Saturday, February 11, 2012

မည်သည့် အနှောင်အတင်းများမပါသော အမျိုးသားညီညွတ်ရေး ANC ခေါ်မည်ဟုပြော



Feb 9, 2012. (Aung Than)
ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် ကျင်းပသော အမျိုးသားညီညွတ်ရေး စကားဝိုင်းဆွေးနွေးပွဲ အခမ်းအနားတွင် ရခိုင်ပြည်အမျိုးသားကောင်စီ (ANC)က မည်သည့်နှောင်ကြိုးမှမပါသော အမျိုးသားညီညွတ်ရေးမှ အမျိုးသားအကျိုးဖြစ်ထွန်းမည့် တရားဝင် ကမ်းလှမ်းတွေ့ဆုံမှု များကို ခေါ်ဆောင်ပြုလုပ်သွားမည်ဟု ဗုဒ္ဓဟူးနေ့က ပြောလိုက်ခြင်းဖြစ်သည်။

အမျိုးသားညီညွတ်ရေးစကားဝိုင်းဆွေးနွေးပွဲသို့ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့တွင် အခြေစိုက်ကြသော ANC ကိုယ်စားလှယ်များမှ အပြုသဘောဆောင် ဆွေးနွေးခဲ့ကြပြီး အမျိုးသားညီညွတ်ရေးလုပ်ငန်းများကို တဆင့်စီပူးပေါင်းလုပ်ဆောင်သွားကြရန် သဘောထားများ ရယူခဲ့ကြသည်။

ဆွေးနွေးပွဲအတွင်း ANC ဥက္ကဌ ဦးအရိယာဝံသ က “ANC ဒုဥက္ကဌ ဦးခင်မောင်နှင့် တွေ့ဆုံပြီးဖြစ်ကြောင်း၊ သူ့က ခရီးနှင့်တိုက်ဆိုင်၍ ဆွေးနွေးပွဲသို့ မတက်ရောက်နိုင်ခြင်းဖြစ်ကြောင်း၊ အမျိုးသားညီညွတ်ရေးအတွက် တဆင့်ချင်းစီတက်လှမ်းကာ တရားဝင်ဆွေးနွေး ကြမည့် အစီအစဉ်များ ရှိနေကြောင်း၊ ပြေလည်မည့် ဆွေးနွေးမှုမျိုးကိုသာ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ယခုဆွေးနွေးပွဲမှာ ညီညွတ်ရေး အတွက် တ၀က်ကျော် အောင်မြင်နေပြီးဖြစ်ကြောင်းနှင့် အမျိုးသားညီညွတ်ရေးကို အပြီးအပိုင်လုပ်နိုင်မည်ဟု မျှော်လင့်ကြောင်း။”ဟု မိန်းကြားခဲ့သည်။

ဘင်္ဂလာဒေ့ခ်ျဋ္ဌာနခွဲ (ANC)မှ ဆွေးနွေးပွဲကို ဦးဆောင်ကျင်းပခြင်းဖြစ်ကာ ကော့စ်ဘဇားမြို့ ရွာသာရွာဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခြင်းဖြစ်ပြီး အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ၊ မျိုးချစ်ပြည်ချစ်များ၊ တသီးပုဂ္ဂလများ၊ သာရေးနာရေးအသင်းအဖွဲ့များနှင့် လေ့လာသူများ ၅၀ နီးပါးခန့် တက်ရောက်ဆွေးနွေးခဲ့ကြသည်။  

ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများအနေဖြင့် အမျိုးသားညီညွတ်ရေးစကားဝိုင်းဆွေးနွေးပွဲ ခေါင်းစဉ်အရ မိမိတို့အမျိုးသားများ အကြား မည်သို့ပုံစံနည်းလမ်းများကို ရှာဖွေကြံဆပြီး မျိုးဆက်သစ်များနှင့်အတူ ဘက်ပေါင်းစုံ ရှု့ဒေါင့်များမှ စစ်မှန်သော ညီညွတ်ရေး အကျိုးစီးပွားကို နည်းလမ်းပေါင်းစုံရှာဖွေ လုပ်ဆောင်အကောင်အထည်ဖေါ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အပြုသဘောများဖြင့် ဆွေးနွေး တင်ပြခဲ့ကြသည်။

မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး အပြောင်းအလဲများနှင့် ရခိုင်အမျိုးသား၏ ရခိုင်ပြည်နိုင်ငံရေး အခြေအနေအပေါ် မူတည်ပြီး အမျိုးသားညီညွတ်ရေးစကားဝိုင်း ဆွေးနွေးပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

ဆွေးနွေးပွဲတွင် သဘာပတိကြီး ဦးရာဇိန္ဒက ဦးဆောင်ပြီး နမောတဿ သုံးကြိမ်ရွက်ဆိုပြီးနောက် အဖွင့်မေးခွန်းဖြင့် ညီညွတ်ရေးသို့ ဦးတည်မိန်းကြားခဲ့ပြီး၊ တွဲဖက် သဘာပတိ ဦးအရိယာဝံသ က “ဆွေးနွေးပွဲရလာဒ်တွေကနေ ညီညွတ်ရေးလုပ်ငန်းကို သမိုင်းနှင့်ချီပြီး ကျမ်းပြုနိုင်အောင် လုပ်နိုင်မည်ဟု မျှော်လင့်ကြောင်း။” အပိတ်မေးခွန်းပြောကြားကာ အခမ်းအနားကို ညီညွတ်ရေးသည် ငါရို့အရေးဟု၍ ကြွေးကြော်ပြီး နေ့လည်ပိုင်းကစတင်သည့် ဆွေးနွေးပွဲကို ညနေတွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့သည်။

3 comments:

  1. ANC မှပြုလုပ်သော အမျိုးသားညီညွတ်ရေးစကားဝိုင်းအပေါ် AASYC မှ အတွင်းရေးမှူး(၂)ကိုကံမြင့်က သူ့အမြင်ကို နိရဉ္စရာသို့ယခုလိုပြော သည်။

    “ကျနော့်အမြင်တော့ ANC ကစကားဝိုင်းလုပ်နည်းလုပ်ဟန်ထက် ဘယ်သူတွေနဲ့အကွဲအပြေးဖြစ်နေတယ်။ ဘယ်သူတွေနဲ့ ဆွေးနွေးသင့်တယ် ဆိုတဲ့ အပေါ်မှာအဓိကထားပြီး အမျိုးသားညီညွတ်ရေး အတွက်လုပ်သင့်ပါတယ်။ ပြီးရင်ကွဲပြေးနေတဲ့ ပါတီက ခေါင်းဆောင်တွေကို ဖြစ်အောင်ခေါ် ရပါမယ်။ သူတို့မပါတဲ့ လူထုစကားဝိုင်းဟာ အမျိုးသားညီညွတ်ရေးကိုဦးတည်တယ်လို့ မမြင်ဘူး။ ခုလုပ်တဲ့စကားဝိုင်းက Propaganda တခုအဆင့် လောက်လုပ်တယ်လို့ပဲမြင်ပါတယ်“ ဟုပြောသည်။

    ReplyDelete
  2. ညီညွတ်ရေးကိုအသူဖြိုခွင်းပနာ ကုလားပါးကငွေကိုအသူယူခရေဆိုစွာကိုလည်းသိဖို့လိုပါရေ AASYC ကိုဖြိုပစ်ခစွာလည်းယင်သူရိုရာ နောက်ရွှေဂစ်ကမစားရလို့ AASYC ကိုပြန်ဝင်လာစွာရာ ရှင်းရှင်းပြောရကေ တကျော့ပြန်ကံမြင့်ပါ့ယေ အလုပ်တခုလည်းမဟိန့် နီစွာကဘုန်းကြီးကျောင်း စားစွာလည်းဘုံးကြီးကျောင် ယင်းအထဲမွှာ၇က်ချေဘာချေတောင်သောက်သိန့်ယင့် ပန်းထိန်လုပ်နီစွာထက်တော့ကောင်းရေပါ့ ယကေလည်းဘုန်းကြီးကျောင်မာနီစွာကတော့ အတူတူပါယာ။

