Thursday, November 15, 2012

လုယူခံ ဗုဒ္ဓရုပ်ပွားတော် ဘင်္ဂလီဒုက္ခသည်စခန်းမှ ရှာဖွေတွေ့ရှိ

Written by သဇင်ဥ    Thursday, 15 November 2012 14:45   PDFPrintE-mail
ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇားခရိုင် ပန်းဝါမြို့ (ရာမူး)နယ်သို့ အကြမ်းဖက်သောင်းကျန်းသူများက စက်တင်္ဘာ ၂၉ ရက်နေ့က စတင်တိုက်ခိုက်ပြီး ဗုဒ္ဓရုပ်ပွားတော် အများအပြားကို လုယူသွားခဲ့ရာ ယခုအခါ ဘင်္ဂလီဒုက္ခသည်စခန်းနှင့် ဒေသအများအပြားမှ ဗုဒ္ဓရုပ်ပွားတော်များ ရှာဖွေတွေ့ရှိ ရမိကြောင်း သတင်းရရှိသည်။

ကော့စ်ဘဇားမြို့ဂိတ် အခြေစိုက် Rapid Action Battalion (RAB-7) က ဒေသအတွင်း ရာဇ၀တ်နှင့် မူးယစ်ဖေါက်ကား ကျူးလွန်သူများကို လိုက်လံရှာဖွေနေရာမှ အိုခီးယားမြို့နယ် ကိုတိုးပါလောင် ဘင်္ဂလီဒုက္ခသည်စခန်းအတွင်းမှ နိုဝင်္ဘာ ၇ ရက်၊ ဗုဒ္ဓဟူးနေ့က ဗုဒ္ဓရုပ်ပွားတော် ၃ ဆူကို ပြန်လည်ရှာဖွေနိုင်ခဲ့ခြင်း ဖြစ်ကြောင်း bdnews24.com တွင် ၈ ရက်နေ့က ဖေါ်ပြခဲ့သည်။

ကိုတိုးပါလောင် ဘင်္ဂလီ ဒုက္ခသည်စခန်း ဈေးဆိုင်မှ ဖမ်းဆီးရမိခြင်းဖြစ်ပြီး ဆိုင်ရှင် Jafar Alam Dipu (35)နှင့်အတူ အပေါင်းအပါ Iman Hossain တို့အား လက်ရဖမ်းဆီးရမိခြင်းဖြစ်ကြောင်း RAB-7မှ ဗိုလ်မှူး Sarwar-e Alam က တရားဝင် ထုတ်ဖေါ် ပြောဆိုခဲ့သည်။

ဒေသခံသတင်းထောက်များနှင့် လူထုများက ပန်းဝါမြို့နယ်မှာ ယင်းတို့အခေါ် (ရိုဟင်ဂျာ)များထံ အဓိက အငြိုးထား တိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်းနှင့် ဗုဒ္ဓရုပ်ထုတော်များမှာ ယင်းတို့ထံ အများအပြား လုယူအခိုးခံရခြင်းဖြစ်ကြောင်း ဆိုသည်။

ဆက်လက်ပြီး ဒေသခံများက "အဲဒီ ဘုရားရုပ်တွေကို ရွှေ၊ စိန် စတဲ့ တန်ဖိုးကြီးတဲ့ ရုပ်ထုတွေအထင်နဲ့ ခိုးယူသွားကြတာပါ၊ ဥာဏ်တော်က သယ်ယူရလွယ်ကူတဲ့ အငယ်မျိုးတွေက ပိုပြီးသပ်ပါယ်ပါတယ်၊ အဲဒီ ရုပ်ပွားတော်တွေကို ဖျက်ဆီးတဲ့ သူတွေအကြားမှာ ကြောက်လန့်နေကြပါတယ်၊ တချို့ပြောတာက ငါက ဘုရားအသေးကိုဖျက်ဆီးတာ၊ အပြစ်သိပ်မရှိဘူး အဲသလိုမျိုး ရဲဋ္ဌာန တွေမှာ ထွက်ဆိုနေကြပါတယ်။"ဟု ရှင်းပြသည်။

ဗုဒ္ဓရုပ်ပွားတော်များကို ဖျက်ဆီးပြီး လုယူခံရပြီးနောက် ဘင်္ဂလီဒုက္ခသည်စခန်းအနီး အိုခီးယားမြို့နယ်အတွင်းမှ တချို့ဆင်းတုတော်များ ကိုပါ ရှာဖွေဖေါ်ထုတ်နိုင်ခဲ့ကြောင်း ဒေသသတင်းများက ဆိုခဲ့သည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် ပန်းဝါမြို့နယ်ရှိ တန်ဖိုးမဖြတ်နိုင်သော ရှေ့ဟောင်းဗုဒ္ဓကျောင်းဘုရားသိမ်ဆောင်များနှင့် ဟိန္ဒူကျောင်းများ တိုက်ခိုက်ခံရမှုမှာ မည်သည့်အကြောင်းပြချက် ခိုင်လုံမှုတစုံတရာမရှိဘဲ အသားလွတ်အနိုင်ကျင့် တိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်း ဒေသခံများကဆိုသည်။

တာခ်နာမြို့နယ် ဘင်္ဂလီဒုက္ခသည် နော်ယာပါရာ စခန်းမှ လက်လုပ် သေနပ်တလက်နှင့်အတူ မိုဟာမတ် ဖေါ်ယေဇေရ် (နေအိမ်အမှတ် ၆၆၁)အား စခန်းတာဝန်ကျ BGBက နိုဝင်္ဘာ ၈ ရက်နေ့က ဖမ်းဆီးဖေါ်ထုတ်ရမိခဲ့ကြောင်း ဒေသထုတ် သတင်းစာများက ဆိုခဲ့သည်။
Arakantimes

No comments:

Post a Comment