Pages

Friday, August 31, 2012

မြန်မာ-ဘင်္ဂလာ နယ်စပ်ကုန်သွယ်ရေး ပုံမှန်ဖြစ်ဖို့ BGB အရာရှိမျှော်လင့်

Written by သဇင်ဥ    Friday, 31 August 2012 13:23   PDFPrintE-mail
မြန်မာ-ဘင်္ဂလားဒေ့ခ်ျ နတ်မြစ်နယ်စပ်ချင်းထိစပ်ပြီး မျက်နှာချင်းဆိုင် တည်ရှိနေသော မောင်တော-တာခ်နာမြို့နယ်အကြား ပါ့စ်ပို့သမားများ အင်္ဂါနေ့က စတင်ပြီး ကုန်များသယ်ယူကာ တရားဝင် နယ်စပ်ဖြတ်သန်းခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ နယ်စပ်မြို့နှစ်မြို့အကြား တရားဝင်ကုန်များဖြင့် ဖြတ်သန်းခဲ့ကြသော အင်္ဂါနေ့က မြန်မာ့ပါ့စ်ပို့ကုန်သည်များမှာ (၅၀) ဦးအတွင်း အမျိုးသမီးကုန်သည် (၁၉) ဦးပါဝင်ခဲ့ကြောင်း၊ ဘင်္ဂလီကုန်သည် (၃၆) ဦးအတွင်း အမျိုးသမီးကုန်သည် (၆) ဦးပါဝင် ခဲ့ကြောင်း၊ ဗုဒ္ဓဟူးနေ့က မြန်မာကုန်သည် (၆၆) ဦးရှိလာခဲ့ကြောင်းနှင့် ဘင်္ဂလီကုန်သည် (၄၀) ဦးလာခဲ့ကြကြောင်း ကြာသပတေးနေ့ထုတ် www.teknafnews.com က ဖေါ်ပြထားသည်။

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခကြောင့် နယ်စပ်ကုန်သွယ်ရေး ရက်ပေါင်း ၈၀ ပိတ်ထားခဲ့သော်လည်း မြန်မာကုန်သည်များ စုစုပေါင်း ယင်း နှစ်ရက်အတွင်း ၁၁၆ ဦးနှင့် ဘင်္ဂလီကုန်သည် ၇၆ ဦးအထိ တိုးမြင့်လာကြောင်း ယင်းဆိုက် သတင်းထောက် ဟာဖေဇ် မူဟာမ္မဒ် ကာဆေမ် က ဆိုသည်။
သို့သော်လည်း ပါ့စ်ပို့ဖြင့် တရားဝင်မဟုတ်ဘဲ နစက - BGB များနှင့် နားလည်မှုယူပြီး တရားမ၀င် သွားလာနေကြသူများမှာ ကူးဖြတ်မလာဝံ့သေးကြောင်း စစ်တွေမြို့မှ ကုန်သည်တဦးက အောက်ပါအတိုင်း ရှင်းပြသည်။

" စစ်တွေမြို့ထဲမှာက အေးဆေးလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် သတိလစ်လို့တော့ လုံးဝမရသေးဘူး။ အခြေအနေ ရှိနေပါသေးတယ်၊ မောင်တောမှာက လုံခြုံရေးစစ်တပ် အပြည့်ချထားတာ မြင်ပါတယ်။ ဒါပေမယ့် ကူးမလာရဲသေးပါဘူး။ ကုလားတွေ ခဏခဏဆိုသလို အကြမ်းဖက်ဖို့ ကြိုးစားနေတုန်းလို့ အမြဲတမ်း သတင်းတွေ ဖြစ်ပေါ်နေတယ်။ " ဟု စစ်တွေမှ မောင်တောသို့ လတ်တလော ရောက်လာသည့် ကုန်သည်တဦးက အချိန်တို ရှင်းပြခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ နှစ်နိုင်ငံအကြား ပုံမှန်အနေအထားဖြင့် ကုန်များသယ်ယူပြီး ပါ့စ်ပို့ဖြင့် ဖြတ်သန်းခဲ့ခြင်းမှာ ရခိုင်ပြည်နယ်အတွင်း ဇွန်လ (၈) ရက်နေ့က ဖြစ်ပွားခဲ့သော ပဋိပက္ခနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း တာခ်နာမှ လူဝင်မှုကြီးကြပ်ရေး အရာရှိကြီး အာဘ်ဒူလ် ကာဒေရ် ဆိဒ္ဒီကိ က ဗုဒ္ဓဟူးနေ့ထုတ် http://www.samudrakanthanews.com သို့ ပြောပြချက်အရ သိရသည်။

