Usobita Zin shared Ko Aung's photo.
http://arakanreview.net/ကျွန်ုပ်တို့ ယနေ့ စစ်တိုက်နေကြသည်။ သို့သော် ကျွန်ုပ်တို့သည် စစ်ကို လိုလားကြသူများ၊ စစ်ဝါဒီများကား မဟုတ်ပါ။ ထိုထက် ရှင်းအောင် ဆိုရလျှင် ကျွန်ုပ်တို့သည် စစ်ကို ဆန့်ကျင်သူများသာ ဖြစ်ကြသည်။ ကမ္ဘာတခုလုံးမှ လူ့အဖွဲ့အစည်း တခုလုံးမှ စစ်ကို သုတ်သင်ဖယ်ရှား ပစ်လိုကြသူများသာ ဖြစ်ကြသည်။ သို့ဆိုလျှင် စစ်ကို မည်သို့ ဆန့်ကျင်ကြမည်နည်း။ မည်သို့ ဖယ်ရှားပစ်ကြမည်နည်း။ စစ်ကို စစ်နှင့်သာ ဆန့်ကျင်နိုင်မည်။ စစ်ကို စစ်နှင့်သာ ဖယ်ရှားပစ်နိုင်မည် ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ စစ်ဆန့်ကျင်ရေး နည်းနာမှာ ကြီးမားသော စစ်အင်အားကို စုပြီး စစ်တိုက်လိုသော စစ်ဝါဒီများကို၊ အနိုင်ကျင့်လိုသော ဖိနှိပ်သူများကို စစ်မတိုက်နိုင်အောင် အနိုင်မကျင့်နိုင်အောင် အင်အားဖြင့် ထိန်းချူပ်ထားရမည်။ ထိုသူ များအား လက်နက်မရှိဘဲ တရားဟောနေ၍ မည်သည့်အခါမျှ ရမည်မဟုတ်သောကြောင့် ဖြစ်သည်။
ယခုအခါ ကျွန်ုပ်တို့ တိုင်းရင်းသားလူမျိုးအများစုသည်
ကျွန်ုပ်တို့သည် စစ်ကိုဆန့်ကျင်သည်ဆိုရာ၌ ပြည်တွင်းစစ်ကိုလည်းကောင်း၊ ပြည်ပစစ်ကိုလည်းကောင်း၊ ဒေသစစ်ကို လည်းကောင်း၊ ကမ္ဘာ့စစ်ကိုလည်းကောင်း အားလုံးကို ဆန့်ကျင်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့ စစ်ဆန့်ကျင်သည့် ပုံသဏ္ဍန်မှာ စစ်မဖြစ်အောင် အစွမ်းကုန်တားဆီးကာကွယ်ပြီး အခိုင်အမာဆန့်ကျင်သည်။ ထိုသို့ တားဆီးကာကွယ်၍ မရဘဲ စစ်ဖြစ်လာ လျှင်လည်း စိုးရိမ်ကြောက်ရွံ့နေမည်မဟုတ်။ ဖြစ်လာသည့်စစ်ပွဲကို နိုင်အောင်တိုက်ပြီး စစ်ဝါဒီများ၊ ကျူးကျော်သူများကို ချေမှုန်းသုတ်သင် ဖယ်ရှားကာ ငြိမ်းချမ်းသောကာလကို တည်ဆောက်ရန်ဖြစ်သည်။ ယခုလည်း အလားတူ ကျွန်ုပ်တို့ ခေါင်းဆောင်များသည် လက်နက်ကိုင် တော်လှန်စစ်ကို ရှောင်ရှားနိုင်ရန် နည်းမျိုးပေါင်းစုံဖြင့် ကြိုးပမ်းခဲ့ကြပြီးဖြစ်သည်။ သို့သော် ကျူးကျော်ဖိနှိပ်လိုသော စစ်ဝါဒီများက စစ်ရေးအရ နှိပ်ကွပ်လာသောအခါ ကျွန်ုပ်တို့သည် မလွဲမရှောင်သာ လက်နက်ကိုင် ခုခံတော်လှန်စစ်ကို ဆင်နွှဲရန် နည်းလမ်းကို ရွေးချယ်ခဲ့ကြရခြင်းဖြစ်သည်။ ဤသဘောသည်ပင် စစ်ကို စစ်နှင့် ဆန့်ကျင်ခြင်းဖြစ်သည်။ အဓိပ္ပာယ်မှာ ရန်လိုသူတစ်ဦးအား လက်ပစ်ကြည့်ထားလျှင် အချိန်မရွေး အန္တရာယ်ပြုလာ နိုင်သောကြောင့် ရန်မရှာနိုင်အောင် လက်နက်ဖြုတ်ထားကြရမည် ဖြစ်သည်။
