Tuesday, September 11, 2012

မြန်မာပြည်ဖွား ဘင်္ဂလီသောင်းကျန်းသူများအား ဘင်္ဂလာမှ ထပ်မံ ဖမ်းဆီးမိပြန်

Written by သဇင်ဥ    Wednesday, 12 September 2012 09:53   PDFPrintE-mail
Police arrested Bangliရခိုင်ပြည်နယ်အတွင်း သောင်းကျန်းနေသော ဘင်္ဂလီမူဆလင်များမှ ဆီးရီးယားနှင့် အာဖကန်နယ်စ္စတန်နိုင်ငံသို့ ထွက်ခွာပြီး ဖေါက်ခွဲရေး စစ်ပညာသင်တန်းများ တက်ရောက်ရန် ကြိုးပမ်းသွားရောက်မည့်သူ (၄) ဦးအား ကော့စ်ဘဇားမြို့နယ်အတွင်းမှ ယခုလအစောပိုင်း (၃) ရက်နေ့က ဖမ်းဆီးရမိကြောင်း ဒေသထုတ်သတင်းစာနှင့် Website စာမျက်နှာများတွင် ဖေါ်ပြချက်အရ သိရှိရသည်။

ယင်း သောင်းကျန်းသူ ဘင်္ဂလီမူဆလင်များအား ကော့စ်ဘဇားခရိုင်အတွင်းရှိ နတ်ချောင်းဆိုးရီနယ်မြေ တောထဲမှ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်းနှင့် ဘင်္ဂလာ အခြေစိုက် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ JMBနှင့် ဆက်စပ်မှုများရှိကြောင်း (၄) ရက်နေ့ထုတ် The Dainik Ajker Cox's Bazar သတင်းစာက ဆိုသည်။

ဖမ်းဆီးရမိသူ အာဘ်ဒူလ္လာဟေလ် ကာဖိ (၂၆)နှစ်၊ ဖာရုက် (၃၃)၊ မိုဟာမတ် ရုဘေလ် (၁၈)နှင့် အာဘ်ဒူလ် မော်တိန် (၃၇)နှစ်တို့ ဖြစ်ကြောင်း၊ ဒီကနေ့ ရုံးထုတ်စစ်ဆေးရန် ရုံးရက်ချိန်းပေးထားကြောင်းနှင့် ယင်းတို့၏ ထွက်ဆိုချက်အရ လက်ရှိနေရပ်လိပ်စာမှာ ကော့စ်ဘဇားမြို့အတွင်းမှ ဖြစ်ကြောင်း ဖေါ်ပြသည်။

ယခုအခါ ယင်းသောင်းကျန်းသူများ အနေဖြင့် ရခိုင်ပြည်နယ်အတွင်းတွင် ဂျီဟက်(ဘာသာရေး) စစ်ပွဲဆင်နွဲရန် အင်အား (၅၀) မှ (၅၅) ဦးခန့်မှာ ဘင်ဒရိုဘင်ခရိုင် အလယ်ခေါင်ဒေါင်နယ်မြေနှင့် ဘိုင်ဆရီနယ်မြေအတွင်းတွင် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှ စတင်၍ နည်းမျိုးစုံဖြင့် ကြိုးပမ်းနေကြကြောင်းနှင့် လူစုဝေပြီး ဆီးရီးယား၊ ပါကိစ္စတန်နှင့် အာဖကန်နိုင်ငံတို့တွင် သင်တန်းများ တက်ရောက်နိုင်ရန် ၂၀၁၂ ခုနှစ် မတ်လတွင် ကော့စ်ဘဇားမြို့သို့ တက်ရောက်လာခြင်းဖြစ်ကာ သတင်းများအရ သက်ဆိုင်ရာက ဖမ်းဆီးခြင်းဖြစ်ကြောင်း လေ့လာသူများက ထုတ်ဖေါ်ပြောဆိုသည်။

ဖမ်းဆီးရရှိသူများထံမှ ဂျီဟက်-အကြမ်းဖက် စာအုပ် (၂၀) အုပ်၊ ဂျီဟက်မှတ်စု (၁) အုပ်၊ မိုဘိုင်းဖုံး (၄) လုံး၊ အီလတ်တရစ်နစ် စက်ပစ္စည်းတချို့၊ အာဖကန်သို့ သွားရောက်မည့် လမ်းစာရိတ်ရရှိရန် မော်တော်ဆိုက္ကယ်ရောင်းရငွေ တာကာ (၅၀၀၀၀) အနက် တာကာ (၁၈၆၀၅) ကျော်ကို ဖမ်းဆီးခံရပြီး တခြားတချို့သောပစ္စည်းများ လက်ရဖမ်းဆီးရမိကြောင်း သက်ဆိုင်ရာ ရဲထောက်လှမ်းရေးမှ ပြောသည်ဟု (၄) ရက်နေ့ထုတ် The Daily Saikat သတင်းစာက ဖေါ်ပြသည်။

