Thursday, September 13, 2012

Jammatul Arakan (JMB) အကြမ်းဖက် ၄ ဦးကို ထပ်မံရုံးရက်ရွေ့

Written by သဇင်ဥ    Thursday, 13 September 2012 10:57   PDFPrintE-mail
Jamaatul Arakan (Jamaatul Mujahideen Bangladesh - JMB) မိမိကိုယ်ကို ထွက်ဆိုထားသည့် အကြမ်းဖက်သမား ၄ ဦး၏ ရုံးရက်ချိန်းကို ထပ်မံ၍ (၄) ရက် ကော့စ်ဘဇားရဲဌာနမှ ရက်ချိန်း ယမန်နေ့က ထပ်မံရွေ့ဆိုင်းလိုက်ကြောင်း မနေ့ကထုတ် DAINIK COX'S BAZAR သတင်းစာတွင် ဖေါ်ပြထားသည်။

ဘင်္ဂလာ အာဏာပိုင်က Jamaatul Arakan (JMB) အဖွဲ့ဝင် (၄) ဦးကို ကော့စ်ဘဇားခရိုင်အတွင်းရှိ နတ်ချောင်းဆိုးရီမြို့နယ် တောနက် အတွင်းမှ စက်တင်္ဘာလ (၃) ရက်နေ့က ဖမ်းဆီးရမိခဲ့ပြီး ရုံးထုတ်စစ်ဆေးမေးမြန်းမှုများ မပြုလုပ်ခဲ့ဘဲ ရုံးရက်ချိန်း (၇) ရက်ပေးခဲ့ခြင်း ဖြစ်သည်။
ယင်း ဖမ်းဆီးခံရသူများမှာ ရခိုင်ပြည်နယ်တွင် အကြမ်းဖက် သောင်းကျန်းမှုများ ပြုလုပ်ရန် ဆီးရီးယား၊ အာဖကန်နယ်စ္စတန်နှင့် ပါကိစ္စတန်နိုင်ငံများသို့ ထွက်ခွာပြီး ဖေါက်ခွဲရေး စစ်ပညာသင်တန်းများ တက်ရောက်ရန် ကြိုးပမ်းနေကြသူများ ဖြစ်ကြောင်း သတင်းများက ဆိုသည်။

ယင်းတို့မှာ အာဘ်ဒူလ္လာဟေလ် ကာဖိ (၂၆)နှစ်၊ ဖာရုက် (၃၃)၊ မိုဟာမတ် ရုဘေလ် (၁၈)နှင့် အာဘ်ဒူလ် မော်တိန် (၃၇)နှစ်တို့ ဖြစ်ပြီး Jammatul Arakan အဖွဲ့ဝင်များဖြစ်ကြောင်းနှင့် ဘင်္ဂလာတွင် သောင်းကျန်းသူအဖွဲ့ JMBနှင့် ဆက်စပ်၍ ယင်းမှပေါက်ဖွားလာသော အဖွဲ့ဖြစ်ကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်အတွင်း သောင်းကျန်းလာနေသော ယင်းအဖွဲ့မှာ မောင်တော-ဘူးသီးတောင်-ရသေ့တောင်မှတဆင့် မြန်မာနိုင်ငံအား သိမ်းယူပြီး ဂျီဟက် (ဘာသာရေး) အစွန်းရောက်များ လွှမ်းမိုးသည့် နိုင်ငံထူထောင်ရန် ရည်ရွယ်ချက်များရှိကြောင်း အင်တာနက် လေ့လာသူများက သုံးသပ်ပြောဆိုသည်။
ယင်းတို့မှာ ၂၀၀၁ ခု၊ ဒီဇင်္ဘာမှ လျှို့ဝှက်ဖေါ်ထုတ်ခဲ့ကာ အင်အားမှာ (၅၀)မှ (၅၅) ဦးခန့် ရှိနေပြီးဖြစ်ကြောင်း၊ ဘင်ဒရိုဘင်ခရိုင် အလယ်ခေါင်ဒေါင်၊ ကော့စ်ဘဇားခရိုင် ဘိုင်ဆရီနှင့် နတ်ချောင်းဆိုးရီနယ်မြေများတွင် အခြေစိုက်လှုပ်ရှားကြောင်း သိရှိရသည်။

ဘင်္ဂလာ အာဏာပိုင်များက ၎င်းတို့နှင့် ဆက်စပ်မှုရှိသည်များဟု ယူဆသူ နှစ်ဖက်ချွန် ဘင်္ဂလီများအား နေရာအနှံ့ စုံစမ်းလိုက်လံ ဖမ်းဆီးမှုများ ပြုလုပ်လျက် ရှိနေကြောင်း၊ ရခိုင်ပြည်နယ်သို့ တရားမ၀င် ပြန်လည်ပို့ဆောင်မှုများ ရှိနေကြောင်းနှင့် ထိမ်းသိမ်းပြီး စစ်ဆေးမေးမြန်းမှုများအားလည်း ပြုလုပ်လျက်ရှိနေကြောင်း သတင်းများရရှိသည်။

ကော့စ်ဘဇားမြို့ရဲထောက်လှမ်းရေး မိုဟာမတ် ဘာဘူလ် ဦးဆောင်ပြီး ရဲ (၁၂) ဦးနှင့် စစ်တပ်မှ (၂၀) ဦး စုစုပေါင်း (၃၂) ဦးတို့ ပူးပေါင်းပြီး အကြမ်းဖက်သမားများအား ဖမ်းဆီးနိုင်ရန် စစ်ဆင်ရေးများ ပြုလုပ်လျက်ရှိနေကြောင်း ယနေ့ထုတ် DAINIK COX'S BAZAR သတင်းစာက ဆိုသည်။
http://www.arakantimes.net/burmese/index.php/2012-02-24-06-58-57/439-jammatul-arakan-jmb----

No comments:

Post a Comment