|
အမေရိကန်နိုင်ငံမှ အာရှပစိဖိတ်ရေးရာ ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Joseph Y.Yunနှင့်အဖွဲ့အနေဖြင့် မြန်မာသို့ရောက်ခဲ့စဉ် ဘင်္ဂလီမူဆလင်များမှာ အများအပြား ဒုက္ခရောက်လျှက် ရှိနေသေးကြောင်းနှင့် ဘင်္ဂလာမှ တင်ပြချက်များအရ နယ်စပ်ကျူးကျော်လာနေကြသည်မှာ များပြားလာနေသောကြောင့် အလွယ်တကူကျော်ဖြတ်နိုင်ဖို့ နယ်စပ်ဖွင့်ပေးထားရန် လိုအပ်ကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
Mr. Joseph Y.Yunနှင့်အတူ (၃) အဖွဲ့မှာ ဘင်္ဂလာအာဏာပိုင်များအား ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် ပဋိပက္ခများနှင့် စပ်လျဉ်း၍ နယ်စပ်ဖွင့်လှစ်ပေးထားရန် ဖိအားပေး တောင်းဆိုခဲ့ကြောင်း သိရှိရသည်။
ယင်းအဖွဲ့မှာ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် (၃)ရက်ကြာ ပဋိပက္ခအခြေအနေကို လေ့လာစုံစမ်းမေးမြန်းခဲ့ပြီး မြန်မာမှတစ်ဆင့် ဘင်္ဂလာတွင် (၁၁)ရက်မှ (၁၃)ရက်အတွင်းလေ့လာ၍ ရရှိခဲ့သည့် သတင်းမှားများအပေါ် မူတည်၍သော်လည်းကောင်း၊ လူ့အခွင့်အရေးရှု့ဒေါင့်မှမူတည်၍သော်လည်းကောင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် စစ်အစိုးရအဆက်ဆက် အာဏာအလွဲသုံးစားလုပ်လို၍ ဘင်္ဂလီများကို နိုင်ငံသားအဖြစ် လက်ခံခဲ့ခြင်းဖြစ်ကြောင်း၊ တဖန် မဲရရှိရန်အတွက် ပါတီများကပါ ပါတီဝင်များ သတ်မှတ်ခဲ့ကြောင်း၊ အာဏာရှင်စနစ် ရေရှည်တည်တံ့ရေးအတွက် ရခိုင်ပိုင်နက်နယ်မြေ၊ နိုင်ငံရေးနှင့် လက္ခဏာများအား နည်းမျိုးစုံဖြင့် ဖြိုခွင်းခဲ့ကြောင်းနှင့် ခေတ်ကနဦးကတည်းက ယခုထိ ရခိုင်မြေပေါ်တွင် သွေးမြေကျစေခြင်းမှာ နယ်ချဲ့သမားများ၏ ရေရှည်စီမံကိန်းများ ကြောင့်သာဖြစ်ကြောင်း ၀ါရင့်ရခိုင်နိုင်ငံရေးသမားများက ပြောသည်။
လက်ရှိတွင် မြန်မာ-ဘင်္ဂလာ-ထိုင်း-တရုတ်-အိန္ဒိယ-မလေးရှားနှင့် တချို့နိုင်ငံများရှိ ဘင်္ဂလီ အများအပြားမှာ ဘင်္ဂလီမူဆလင် (ရိုဟင်ဂျာ)အမည်များဖြင့် ဒုက္ခသည်အဖြစ်လျှောက်လာကြသူများ များပြားလာနေကြောင်းနှင့် တချို့မူဆလင်နိုင်ငံများမှလည်း အသုတ်လိုက် ဒုက္ခသည်အဖြစ် အသိအမှတ်ပြုပေးပြီး တတိယနိုင်ငံများသို့ ပို့ဆောင်နေကြောင်း အင်တာနက်သတင်းများက ဆိုသည်။
Mr. Joseph Y.Yunနှင့်အတူ (၃)အဖွဲ့မှာ အဖွဲ့အနေဖြင့် ဘင်္ဂလာတွင် ကုလအသိအမှတ်ပြု မခံရသေးသော တာခ်နာမြို့နယ် လေဒါ ဘင်္ဂလီမူဆလင် ဒုက္ခသည် စခန်းသို့ သွားရောက်လေ့လာခဲ့သော်လည်း မြန်မာဒုက္ခသည်နှင့် ဒုက္ခသည်အဖြစ် လျှောက်ထားသူများနှင့် တွေ့ဆုံရန် တစ်စုံတစ်ရာ အစီအစဉ်မရှိခဲ့ပေ။
အခုအခါ ဘင်္ဂလာနယ်စပ်တစ်လျှောက်ရှိ BGB နှင့် ကမ်းခြေစောင့်တပ်များအနေဖြင့် ယင်းဘင်္ဂလီမူဆလင်များအား အခြေအနေနှင့် လိုက်လျောညီထွေစွာ ကူညီဆောင်ရွက်မှုများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ဒေသသတင်းထောက် ဟာဖေဇ် မူဟာမ္မဒ် ကာဆေမ်က ပြောသည်။
http://www.arakantimes.net/burmese/index.php/2012-02-24-06-58-57/448-mr-joseph-yun-
No comments:
Post a Comment