Sunday, December 23, 2012

ဦးထွန်းအောင်ဖြူ၏ လုပ်ဖေါ်ကိုင်ဘက်များသို့ အိတ်ဖွင့်ပီးစာ


သို့
ဦးမောင်အေးချမ်းနှင့်
လုပ်ဘော်ကိုင်ဘက် မိသားစုအားလုံး
ဦးမောင်အေး မိသားစုအားလုံး

ကောင်းမြတ်သော စေတနာဖြင့် နောက်ဆုံး နှုပ်ဆက်ခဲ့ပါသည်။

ငါသည် ငယ်စဉ်ကပင် ရခိုင်ပြည်အမျိုးသားလွတ်လပ်ရေးလမ်းကြောင်းပေါ်မှာ ပါတီအမျိုးမျိုးပြောင်းပြီး မနားမနေ ဆောင်ရွက်လာခဲ့ယင်း ၁၉၈၂ ခုနှစ်တွင် (ရကပ)နှင့် ဆုတ်ခွာလာခဲ့ယင်း ဘင်္ဂလာဒ့်နိုင်ငံကို ရောက်ရှိခဲ့သည်။

ဘင်္ဂလာဒ့်နိုင်ငံတွင် ရောက်ရှိနေသော တော်လှန်ရေးပါတီများတို့က တပ်ပေါင်းစုဖြစ်ရေး တပ်ဦးဖွဲ့စည်းရေး N.U.P.A ရခိုင်ပြည်အမျိုးသား ညီညွတ်ရေးပါတီ ဖွဲ့ပြီးသည်ထိ၎င်း၊ ပဋ္ဌမ-ဒုတိယ-တတိယ ညီလာခံကိုလည်း ကျန်းမာစွာဖြင့် တက်ရောက်နိုင်ခဲ့သည်။

ယင်းနောက်ပိုင်းတွင် အသက်အရွယ်လည်းကြီး၊ ကျန်းမာရေးမကောင်း၍ ဖလောင်းချိပ်ဆေးရုံတွင်တင်ပြီး လုပ်ဘော်ကိုင်ဘက်ရဲဘော် များမိတ်ဆွေများက ငွေအားဖြင့် ကုသပြုစုသော်လည်း ငါ၏ကိုခန္ဓာကား ကျန်းမာမလာဘဲ နောက်ဆုံးလမ်းကို လားနေပြီဖြစ်၍ အားလုံးသော ရဲဘော်ရဲဘက်များနှင့် မိတ်ဆွေများ မောင်အေး-ကြွင်းကျန်နှင့် မိသားစုများတို့အား ချစ်ခင်မြတ်နိုးစွာဖြင့် နောက်ဆုံး နှုတ်ဆက်လိုက်ပါသည်။

စာမရေးနိုင်ပါ။ ဖြေ့ဖတ်ပါ။

လက်မှတ် (ထွန်းအောင်ဖြူ)
အသက် (၈၀)
တန်ဆောင်မုန်းလ္ဆန်း (၁၀)ရက်။

မှတ်ချက်။             ဦး ထွန်းအောင်ဖြူ သည် မိမိကိုယ်တိုင် မည်သည့်အချိန် သေမည်ကိုသိ၍ မသေမီအချိန်အနည်းငယ်အတွင်း ရေးသားခဲ့သော စာဖြစ်သည်။ ဦးမောင်အေး-ကြွင်းကျန်နှင့် မိသားစုဆိုသူတို့မှာ နောက်ဆုံးအချိန်ထိ အတူ တကွ နေထိုင်ခဲ့သော သက်အမျိုးသား မိသားစုတစု ဖြစ်သည်။ မသေမီတချိန်လုံး သတိတလစ်မျှ မလျော့ခဲ့ပေ။ မူရင်းစာကို အတတ်စ်ဖိုင်းတွင် ဖေါ်ပြထားပါသည်။

No comments:

Post a Comment