ယင်း ရခိုင်ပြည်နယ်ကို အကြမ်းဖက်တိုက်ခိုက်ပြီး အကြမ်းဖက်နယ်မြေအဖြစ် သတ်မှတ်ရန် ကြိုးပမ်းလုပ်ဆောင်နေသော သူများမှာ ပါကိစ္စတန်နိုင်ငံမှ အကူအညီများ ရရှိနေကြောင်းနှင့် စစ်တကောင်းတောင်တန်းဒေသများဖြစ်သော ဘင်ဒရိုဘင်ခရိုင်အတွင်း၊ ကော့စ်ဘဇားခရိုင်အတွင်းနှင့် ရခိုင်ပြည်နယ်နှင့် ထိစပ်နေသော တောင်တန်းဒေသများအတွင်း အခြေစိုက်ကြောင်း ဒေသထုတ် သတင်းစာနှင့် ၀ပ်ဆိုက်အများအပြားက ဖေါ်ပြသည်။

အဆိုပါ သတင်းစာများက မြန်မာပြည်ဖွား ယင်းသောင်းကျန်းသူ ဘင်္ဂလီများမှာ ဘင်္ဂလာသို့ နည်းမျိုးစုံဖြင့် ကျူးကျော်ဝင်ရောက် လာနေကြပြီး ဖေါ်ပြပါနိုင်ငံများသို့သွားရောက်၍ စစ်အတတ်ပညာများ သင်ယူနေကြကြောင်းနှင့် တောင်တန်းဒေသနေ လူထုများအား ပုံစံမျိုးစုံဖြင့် ခြိမ်းခြောက်လျက်ရှိနေကြောင်း စုံစမ်းသိရှိရသည်။

ထို့ပြင် ကော့စ်ဘဇားမြို့အတွင်းမှ ဖမ်းဆီးရမိသူများနှင့် ဆက်စပ်မှုရှိနေသည်ဟု ယူဆရသူ မြန်မာပြည်ဖွားနှင့် ဘင်္ဂလီ (၉) ဦးအား (၃) ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ယခုအခါ ကော့စ်ဘဇားမြို့အတွင်းတွင် ယင်းတို့နှင့်ဆက်စပ်နေသူများ အများအပြား ၀င်ရောက် ခိုအောင်းနေကြကြောင်း မျက်မြင်သက်သေများက ထုတ်ဖေါ်ပြောဆိုနေကြသည်။

ကော့စ်ဘဇားမြို့ ရဲထောက်လှမ်းရေး အကြီးအကဲ ဆေလိမ် မိုဟာမ္မဒ် ဇာဟာဂီးရ်၊ လက်ထောက် ဘာဘူလ်နှင့် DSB တာလေဘူရ် ရော်ဟာမာန် ဇော်ဂိတို့က ဖေါ်ပြပါ သတသင်းအချက်အလက်များမှာ တိကျမှန်ကန်ကြောင်း ၃ ရက်နေ့က ဒေသသတင်း ထောက်များနှင့်အတူ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရှင်းလင်းခဲ့ကြောင်း ဒေသသတင်းထောက်များက အတည်ပြု ပြောဆိုသည်။

ရခိုင်ပြည်နယ်အတွင်း လွန်ခဲ့သော ဇွန်လ (၈) ရက်နေ့မှစတင်သည့် ပဋိပက္ခကာလတွင် ယင်းအကြမ်းဖက် သောင်းကျန်းသူများနှင့် တိုက်ရိုက်ဆက်စပ်မှု ရှိသူ (၁၃) ဦးအား ဘင်္ဂလာ ကော့စ်ဘဇားမြို့ ရဲကဖမ်းဆီးစစ်ဆေးခဲ့ပြီး ပြန်လည်၍ ရက်ချိန်းသတ်မှတ် လွှတ်ပေးခဲ့ရာ ယခုအချိန်ထိ အရေးယူဆောင်ရွက်မှုများ မရှိသေးပေး။

ထို့ပြင် မြန်မာသမ္မတ ဦးသိန်းစိန် အနေဖြင့်လည်း ယင်းအကြမ်းဖက်မှုကို တိုက်ရိုက်ကြိုးကိုင်တွယ်ခဲ့သူဟူ၍ စစ်ဆေးချက်များအရ တွေ့ရှိပြီး ထောင်ဒဏ်ပေးခံရသူများနှင့် စစ်ဆေးမှုကာလတွင် သက်ဆိုင်ရာသို့ လာဒ်ပေး၍ ကုလ၀န်ထမ်း (၁၀) ဦးကို လွှတ်ပေးခဲ့သည်။
ArakanTimes

No comments:

Post a Comment