Friday, December 28, 2012

စစ်တွေ- ရေချမ်းပြင် ဘူတာကြား ရထားလမ်း ဇလီ ဖားတုံးနှင့် သံမှိုများ ပျောက်ဆုံး Shared by ကေတု

Thursday, 27 December 2012 09:01 စစ်တွေ ဒီဇင်ဘာ ၂၆
၂ဝ၁၂ ခုနှစ် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများ ဖြစ်ပွားပြီးနောက် လုံခြုံမှု အခက်အခဲကြောင့် စစ်တွေ-ရေချမ်းပြင် ရထား ပြေးဆွဲမှုအား ရပ်နား ထားခဲ့သည်။
စစ်တွေ ဘူတာမှ ရေချမ်းပြင် ဘူတာကြား ရထားသံလမ်းတွင် ထည့်သွင်း အသုံးပြုထားသည့် သစ်သား ဇလီဖားတုံးများ ပျောက်ဆုံး နေမှုကို သိရ၍ ဒီဇင်ဘာ ၂၁ ရက်က အငယ်တန်း အင်ဂျင်နီယာ (၃)သံလမ်း ဦးနေလင်းအောင်နှင့် အဖွဲ့၊အမှတ်(၁) ရဲစခန်းမှ    တာဝန်ရှိသူများ၊   ဒုတိယ ရဲအုပ် ခင်မောင်လှ ဦးစီးအဖွဲ့နှင့် အတူ လမ်းပိုင်း တစ်လျှောက်  လမ်းလျှောက် စစ်ဆေးရာ အရှည် ၆ ပေ၊ ဗြက် ၈ လက်မ၊ အထူ ၄ လက်မခန့်ရှိ ရေချမ်းပြင် ဘူတာတွင်  စုပုံထားသော ဇလီဖားတုံး  ၉၇ တုံး၊ လမ်းပိုင်း တစ်လျှောက် အသုံးပြုလျက် ရှိသည့် ဇလီဖားတုံး ၄၄၈၈ တုံး (ကာလတန်ဖိုး ငွေကျပ် ၃၅၁၉၉ဝ၄၅)နှင့် ဇလီဖားတုံးရိုက် သံမှို ၁၇၉၅၂ ချောင်း၊ (ကာလ တန်ဖိုးငွေကျပ် ၅ဝ၂၆၅၆ဝ)  ပျောက် ဆုံး နေကြောင်း တွေ့ရှိရသဖြင့်  စစ်တွေ အမှတ် (၁)ရဲစခန်းမှ (ပ) ၄ဝ၇/ ၂ဝ၁၂  ပြည်သူပိုင် အက်ဥပဒေ ပုဒ်မ ၆(၁)အရ   အမှုဖွင့်လှစ် ထားကြောင်း သတင်း ရရှိသည်။
http://www.myawady.net.mm/allnews/crimenews/item/2906-2012-12-27-09-01-41

No comments:

Post a Comment