Wednesday, September 19, 2012

နိုင်ငံရေးစားပွဲတွင် စကားလွှဲလျှော်မှုမရှိအောင် တိုင်းရင်းသားပေါင်းစုံညီလာခံကျင်းပ


Written by မိုးဇော်    Thursday, 20 September 2012 01:14   PDFPrintE-mail
IMG 5929 copyလွန်ခဲ့သော စက်တင်ဘာလ (၁၆)ရက်နေ့က ပြီးဆုံးခဲ့သည် (၃)ရက်တာ တိုင်းရင်းသားလူမျိုးများညီလာခံတွင် တိုင်းရင်းသားလူမျိုးများအားလုံး နိုင်ငံရေးစားပွဲဝိုင်သို့ရောက်လျှင် စကားလုံးများလွဲလျှော်မှုမရှိရန် ညီလာခံ ကြိုတင်ကျင်းပရခြင်းဖြစ်ကြောင်းကို ALP ကိုယ်စားတက်ရောက်ခဲ့သော ဒေါ်စောမြရာဇာလင်းမှ အာရ်ကန်တိုင်းမ်စ်သို့ ပြောသည်။
" တိုင်းရင်းသားလူမျိုးများအားလုံး အပစ်အခတ်ရပ်စဲရေးဖြစ်ဖို့ ရောက်လာကြရင် တိုင်းရင်းသားတွေ ဟိုတစ်ပေါက် ဒီတစ်ပေါက်ပြောနေတာမဖြစ်အောင် တိုင်းရင်းသားလူမျိုးအားလုံးညှိဖို့လို့ ညီလာခံခေါ်ယူကျင်းပရခြင်း ဖြစ်ပါတယ်။ " ဟု သူကပြောသည်။
နိုင်ငံတော်သမတ္တ ဦးသိန်းစိန်အစိုးရအဖွဲ့နှင့် တိုင်းရင်းသားပေါင်းစုံတို့ လက်နက်ကိုင် အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းရေးဆွေးနွေးပွဲသွားသည့်အခါ တိုင်းရင်းသားများအားလုံး ရည်ရွယ်ချက်နှင့် ဘုံသဘောထားတစ်ခု ဖြစ်စေလိုသောဆန္ဒဖြင့် တိုင်းရင်းသားပေါင်းစုံ ညီလာခံကျင်းပရခြင်းဖြစ်ကြောင်း ကျင်းပရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာရွှေခါးရ်မှပြောသည်။
အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ လက်ရှိတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ ပြည်တွင်းမှ လူထုအခြေစု အဖွဲ့အစည်းများ၊ တိုင်းရင်းသား နိုင်ငံရေးပါတီများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် အမျိုးသမီးနှင့် လူငယ်အဖွဲ့အစည်း ပေါင်းစုံပါဝင်သည့် ညီလာခံတစ်ရပ်အား ကျင်းပခဲ့ခြင်းဖြစ်သည်။
တိုင်းရင်းသားပေါင်းစုံ ညီလာခံကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် စက်တင်ဘာလ (၁၄)ရက်မှ စတင်ခဲ့ပြီး (၁၆)ရက်နေ့ထိ ကျင်းပရာ ကိုယ်စားလှယ်တော်ပေါင်း (၁၃၀)ကျော်တက်ရောက်ကြပြီး ယင်းညီလာခံကြီးမှ အချက်(၆)ချက်ပါသော တိုင်းရင်းသားလူမျိုးများ၏ ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ကြောင်း သိရသည်။
IMG 5953 copy
IMG 5931 copy
IMG 5927 copy
Last Updated ( Thursday, 20 September 2012 02:17 )ArakanTimes

No comments:

Post a Comment