Pages

Wednesday, February 20, 2013

ဆင်ခြင်ခြင်း

ဆင်ခြင်ခြင်း

အတိုင်း အကန့်
လုံးပါး ပါးရခြင်း
ဆန့်ကျင်ဘက်များကို
ဆင်ခြင်ခြင်း ရာ။

ရှေ့မစဉ်းစား
နောက်မသိ
လက်ရှိမဲ့ခြင်းများကို
ဆင်ခြင်ခြင်း ရာ။

အမြတ်အသိ
အနိုင်ယူခြင်း
မိုင်းမိ သံသရာများကို
ဆင်ခြင်ခြင်း ရာ။

ဆင်ခြင်ခြင်း တရား
ကျင့်သုံးဆောင် တတ်မှ
နှလုံးကောင်းနှင့်
လူမည်ရာတည်း။

တိရိစ္ဆာန် လောဘ
သတ္တ၀ါ အကျင့်
ပုထုစဉ် အသိမှ
လွတ်မြောက်ရာသည်
ဆင်ခြင်ခြင်း ပညာတည်း။

အောင်သန်း (A . A)
Feb 20, 2013, 1 PM

No comments:

Post a Comment