တာခ်နာမြို့နယ် နယ်စပ်ကမ်းခြေစောင့်တပ်ဖွဲ့ (BGB) အရာရှိ ဖေါ်ဇ်လူရ် ရော်ဟ်မာန်က " ကုန်သည်များအနေဖြင့် ကုန်များသယ်ယူပြီး အရင်အတိုင်း စနစ်တကျ သွားလာခဲ့ကြတာ တွေ့ရပါတယ်။ နဂိုပုံမှန် နယ်စပ်ကုန်သွယ်ရေး ကောင်းမွန်လာဖို့ အခြေအနေဖြစ်လာဖို့ မျှော်လင့် ပါတယ်။ " ဟု kanthanews သို့ ပြောဆိုထားသည်ကိုလည်း တွေ့ရသည်။

တာခ်နာမြို့နယ် အခြေစိုက် BGB အမှတ် (၄၂) တပ်ရင်း အကြီးအကဲ ဗိုလ်မှူး ဇာဟိဒ် ဟာဆာန်က " နစကနှင့် ကျနော်တို့ နယ်စပ် ကုန်သွယ်ရေး အဆက်အသွယ်အကြောင်းနှင့် ပတ်သက်၍ ပြောဆိုဆွေးနွေးမှုမှ စီးပွားရေး ပွင့်လင်းလာခြင်းဖြစ်ပါတယ်။ ကျနော်တို့က အစည်းအဝေး ပြုလုပ်ဖို့ နစကကို ဖိတ်ခေါ်ထားပါတယ်။ နစကအရာရှိတွေက သူတို့အကြောင်းကြားမည်ဖြစ်ကြောင်း ပြန်ကြား ထားပါတယ်။ " ဟု kantha တွင် ဖေါ်ပြထားသည်။

အဆိုပါ ပါ့စ်ပို့ဖြင့် ကုန်သည်များ တရားဝင် နယ်စပ်စီးပွားရေး ကူးလူးသွားလာခြင်းမှာ မောင်တောနှင့် တာခ်နာတွင် ဖွင့်လှစ်ထားသော ကုန်သွယ်ရေးဆိပ်ကမ်းသို့ သွားလာခဲ့ကြခြင်းမဟုတ်ဘဲ ပုံမှန်ဖြတ်သန်းနေခဲ့သကဲ့သို့ လှေများဖြင့် နယ်စပ်နတ်မြစ်အား ကူးခတ် ဖြစ်ကျော်ပြီး ကမ်းတက်သွားလာခဲ့ကြခြင်း ဖြစ်သည်။

မြန်မာမှ ဘင်္ဂလာသို့ နယ်စပ် ကုန်သွယ်ရေးတွင် အဓိကအဖြစ် တင်ပို့သော ဆန်၊ စပါး၊ သစ်၊ ငါးစိမ်း၊ ငါးခြောက်နှင့် အခြားကုန်များ တင်ပို့သည့် တာခ်နာဆိပ်ကမ်းသို့ ယခုအချိန်ထိ ပုံမှန်တင်ပို့နိုင်ခြင်း မရှိသေးသော်လည်း ပါ့စ်ပို့သမားများက သာမန်စားကုန်နှင့် သာမန် အ၀တ်အထည်တချို့ကို အပြန်အလှန် တင်ပို့ခဲ့ကြခြင်းဖြစ်သည်။
 

No comments:

Post a Comment