ယေဘုယျအားဖြင့် စစ်ပွဲ၏ လက္ခဏာသည် နှစ်မျိုးသာရှိသည်။ ၎င်းတို့မှာ တရားသောစစ်နှင့် မတရားသော စစ်ဖြစ် သည်။ ဤလက္ခဏာနှစ်မျိုးအရ တိုးတက်သောစစ်၊ ခုခံတော်လှန်သောစစ်၊ ဖိနှိပ်မှုဆန့်ကျင်သောစစ် စသည့် စစ်အားလုံး သည် တရားသော စစ်ဖြစ်ပြီး၊ နယ်ချဲ့ ကျူးကျော်သောစစ်၊ ဖိနှိပ်အုပ်စိုးသောစစ်၊ တိုးတက်မှုကို ဆန့်ကျင်ဟန့်တားသော စစ်သည် မတရားသော စစ်ဖြစ်သည်။ ထိုနှစ်မျိုးတွင် တရားသော စစ်ကို ကျွန်ုပ်တို့သည် တက်ကြွစွာ ထောက်ခံသည်။ ဖြစ်သည့်အဆင့်မှ ဝိုင်းဝန်းကူညီအားပေးသည်။ မတရားသောစစ်၊ ကျူးကျော်ဖိနှိပ်သောစစ်ကို ကျွန်ုပ်တို့သည် ကိုယ်ရော စိတ်ပါ၊ တက်ကြွစွာ ဆန့်ကျင်သည်။ ဤသည် ကျွန်ုပ်တို့၏ အခြေခံရပ်တည်ချက် ဖြစ်သည်။
ကျွန်ုပ်တို့၏ အမျိုးသားလက်နက်ကိုင် ခုခံတော်လှန်စစ်သာ မရှိလျှင် ရခိုင်အမျိုးသားသာမက တိုင်းရင်းသား ပြည်သူ တရပ်လုံးတို့အတွက် ကမ္ဘာပေါ်တွင် အဆင့်နေရာဟူ၍ မရှိ။ ရခိုင်အမျိုးသားများနှင့် တိုင်းရင်းသား ပြည်သူတရပ်လုံးတို့ အတွက် လွတ်လပ်မှု အာမခံချက် ဟူ၍လည်း မရှိ။ ထိုသို့မရှိလျှင် လူ့လောက၏ တောက်ပြောင်သော အနာဂတ်ဆိုသည်မှာ လည်း မရှိနိုင်။ ထို့ကြောင့် တမျိုးသားလုံးနှင့် ပြည်သူတရပ်လုံး၏ လွတ်လပ်သော ဘဝအာမခံချက်နှင့် တောက်ပြောင်သော အနာဂတ်ကို ဖန်တီးပေးနိုင်သော အရှင်သခင်သည် အင်အားကြီးမားသော စစ်တပ်သာလျှင်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အာဏာကို ထိန်းသိမ်းထားရန်သော် လည်းကောင်း၊ ပြည်သူ့ဘဝ အာမခံချက်ကို ကာကွယ် စောင့်ရှောက်ရန် သော်လည်းကောင်း၊ ငြိမ်းချမ်းရေးကို တည်ဆောက် ရန်တတ်နိုင်သည့်ဘက်မှ ပါဝင်ရန်သော်လည်းကောင်း ကျွန်ုပ်တို့ တိုင်းရင်းသားများ အားလုံးသည် ထုထည်အင်အားကြီးမားသော စစ်တပ်ကြီး တစ်တပ်ကို ပိုင်ဆိုင်ထားရန် အရေးတကြီး လိုအပ်သည်။
ဤသို့ ဆိုခြင်းမှာ စစ်သည် အနန္တတန်ခိုးနှင့် ပြည့်စုံသည်ဟု ဆိုခြင်းပင်ဖြစ်သည်။ မှန်သည်။ တရားသော တော်လှန်စစ် တိုင်းသည် အနန္တတန်ခိုးနှင့် ပြည့်စုံသည်။ အကြောင်းမှာ စစ်ဖြင့်သာလျှင် အရာရာကို ဖန်တီးပေးနိုင်သောကြောင့် ဖြစ်သည်။ သို့သော် ဤသဘောကို နားလည်ထားရန်ဖြစ်သော်လည်း မိမိတို့သည် ဖောက်ပြန်သောစစ်ဝါဒီများ မဟုတ်ကြောင်းကိုကား ထာဝရသက်သေပြနိုင်ကြရမည်။ ဖောက်ပြန်သော စစ်ဝါဒီများကို ထိန်းချူပ်ထားနိုင်ရန်အတွက်သာလှ
