖူးစာဆုံသည်။ မိမိ၏ နိုင်ငံရေးလှုပ်ရှားမှုများကို
နားလည်အားပေးသော
ဦးချစ်မောင်နှင့် သားသမီးများ ပွားစီးခဲ့သည်။
တစ်ဘက်တွင်လည်း မိမိ၏
နိုင်ငံရေးခရီးကို ဆက်လက်ချီတက်ခဲ့သည်။
စစ်အစိုးရကိုနိုင်ငံတကာက အရေးယူပိတ်ဆို့ထားခဲ့သော
ကာတစ်လျှောက်လုံး
ပြည်ပရောက် နိုင်ငံရေး အဖွဲ့အစည်းများမှာ ရိုဟင်ဂျာဆိုသူ
ဘင်္ဂါလီများကို
လက်ခံအသိအမှတ်ပြုပါမှ ထောက်ပံ့ငွေ မျိုးမျိုးမြက်မြက်
ကလေး ရတတ်ကြသည်မှာ
မည်သူမှမငြင်းနိုင်။ ယခုနိုင်ငံရေးအခင်းအကျင်းတွင်
ပါဝင်နေကြသော ယခင်
အနောက်ဘက် အထောက်ပံ့ခံနိုင်ငံရေးအဖွဲ့အစည်းတော်တော်များများမှာ
ထိုကဲ့သို့ ညှီမစင်သော ရံပုံငွေများ ကို ရယူခဲ့ဖူးတတ်ကြသည်။
ဒေါ်စောမြရာဇာလင်း နှင့် ရခိုင်အမျိုးသမီးများအဖွဲ့ချုပ်ကိုလည်း
တချို့က
မရှင်းမရှင်း ဟု စွပ်စွဲချင်ကြသည်။ သို့သော်
ဒေါ်စောမြရာဇာလင်းအနေဖြင့်
မိမိ၏ ခိုင်မာသော ရခိုင်အမျိုးသား နိုင်ငံရေး
ရပ်တည်ချက်များကြောင့်
ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီနိုင်ငံရေးလှုပ်ရှားသူတချို့က
မိမိတို့၏ ရံပုံငွေ
ရရှိရာ ရင်းမြစ်များအား လိုက်လံပိတ်ပင်တားဆီးခြင်းကိုခံခဲ့ရသည်ဟု
ဆိုသည်။
“ကျွန်မတို့ဟာ လူမျိုးရေးအစွန်းရောက်သူတွေဖြစ်ပါတယ်
ဆိုပြီး
တချို့တချို့က ကျွန်မတို့ကို ရံပုံငွေ ထောက်ပံ့တဲ့
အန်ဂျီအိုတွေကို
လိုက်ပြောဆိုပြီး နာမည်ဖျက်တယ်။ တိုက်ခိုက်ကြတယ်။
ကျွန်မတို့က
ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံရဲ့
တိုင်းရင်းသားလူမျိုးတစ်မျိုးဖြစ်တယ်လို့ မခံယူကြဘူးလေ။
ဒီတော့
၂၀၀၆-ခုနှစ်က စပြီးတော့ ကျွန်မတို့ကိုထောက်ပံ့နေတဲ့
ရံပုံငွေတွေ
လုံးလုံးကို ပြတ်သွားတယ်။”
ထို့အပြင် ၂၀၀၇-ခုနှစ်တွင် ဂျပန်အဖွဲ့အစည်းတစ်ခုက
၎င်းအား
ယာရိုရီဆုချီးမြှင့်ရန် သေချာပေါက် ရွေးချယ်ကြေငြာပြီးခါမှ
ရိုဟင်ဂျာအမည်ခံဘင်္ဂါလီအရေး လှုပ်ရှားဆောင်ရွက်သူအချို့က
ဆုမချီးမြှင့်ပါရန် ကန့်ကွက်ကြသောကြောင့် ဆုလက်ခံခါနီးမှ
ပျက်သွားခဲ့ရသည်။ ထို့အပြင် ၄င်းဘင်္ဂါလီတို့သည်
မိမိတို့ အဖွဲ့အစည်း၏
ရံပုံငွေရင်းမြစ်များကို လိုက်လံပိတ်ဆို့တားဆီးခဲ့သည်ဟု
ဒေါ်စောမြရာဇာလင်းက ပြောသည်။
ပြည်တော်ပြန်ခရီး
ရခိုင်ပြည်နှင့် ၂၄-နှစ်တာ ကင်းကွာနေခဲ့ရပြီးနောက်
ပြီးခဲ့သည့် သြဂုတ်လ