    ReplyDelete
  3. ရခိုင်သားစုကေ အခြင်းစီပြောဖို့ ပျင်ကတ်တေကား ကံမြင့် က ဘုန်းကြီးကျောင်းမှာကား မနီကား AASYC ရုံးခန်းနန့် ဘဂ်လာမှာ ရပ်တည်နိန်စော် ဘလိုင်းမပြောဘာကေ့ လေ ပန်းထိမ်တယောက်က နိုင်ငံရေး ရခိုင်ပြည်အရေးကို လုပ်တေ ဆိုကေ ကြိုဆိုရဖို့ သူက သူ့ အမြင်ကို ထောက်ပြစော် ယေကေ
    ဒေချင့် ကို ဆက်လို့ ANC က အမျိုးသားညီညွတ်ရေး တရပ်ရအောင် ကြိုးစားရဘာဖို့  ထောက်ပြရေ
    လူကို မသိမလေ့ လာဘဲ ဗလိုင်းဘုန်းကြီးကျောင်းမှာနိန်ရေလို့ ဇာအထောက်အထားနန့် ပြောစွာဘာလေး
    ဂစ္ဆပသတင်းအေဒီတာလေး မိန်းကြည့် ပါအုန်း ဝါးလုံရှည်နန့် မယမ်းပါကေ့ ရခိုင်သားအချင်းချင်း ဇာသူ
    ဇာလုပ်နီရေ ဆိုစော် တနားစုံစမ်းကေ သိကတ်ပါဖို့ ကုလားပါးက ဖေ့ ချာယူရေ ဆိုကေ အကို့ မှာ
    အထောက်အထားနန့် ရခိုင်ပြည်သူတိ သိအောင် ဖွင့် ချလေ ကွန်မင့် ပီးစော်က ကောင်းပါရေ
    ပျက်စီးဖို့ ကန်နီစော်ကို ပြန်လို့ ညှိယူဂတ်ပါလေ အပြုသဖေါဆန်ရေ လုပ်ရပ်တိ လုပ်ဂတ်ပါလေ
    နိုင်ငံရေး သဖေါတရား ရှု့ ထောင့် က ဝေဖန်ဂတ်ပါ ရီးဂတ်ပါ ရခိုင်သားအချင်းချင်း အပုတ်ချတမ်း
    ဆိုကေ တခုလေးကျံဖို့ မဟုတ်ဗျာယ် ကံမြင့် ထောက်ပြကေ ကံမြင့် ကို ဘာ ခေါ်ဆွေးနွေး အဖြေရှာ
    ဘာလေ လူတယောက်ကို ဗလိုင်းဂုဏ်သိက္ခါ ညိုးနွမ်းစီရေ လုပ်ရပ်နန့် ဝေဖန်ကွန်မင့် ပီးစော် က တစိချေ နေရာမကျပါ မိမိလည်းပါဝင်ဆွေးနွေးနိုင်အောင် AASYC ဖြစ်ဖြစ် ANC ဖြစ်ဖြစ် ရခိုင်ပြည်သူတိအားလုံးနန့် ဆိုင်ရေ ကိစ္စတိဘာလေ ဒေပိုင်ပျင်ကတ်ပြောကတ်ကေ ငြိမ်းချမ်းရေးကို
    ဦးမတည်ဘဲ ဖြစ်လားဘာဖို့  ထော ဗမာကို ဒေါ်စုက ဗမာလည်းတိုင်းရင်းသားလတ် ဇာလောက်
    ပရိယယ်ကြွယ်ဘာရေလည်း ဒေကုက ငယ်နာတိဖေါ်လို့  မရီးကတ်ပါကေ့ အကြံပီးဂတ်ပါ စုပေါင်းညှိနှိုင်းအဖြေရှာဘာ ARRC KL ဆိုစော်လည်း ဂုဏ်သိက္ခာရှိရှိနန့် ရခိုင်ပြည်သူတိနန့် ဖွဲ့ ထားရေ အဖွဲ့ အစည်းတရပ်မဟုတ်ပါလား ယေကေ ခေါ်ပါ
    ညှိပါ စုပေါင်းပါ စစ်မှန်ရေငြိမ်းချမ်းရေး တရပ်ပေါ်ထွန်းလာဘာလိမ္မည် ခင်မင်လေးစားလျှက် ခိုင်ရဲနီ(ရခိုင်ပြည်အမျိုးသားညီညွတ်ရီးဆုံရပ်)
    ဘဂ်လားဒေခ်ျ့ 
    ညီညွတ်ရီးလိုလားသူတိုင်း မိမိနိန်ထိုင်ရာပတ်ဝန်းကျင်မှာ အယင်တည်ဆောက်ကြည့် ပါ

    ReplyDelete