စစ်ဟူသမျှ ကောင်းသော လက္ခဏာမရှိ။ စစ်သည် လူသားအချင်းချင်း အနိုင်ကျင့်ခြင်း၊ ညှင်းဆဲသတ်ဖြတ်ခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်း၊ သဘာဝပတ်ဝန်းကျင်များ စစ်ကြောင့် ပျက်စီးဆုံးရှုံးခြင်း၊ ရာသီဥတု မှအစ ပြောင်းလဲ ဖောက်ပြန်သွားခြင်း စသည်တို့ကြောင့် စစ်သည် မကောင်းသော အနိဋ္ဌာရုံ၊ အကျိုးမပြုသော မကောင်းဆိုးဝါး ကောင်သာလျှင် ဖြစ်သည်။ ထိုသို့ လူ့လောကအား ဘက်ပေါင်းစုံမှ ကြီးစွာသော အန္တရာယ်ကို ပေးတတ်သောကြောင့် ကျွန်ုပ်တို့အနေဖြင့် စစ်ကို ဆန့်ကျင်ရမည်ဖြစ်သည်။ အကယ်၍ မတရားသော ကျူးကျော်စစ်ပြု ဖိနှိပ်မှုများသာ ချူပ်ငြိမ်းသွားလျှင်၊ မတရားသော စစ်သာမရှိတော့လျှင် ကျွန်ုပ်တို့၏ တရားသော စစ်သည်လည်း ရှိလိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် မတရား စစ်ပြုဖိနှိပ်မှုကြောင့်သာလျှင် တရားသော ခုခံဆန့်ကျင်တော်လှန်စစ် ရှိနေခြင်း ဖြစ်သည်။
ထို့ကြောင့် စစ်ကို မလိုလားသူတိုင်း၊ စစ်ကို ဆန့်ကျင်သူတိုင်း၊ စစ်ကို ရွံ့မုန်းသူတိုင်းသည် စစ်ရေးအားကိုး ကျူးကျော် ဖိနှိပ်နေသူများ၊ မတရား အနိုင်ကျင့်နေသူများအား ဘက်ပေါင်းစုံ၊ နည်းမျိုးပေါင်းစုံဖြင့် ခုခံဆန့်ကျင်ကြရမည်။ သုတ်သင် ချေမှုန်းကြရမည် ဖြစ်သည်။
စစ်ကို လိုလားကြသူများမှာ စစ်ရေးကို အကြောင်းပြုပြီး အကျိုးစီးပွား ဖြစ်ထွန်းနေကြသော၊ စစ်ရေးဖြင့် အမြတ်ထုတ် နေနိုင်ကြသော၊ စစ်ပြုကျူးကျော်သူ လူနည်းစုမျှသာလျှင် ဖြစ်သည်။ ငြိမ်းချမ်းရေးကို လေးစားမြတ်နိုး၊ တန်ဖိုးထားကြသော အများတကာ့အများစုကြီး ဖြစ်သော၊ အဖိနှိပ်ခံ ကမ္ဘာ့ပြည်သူများအားလုံးမှ စစ်လိုလားသူ လူနည်းစုကို ဝိုင်းဝန်း ဆန့်ကျင်ကြ သည်။ ထို စစ်လိုလားသူ လူနည်းစုထဲတွင် ပြည်တွင်း အမျိုးသား သစ္စာဖောက်လောက်ကောင်များလည်း ပါဝင်သည်။ ကျွန်ုပ်တို့မှ လူမျိုးခြားက ကျူးကျော်ရေးသမား ဖိနှိပ်အုပ်စိုးသူများအား ချေမှုန်းသုတ်သင် ဖယ်ရှားပစ်နိုင်သည့်တိုင်အောင် ပြည်တွင်းရှိ အမျိုးသား သစ္စာဖောက် ဒေါက်တိုင်များက ကျေနပ်ကြလိမ့်မည် မဟုတ်။ သူတို့သည် အာဏာပြန်လည် ရရှိရေး အတွက် ဖြစ်ပေါ်လာမည့် အခွင့်အရေးကို အလစ်မပေးဘဲ စောင့်ကြည့်လျက်ရှိကြမည်သာ ဖြစ်သည်။ ကျွန်ုပ်တို့သည် ထိုသူများကိုလည်း သတိကြီးစွာ စောင့်ကြည့်ပြီး လိုအပ်သလို အရေးယူ သုတ်သင်ရှင်းလင်းကြရမည်။ ဤသည်မှာလည်း တော်လှန်သော စစ်ရေး သတိဖြစ်သည်။