၂၈-ရက်နေ့ နေ့လယ်က စစ်တွေမြို့ ကို ဆိုက်ရောက်ချိန်မှာ
ရခိုင်ပြည်သူလူထုက
အုံးအုံး ကြွက်ကြွက် ကြိုဆိုကြသည့်အတွက် များစွာဝမ်းသာ
ဝမ်းနည်း
ဖြစ်ရသည်ဟု ဆိုသည်။ “နှစ်ဆယ့်လေးနှစ်ကြာပြီးခါမှ
အခုမှ ရခိုင်မြေကို
မြင်လိုက်ရတာ ဆိုတော့ ကျွန်မလည်း မျက်ရည် ကျလုကျခင်ပါပဲ။
ဒါပေမဲ့
မျက်ရည်မကျအောင် အတတ်နိုင်ဆုံးထိန်းခဲ့တယ်”
ဟု ဒေါ်စောမြရာဇာလင်းက ဆိုသည်။
ယခုမြင်တွေ့ရသော စစ်တွေမြို့မှာ ယခင်မိမိ သိခဲ့သော
စစ်တွေမြို့ နှင့်
ကွဲပြားပြောင်းလဲသွားသည် ဟု ဆိုနိုင် သည်၊
သို့သော်
နိုင်ငံတကာမျက်စိနှင့်ကြည့်လျှင်တော့ စစ်တွေမှာ
(ပြည်နယ်)မြို့တော်တစ်ခု၏
အဆင့်ကို မမီ နိုင်သေး ဟု သူမက ဆိုသည်။
အခုခရီးစဉ်မှာ အေအယ်ပီပါတီက ဆက်ဆံရေးရုံးခြောက်ရုံးဖွင့်ခွင့်ရဖို့
တောင်းဆိုထားသည့် အနက်က ကျောက်တော်မြို့ဆက်ဆံရေးရုံးကို
ဖွင့်လှစ်နိုင်ဖို့လာရောက်ခြင်းက သူမခရီးစဉ်၏ရည်မှန်းချက်များထဲက
အဓိကအချက်ဖြစ်သည်။ အခြားရည်ရွယ်ထားသော ရုံးဖွင့်ရန်ရည်ရွယ်ထားသည့်
နေရာ
ငါးနေရာမှာ ပလက်ဝ၊ စစ်တွေ၊ တောင်ကုတ်၊ ရန်ကုန်
နှင့်
မောင်တောမြို့တို့ဖြစ်သည်။
အားကိုးရာမဲ့နေသည့် ရခိုင်ပြည်သူတို့၏ အမျက်ရှခြင်းကို
ခံရသူများထဲတွင်
အေအယ်ပီပါတီလည်း တစ်ခု အပါအ၀င်ဖြစ်သည်။ ပြီးခဲ့သည့်
ဇွန်လ
ဘင်္ဂါလီဆူပူမှုကာလအတွင်း ရခိုင်မူမျိုးများ သေကြေနေကြချိန်မှာ
အေအယ်လ်ပီ
ဘယ်ကိုရောက်နေသနည်းဟူသောမေးခွန်းမှာ အေအယ်လ်ပီအတွက်
အဖြေရခက်သော
မေးခွန်းတစ်ခု ဖြစ်သည်။
ဇွန်လ ရှစ်ရက်နေ့ မောင်တောမြို့၌ ဘင်္ဂါလီများ
ထကြွကြသည်နှင့်
တစ်ပြိုင်တည်းမှာ တစ်ဘက်နိုင်ငံမှ ဘင်္ဂါလီ ရိုဟင်ဂျာ
သောင်းကျန်းသူများက
တစ်စီးလျှင်လက်နက်ကိုင် ခြောက်ဆယ်စီတင်ဆောင်ထားသော
စက်လှေသုံးစီးဖြင့်
မောင်တောမြို့နယ်ထဲသို့ ၀င်လာသည်ကို မြန်မာ(ရေ)တပ်က
ဟန့်တားနိုင်ခဲ့သည်။
ထို့အပြင် ပဍိပက္ခကာလအတွင်း စစ်တွေမြို့ အင်ဘာလာရပ်ကွက်
ချင်းပျံလမ်းတွင်
ဘင်္ဂါလီများချီတက် တိုက်ခိုက်သည်ကို တွန်းလှန်ပြီးနောက်
ရခိုင်လူမျိုးများအား မတိုက်ခိုက်နိုင်အောင်
တပ်စွဲထားသော
စစ်တပ်တပ်စိတ်ထဲမှ တပ်သားတစ်ယောက်ကို အင်ဘာလာရပ်ကွက်
ဘင်္ဂါလီဘက်ခြမ်းမှ
သေနတ်ဖြင့် ပစ်ခတ်သဖြင့် ၄င်းတပ်သားပေါင်တွင်
ကျည်ထိမှန်၍ ဒဏ်ရာရသည်။
ပစ်ခတ်မှုဖြစ်ပြီးနောက် နာရီဝက်ခန့် အကြာ ယင်းနေရာသို့
