Saturday, December 1, 2012

မြန်မာ့တင်ပို့ကုန်မှ ဘင်္ဂလီအမျိုးသားနိုင်ငံတော်ဝင်ငွေ နိုဝင်ဘာလတွင် တာကာ ၆၂၄၀၀၀၀၀ ကျော်ရရှိ

Written by သဇင်ဥ    Saturday, 01 December 2012 18:09   PDFPrintE-mail
2012-03-27-21-03-11-Rice-tmမြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအကြား နယ်စပ်စီးပွားရေး ရေလမ်းကြောင်းဖြစ်သော ဘင်္ဂလာ တာခ်နာဆိပ်ကမ်း တစ်ခုတည်းမှ ဘင်္ဂလီအမျိုးသား နိုင်ငံတော်ဝင်ငွေ တာကာ ၆၂၄၀၀၀၀၀ ကျော်ရရှိကြောင်း ဆိပ်ကမ်း ကာစ္စတင်က ယမန်နေ့က ထုတ်ဖေါ်ပြောဆို လိုက်သည်။

တာခ်နာဆိပ်ကမ်း အကောက်ခွန်ဌာနမှ တာဝန်ရှိသူက "နိုဝင်္ဘာလတွင် တာကာ ၆၂၄၀၀၀၀၀ ကျော် နိုင်ငံတော်ဝင်ငွေ ရရှိတာဟာ နယ်စပ်မှောင်ခိုမူးယစ်နဲ့ နှစ်နိုင်ငံအတွင်း သောင်းကျန်းသူများ အကြမ်းဖက်သည့်ကြားထဲက ရရှိခြင်းဖြစ်ပါတယ်။"ဟု ရှင်းပြသည်။

ကော့စ်ဘဇားမြို့မှ ၈၀ မီလိုမီတာ ဝေးကွာသော တာခ်နာဆိပ်ကမ်းမှ ကာစ္စတင်က "နိုဝင်္ဘာလမှာ စာရင်း ၁၀၆ ခုအရ တာကာ ၆၂၄၂၂၅၉၈ အကောက်အခွန် ရရှိပါတယ်။"ဟု ကိန်းဂဏန်းကို အတိအကျ အတည်ပြု ဆက်လက် ပြောကြားသည်။

ယင်းဆိပ်ကမ်း အခြေစိုက် အမျိုးသားဘဏ္ဍာအဖွဲ့က "နိုဝင်္ဘာလအတွင်းမှာ တာကာ ၅၆၁၀၀၀၀၀ ရရှိဖို့ ခန့်မှန်းခဲ့တာပါ၊ သို့သော်လည်း စာရင်းအရက တာကာ ၆၃၂၂၅၉၈ အမျိုးသားဘဏ္ဍာ အပိုငွေ ရရှိတာကို တွေ့ရပါတယ်။"ဟု ရှင်းပြသည်။

ထို့ပြင် ဘင်္ဂလာမှ မြန်မာသို့ ကုန်ပစ္စည်း စာရင်းဇယား ၃၈ ခုအရ တာကာ ၁၁၈၀၀၀၀၀ တန်ဖိုးကို နိုဝင်္ဘာလအတွင်း တင်သွင်းခဲ့ကြောင်းနှင့် နိုဝင်္ဘာလအတွင်း နိုင်ငံတော်အကောင်အခွန် ရရှိမှုသတင်းကို ယမန်နေ့နှင့် ယနေ့ထုတ် ဒေသသတင်း များကလည်း အတည်ပြု ဖေါ်ပြထားသည်။

လွန်ခဲ့သော ၂၀၀၀ ခုနှစ်က ဘင်္ဂလာ တတာကာလျှင် မြန်မာကျပ် ၂၄ ကျပ်အထိ ရှိခဲ့ရာမှ ယခုနှစ်တွင် တစ်တာကာလျင် မြန်မာကျပ် ၉ ကျပ်ကျော်သာ နယ်စပ်ရပ်ကွက်တွင် ငွေလှဲလည်နှုန်းဖြင့် ဖက်လှည်နေကြသည်။

မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအကြား နယ်စပ်စီးပွားရေးမှာ ဇွန်လ ၈ ရက်နေ့က ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်သမားများက စတင်အကြမ်းဖက်သော အချိန်မှ နှစ်နိုင်ငံ လစဉ်ပုံမှန်ဝင်ငွေများ ထိခိုက်ခဲ့ပြီး နယ်စပ်စီးပွားရေးမှာလည်း ရက်ပေါင်း ၁၅၀ ကျော်ကြာအထိ ရပ်ဆိုင်းနေခဲ့ရာမှ လွန်ခဲ့သော အပတ်က တရားဝင် ပုံမှန်အနေအထားသို့ ပြန်လည်ဖြစ်ပေါ်လာခြင်းကို တွေ့ရကြောင်း နယ်စပ်စီးပွားရေးကို စောင့်ကြည့်သူတစ်ဦးက ဆိုသည်။

သို့သော်လည်း ဘင်္ဂလာအနေဖြင့် အဆိုပါ တာခ်နာဆိပ်ကမ်းတခုတည်းမှ တလလျှင် တာကာ ၇၂၀၀၀၀၀၀ အကောင်အခွန်ရရှိရန် ပဋိပက္ခမတိုင်ခင်အတွင်းက ခန့်မှန်းထားကြောင်း ယင်းဆိပ်ကမ်းတာဝန်ရှိသူများက ပြောဆိုခဲ့သည်။

မြန်မာ့တင်ပို့ကုန် အချို့ကို ဘင်္ဂလာဒေ့ခ်ျနိုင်ငံ စစ်တကောင်းနှင့် ဒက္ကားဆိပ်ကမ်းများသို့ တင်ပို့လေ့ရှိကြောင်းနှင့် မှောင်ခိုစီးပွားရေး သမားများ အနဖြင့် တရားမ၀င် တင်ပို့မှုများလည်း ရှိနေသေးကြောင်း နယ်စပ်သတင်းများက ဆိုသည်။
Arakantimes
 

No comments:

Post a Comment