Pages

Friday, December 28, 2012

မတည်ငြိမ်မှုများက ရခိုင်ဒေသခရီးသွားလုပ်ငန်းကို လျော့ကျစေ


မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအရှိန်အဟုန်မြင့် တိုးတက်လာသည့်အလျောက် ရခိုင်ဒေသတွင်း
ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် မျှော်လင့်ရ သော်လည်း မကြာသေးမီက ထပ်မံဖြစ် ပွားခဲ့
သည့် ပဋိပက္ခများကြောင့်  အဆိုပါဖြစ်ပွားရာဒေသများသို့ သွားရောက်လည်ပတ်မည့် ရခိုင်
ခရီးစဉ်များ ဖျက်သိမ်းခဲ့ရသည်။
ခရီးစဉ်ဖျက်သိမ်းမှုများက မြန်မာ နိုင်ငံ ခရီးသွားလုပ်ငန်းတစ်ခုလုံးနှင့် ယှဉ်လျှင် ပြောပလောက်
သည့် အကျိုး တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်း ခရီးသွားလုပ်ငန်းမှ တာဝန်ရှိသူများက
သုံးသပ်ပြောကြားသည်။
"ဟိုတယ်ခရီးဝန်ကြီးဌာနက တရားဝင် ထပ်မံတားမြစ်ထားတာ မရှိပါဘူး။ ဒါပေမယ့် ဒီအခြေ
အနေမှာ ခရီးသည် တွေသွားရင် မလုံခြုံဘူး ဆိုတော့ ခရီးသွားလုပ်ငန်းတွေကလည်း ခရီးစဉ်
တွေ ဖျက်သိမ်းလိုက်တာပါ"ဟု မြန်မာခရီး သွားလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူ
ဦးခင်အောင်ထွန်းက ပြောသည်။
"ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ကလည်း   ရခိုင်ဒေသတွင်းမှာ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ပြီး
ဖွံ့ဖြိုးတိုးတက်စေချင်တယ်။ ခရီးသွားလုပ်ငန်းကို အမှီပြုပြီး  ဒီဒေသတိုးတက်ဖို့ကို လိုလား
တယ်လို့  ပြောတယ်" ဟု ၎င်းကပြောသည်။
ထို့ပြင် စစ်တွေ၊ မြောက်ဦး၊ သံတွဲ၊ မြန်အောင်၊ ကျောက်ဖြူနှင့် ရမ်းဗြဲဒေသတွင်း ခရီးသွား
လုပ်ငန်းတိုးတက်ရန် အစီအစဉ်များရေးဆွဲမှုကို ဒေသတွင်း တည်ငြိမ်လာပါက အဖွဲ့ချုပ်မှ
ကူညီရေး ဆွဲပေးရန် စီစဉ်ထားသည်ဟု ၎င်းက ပြောသည်။
"နိုဝင်ဘာလ အစပိုင်းလောက်က ဂျာမနီ၊ ဆွစ်ဇာလန်နဲ့ ယူကေနိုင်ငံတွေက tour
operator တွေဆီက ရခိုင်ဒေသခရီးသွားအတွက် အီးမေးလ်ပို့ပြီး မေးကြပါတယ်" ဟု
All Asia Exclusive ခရီးသွားလုပ်ငန်းမှ ဦးဖြိုးဝေရာဇာက ပြောသည်။
"ခရီးစဉ်နေရာတစ်ခုတော့ ပျက်သွား တာပေါ့။ ရခိုင်ဒေသ အရင်အခြေအနေ အတိုင်း
ပြန်ဖြစ်သွားပြီး တစ်နှစ်လောက် အကြာခရီးသည်တွေ ပြန်လက်ခံနိုင်တဲ့ အခြေအနေရှိလာမှ
ပြန်စဉ်းစားကြရ မှာပါ" ဟု ၎င်းက ပြောသည်။
ခရီးသည်လည်ပတ်မှုအများဆုံးဖြစ် သည့် ရန်ကုန်၊ ပုဂံ၊ မန္တလေးနှင့် အင်းလေး ဒေသများအပြင်
ဒုတိယဦးစားပေးအဖြစ် ရခိုင်သို့ ပို့ဆောင်ပေးလေ့ ရှိသည်။
"ရခိုင်ဒေသကိုသွားလို့ အဆင်မပြေ ရင် တခြားနေရာတွေဖြစ်တဲ့ ချင်းပြည် နယ်တောင်ပိုင်းနဲ့
မွန်ပြည်နယ်တွေကို     ပိုသွားလာအောင်၊ ပိုရွေးချယ်လာအောင် လုပ်ဖို့လိုနေပြီ" ဟု ၎င်းက
ပြောသည်။
ယခုကဲ့သို့ ခရီးစဉ်ဖျက်သိမ်းခြင်းမှာ ခရီးသွားလုပ်ငန်းများတွင် အတွေ့ အကြုံသစ်တစ်ခု
မဟုတ်ကြောင်း၊ ခရီး သည်များကို မှန်ကန်သည့် အချက်အလက်များပေးနိုင်ရန်နှင့် ရခိုင်ဒေသ
ယခင်အခြေအနေသို့ အလျင်အမြန် ရောက်ရှိရန် တတ်နိုင်သမျှကူညီ ဆောင်ရွက်သွားရန်သာ
ရှိသည်ဟု ၎င်းက သုံးသပ်ပြောကြားသည်။
ရခိုင်ပြည်နယ်သံတွဲဒေသ ငပလီ ကမ်းခြေသို့ ခရီးသည်များ အဆက်မပြတ် သွားရောက်
လည်ပတ်လေ့ရှိပြီး ယခုနှစ်အတွက် နိုဝင်ဘာလမှ ဇန်န၀ါရီလအတွင်း ဟိုတယ်အခန်း
ဘွတ်ကင် ၈၀ ရာခိုင်နှုန်းနီးပါး ရရှိနေသည်ဟု Pleasant View ဟိုတယ်မှ တာဝန်ရှိသူ
တစ်ဦးက ပြောကြားသည်။
"ဒီဘက်မှာ အားလုံးအေးချမ်းပါတယ်။ ဘွတ်ကင်လုပ်ထားတဲ့သူတွေ အများစုကလည်း
နိုင်ငံခြားသားတွေ များပါတယ်'' ဟု ၎င်းက ဆိုသည်။
Myanmar Voyages ခရီးသွား လုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာ ဦးသက်လွင်တိုးကလည်း
"ရခိုင်ဒေသ တွင်း မတည်မငြိမ်ဖြစ်နေစဉ်မှာ ခရီးစဉ် ရောင်းချမှုမရှိပေမယ့် ဒီဒေသကို
အမြန်ဆုံး အရင်အခြေအနေပြန်ရောက် စေချင်တယ်" ဟု ပြောသည်။
အောက်တိုဘာလတွင် ရခိုင်ဒေသ တွင်းဖြစ်ပွားခဲ့သည့် ပဋိပက္ခများ ကြောင့် သေဆုံးသူ ဦးရေ
၈၇ ဦးရှိခဲ့ သည်။ အစိုးရ ထုတ်ပြန်ချက်အရ ဇွန်လ မှစခါ လူဦးရေ ၂၀၀ ကျော် သေဆုံး
ခဲ့သည်။
http://www.myanmar.mmtimes.com/index.php/travel/2682-2012-12-13-09-10-21.html

No comments:

Post a Comment