ကျွန်တော်ရောက်လာပြီး ထိုတပ်စိတ်မှ တပ်သားတစ်ဦးအား
မေးမြန်းရာ
သူ့မျက်စိရှေ့မှာပင် အပစ်ခံရပြီး ဒဏ်ရာရသည်မှာမှန်ကန်ကြောင်း
ဒဏ်ရာရသူတပ်သားအား အရာရှိများက စစ်ဆေးရုံသို့
ခေါ်ဆောင်သွားကြောင်း
ကျွန်တော့်ကိုဖြေဆိုသည်။ ထိုနေ့က သဲသဲမဲမဲ
မိုးရွာနေသည့်ကြားက ထိုတပ်သားက
ကျွန်တော့်အား ထိုကဲ့သို့ဖြေဆိုသည်ကို မျက်ဝါးထင်ထင်မှတ်မိဆဲ၊
အသံကိုလည်း
ကြားယောင် နေဆဲဖြစ်သည်။ သို့သော် သက်ဆိုင်ရာများအာဏာပိုင်များက
တပ်သားတစ်ယောက် သေနတ်ဒဏ်ရာရတယ် ဆိုသည်မှာ မဟုတ်မှန်ဟု
ဘာကြောင့်ငြင်းဆိုခဲ့ကြသနည်း။ လက်နက်ကိုင် စက်လှေသုံးစီးဝင်လာခဲ့သည်ဟု
ခိုင်လုံသောသတင်းရပ်ကွက်များမှ ကျွန်တော်တို့သိခဲ့ရပါလျက်နှင့်
သက်ဆိုင်ရာ အာဏာပိုင်တို့က ယင်းအချက် ကို ဘာကြောင့်
ဖုံးကွယ်
ထားခဲ့ကြပါသနည်း။
ထို့အပြင် ကျွန်တော်တို့ က အကာအကွယ်ကိုအရမ်းလိုနေသည့်အချိန်မှာ
ကျွန်တော်တို့၏ ရခိုင်လက်နက်ကိုင် ညီအစ်ကိုများက
ဘယ်ကိုရောက်နေကြပါသနည်း။
ကျွန်တော်တို့အနားကို အရောက်မလာနိုင်လောက်အောင်
ဘာဖြစ်လို့
အားနည်းရပါသနည်း။
ယင်းအဖြေများကို ကျွန်တော်တို့က ဖြေစေချင်သည့်
သက်ဆိုင်သူများက
မဖြေနိုင်လေ၊ ထိုသက်ဆိုင်သူများ အပေါ် ကျွန်တော်တို့၏
အပြစ်တင်သံက
ပိုမိုကျယ်လောင်လေ ဖြစ်သည်။
အေအယ်လ်ပီရဲ့ မူဝါဒပိုင်း
ရိုဟင်ဂျာဟု မိမိတို့ကိုယ်ကို ခေါ်ဝေါ်နေကြသောလူစုအား
တိုင်းရင်းသားလူမျိုးစု တစ်ရပ်အဖြစ် အသိအမှတ်
မပြုကြောင်း
ဒေါ်စောမြရာဇာလင်း က ပြတ်ပြတ်သားသား ပြောကြားသည်။
ပြီးခဲ့သော ဘင်္ဂါလီဆူပူမှုပေါ်ပေါက်ခဲ့ရသည့် အကြောင်းရင်းချာကို
အရင်းအမြစ်နှိုက် လိုက်ရှာဖို့လိုသည်ဟု သူမက
ပြောကြားသည်။ အတိတ်နှင့်
ပစ္စုပန်ကိုသုံးသပ်ပြီး ကျွန်တော်တို့၏ အနာဂတ်အတွက်
အဖြေထုတ်ဖို့လို သည်ဟု
သူမက ဆိုသည်။
သည်ကိစ္စမှာလူဝင်မှု ကြီးကြပ်ရေးဆိုင်ရာပြဿနာသာဖြစ်သည်ဟု
ဆိုကြသည်ကို သူမက
လက်ခံသည်ဟု ဒေါ်စောမြရာဇာလင်းက Coral
Arakan အားပြောကြားသည်။ ဤပြဿနာတွင်
လူဝင်မှုကြီးကြပ်ရေးကလည်း ကောင်းဖို့လိုအပ်သလို
ဥပဒေကို
တည်အောင်လိုက်လုပ်ရတဲ့ လူတွေအပိုင်းကလည်း ရိုးသားမှုရှိဖို့လိုတယ်
ဟု
ရှင်းလင်းပြောပြသည်။
လူဝင်မှုကြီးကြပ်ရေးဘက်ကမကြပ်မတ်နိုင်လို့ အတွင်းဘက်
ရောက်လာသူများကို
UNအဖွဲ့အစည်းများက မျက်နှာသာပေး ဆက်ဆံသည်နှင့်ပတ်သက်၍