စစ်၏ အခြေခံ သဘောလက္ခဏာများအဖြစ်
ရန်သူအား ချေမှုန်းရန်နှင့်
မိမိကိုယ်ကို ထိန်းသိမ်းကာကွယ်ရန်ဖြစ်သည်။
ဤသို့ဆိုလျှင် တစ်အချက်ဖြစ်သော ရန်သူအား ချေမှုန်းခြင်းသည်ပင်လျှင် နှစ်အချက်ဖြစ်သော မိမိကိုယ်ကို ကာကွယ်ခြင်း အဓိပ္ပာယ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မိမိမှ ရန်သူအား မချေမှုန်းနိုင်လျှင် ရန်သူမှ မိမိကို ချေမှုန်း လာမည်ဖြစ်သည်။ အခြေခံအားဖြင့် ကျွန်ုပ်တို့သည် စစ်ကို တစ်နေ့တစ်ရက် တစက္ကန့်မျှ တိုက်ခိုက်ရန် ဆန္ဒရှိကြသူများ မဟုတ်။ သို့သော် ကျူးကျော် ဖိနှိပ်သူများက စစ်ရေးဖြင့် အနိုင်ကျင့်လာလျှင် ထိုလူများကို ချေမှုန်းအောင်မြင်သည်အထိ အနိုင်ရရှိအောင် ဆုံးခန်းတိုင် တိုက်ခိုက်သွားမည်သာ ဖြစ်သည်။
စစ်၏ အရင်းခံ ပြဿနာကို သိနားလည်မှသာလျှင် စစ်ကို တားဆီးနိုင်မည်။ စစ်ကို တားဆီးနိုင်မှသာလျှင် ငြိမ်းချမ်း ရေးကို တည်ဆောက်နိုင်မည် ဖြစ်သည်။ ဤသို့ လှုပ်ရှားမှု အားလုံးကို အဆုံးအဖြတ်ပေးသော အရာသည် ပြည်သူလူထု တရပ်လုံးဖြစ်သည်။ ထို့ကြောင့် ထိုအဓိပ္ပာယ်ကို ပြည်သူလူထုတရပ်လုံးမှ နားလည် သဘောပေါက်လာအောင် ဆွေးနွေး ရှင်းလင်းပြရမည်။ စည်းရုံး၊ လှုံ့ဆော်ပေးရမည်။ ထိုလှုပ်ရှားမှုအားလုံးတွင် ပြည်သူလူထုတရပ်လုံး ပါဝင်လာစေရမည်။ တနည်းအားဖြင့် ပြည်သူလူထုတရပ်လုံး တော်လှန်စစ်တွင် ပါဝင်လာမှ၊ တော်လှန်စစ်၏ လှုပ်ရှားမှုသည် ပြည်သူ့ လှုပ်ရှားမှု ဖြစ်လာမှ၊ စစ်ပွဲကို အနိုင်တိုက်နိုင်မည် ဖြစ်သည်။ တော်လှန်စစ်ပွဲအတွက် အဆုံးအဖြတ်ပေးသော အရာသည် ပြည်သူ လူထုကြီး ဖြစ်သည်။ ငြိမ်းချမ်းရေးအတွက် အာမခံသော အင်အားသည် ပြည်သူလူထုကြီး ဖြစ်သည်။ ထို့ကြောင့် ပြည်သူ လူထုသည် အရာရာကို အဆုံးအဖြတ်ပေးသော အနက်ရှိုင်းဆုံး ရေသောက်မြစ်ဖြစ်သည်။
စာရေးသူသည် ရခိုင်အမျိုးသား တစ်ဦးဖြစ်သောကြောင့် ရခိုင်ပြည်ရှုထောင့်မှ သုံးသပ်ရလျှင် မျက်မှောက် ကာလတွင် လူမျိုးခြားကျူးကျော်သူများက ရခိုင်ပြည်သူများအား အနိုင်ကျင့်စော်ကားနိုင်ခြင်းမှ
AA logoရခိုင်ပြည်တပ်မတော် – Arakan Army (AA)
စာရေးသူ – အောင်ရဲလင်း (စစ်တွေ)