ဒေါ်စောမြရာဇာလင်း က
“အခု ဒေသခံရခိုင်လူမျိုးတွေက ယူအန် နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက
မိမိတို့အပေါ်မှာ ခွဲခြားဆက်ဆံတယ် ဆိုပြီး ဆန့်ကျင်
ကန့်ကွက် နေကြတာနဲ့
ပတ်သက်လို့ ကျွန်မက ရခိုင်လူထုနဲ့ သဘောထားတစ်ထပ်တည်းရှိပါတယ်။
အပြင်က
ဝင်လာခဲ့တဲ့ ဧည့်သည်တွေကို တစ်ထောက်ပံ့တည်း
ထောက်ပံ့နေရင်
ထောက်ပံ့မခံရတဲ့ ဒေသခံတွေ ကို နောက်ဆုံးမှာ
အားနည်းသွားအောင်လုပ်တဲ့သဘော
ဖြစ်နေတယ်။ ယူအန်အဖွဲ့အစည်းတွေနဲ့ ကျွန်မစကားပြော
ရတိုင်း ဒါကို ကျွန်မ
မဖြစ်မနေပြောပါတယ်”
ဟု ပြောကြားသည်။
အေအယ်လ်ပီ၏ ခေါင်းဆောင်မှုသည် အိုမင်းလာပြီဖြစ်သည်ဟု
တချို့ကပြောကြသည်နှင့် ပတ်သက်၍ Coral
Arakan ကမေးမြန်းရာ
အရံဗဟိုကော်မတီဝင် ခိုင်အောင်စိုးသန်း ဆိုလျှင်အသက်
သုံးဆယ်ကျော် လူငယ်
ဖြစ်ကြောင်း၊ ပါတီအတွင်းရေးမှုး ခိုင်သုခ သည်လည်း
အသက်လေးဆယ်အရွယ်မျှသာရှိသူဖြစ်ကြောင်း၊ မိမိတို့အတွေ့အကြုံအရ
အသက်အရွယ်ထက် တော်လှန်ရေး၏အကျဘက်ကာလများတွင်
ဒူပေနာပေ ဒဏ်ခံကာ
ရပ်တည်နိုင်သည့်သူများသည်သာ ပါတီအတွက် အရေးကြီးပါသည်
ဟု မိမိကိုယ်တိုင်
အသက် ငါးဆယ် စွန်းစွန်းရှိနေပြီဖြစ်သူ ဒေါ်စောမြရာဇာလင်းက
ဖြေကြားသည်။
ဇာတိနယ်သားများက နှစ်လိုသူ
ပြီးခဲ့သည့် တစ်လခွဲခန့် ကျွန်တော် ရသေ့တောင်မြို့နယ်အတွင်းရှိ
ကျေးရွာများကို သွားလာနေစဉ် တစ်ခုသော စက်လှေခရီးမှာ
စက်လှေပေါ်လိုက်ပါလာသူဒေသခံခရီးသွားများက မြအေးသိန်းဟု
သူတို့ခေါ်ဝေါ်သော
နိုင်ငံရေး အာဇာနည်မယ်တစ်ယောက်အကြောင်းကို
စကားဝိုင်းမှာ
ထည့်ပြောနေကြလေရာ ကျွန်တော်က မြအေးသိန်းဆိုသော
အစ်မကို
ကျွန်တော်မသိကြောင်း ရှင်းပြသည်။ ဒါလေးကိုတောင်
မသိပဲ နိုင်ငံရေးသမား
လိုလို စာပေသမားလိုလို လေလုံးထွားနေရသေးလား
ဆိုသောမျက်နှာပေးမျိုးဖြင့်
သူတို့က ကျွန်တော့် မျက်နှာကို ၀ိုင်းကြည့်ကြသည်။
ရေဒီယိုတွေမှာ စောမြရာဇာလင်း ဆိုပြီး ပါပါနေတာ
မြအေးသိန်းပေါ့ကွ လို့
ဘကြီးအရွယ်တစ်ယောက်က ကျွန်တော့်ဘက်ကို လှည့်ရှင်းပြသည်။
ငယ်ငယ်တုန်းက သိုင်းစာအုပ်တွေထဲမှာ ဖတ်ရတတ်သလို
သိုင်းလောကတစ်ခွင်လုံး
ဟိုးဟိုးကျော်နေသည့် သိုင်းဧကရီ မင်းသမီးချော၏နာမည်ကို
မသိလို့
ရှက်မိရသည့် ရိုးရိုးတောသူတောင်သား တရုတ်လယ်သမားပမာ
ကျွန်တော် ခံစားရသည်။
No comments:
Post a Comment