Pages

Tuesday, July 3, 2012

မြန်မာကျပ် ၁၄၈၀၀၀၀ ဘင်္ဂလာတွင် ဖမ်းဆီးခံ

Written by သဇင်ဥ    Wednesday, 04 July 2012 02:12   PDFPrintE-mail
Kyatsမြန်မာကျပ်ငွေ ၁၄၈၀၀၀၀ ကို ဘင်္ဂလာတွင် ဘင်္ဂလီအမျိုးသမီး တာရာဆာ ဘေရင်မ် (၃၂)နှစ်နှင့်အတူ တာခ်နာမြို့မှ ကော့စ်ဘဇားမြို့သို့ သွားသောကားပေါ်အား သက်ဆိုင်ရာမှ စစ်ဆေးကြည့်ရာ ဒေါင်ဒိုမီယာစစ်ဆေးရေးဂိတ်မှ တနင်္ဂနွေနေ့က ဖမ်းဆီးရမိကြောင်း ဘင်္ဂလီ သတင်းထောက် မော်ဟာဆီန်က သတင်းပေးပို့သည်။

တာခ်နာအခြေစိုက် BGB တပ်ရင်းအမှတ် (၄၂)က နယ်စပ်စစ်ဆေးရေးဂိတ်မှ နိုင်ငံခြားငွေကိုင်ဆောင် သယ်ယူမှုနှင့် မယုံသင်္ခါမှုတို့ဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း တပ်ရင်းအရာရှိ ဇာဟိဒ် ဟာဆာန်က ပြောကြောင်းသူက ပြောသည်။

BGBက မြန်မာကျပ်ငွေများဖြင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်း ဖမ်းဆီးရမိသည့် ဘင်္ဂလီအမျိုးသမီးအား သက်ဆိုင်ရာ ရဲဋ္ဌာနသို့ လွှဲပြောင်း အပ်နှံလိုက်ပြီဖြစ်ကြောင်း ပြောသည်။

မြန်မာ့ကုန်စုံ ကျပ် ၁၀၀ ကုဋေတင်ဆောင်ပြီး ဘင်္ဂလာသို့ ရေကြောင်းဖြင့်လာသော ကုန်သင်္ဘော ၂ စီးမှာ ဘင်္ဂလာ တာခ်နာဆိပ်ကမ်းသို့ တနင်္လာနေ့က ဆိုက်ရောက်လာကြောင်း တာခ်နာဆိပ်ကမ်း တာဝန်ရှိသူများက ပြောသည်။

ယင်း မြန်မာ့သင်္ဘောတွင် တင်ဆောင်လာသည့် ကုန်များမှာ တာကာ ၁၀ ကုဋေတန်ဖိုး (ကျပ် ၁၀၀ ကုဋေခန့်) ရှိကြောင်းနှင့် ဇူလိုင်လအတွင်း ပထမဆုံးအကြိမ် ရောက်ရှိလာခြင်းဖြစ်ကြောင်း ဆိပ်ကမ်းတွင် အကြီးအကဲ မိုဟာမတ် အာဒူလ် မိုဟိုက်မေက ပြောသည်။

၎င်းက မြန်မာကုန်သင်္ဘောကြီး ငါးမြေတြိတန်ချိန် ၉၀ (တာကာ ၁၀ ကုဋေတန်ဖိုး)ဖြင့် ၂ စီး ဇွန် ၁၀ ရက်နေ့က ဆိပ်ကမ်းသို့ ရောက်ရှိခဲ့ပြီး ၁၂ နေ့က ကုန်ချခွင့်များ မရှိခဲ့ဘဲ ပြန်လည်ထွက်ခွာ သွားခဲ့ရခြင်းမှာ ဘင်္ဂလာအတွက် နစ်နာမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ပြောသည်။

ဘင်္ဂလာဒေ့ရှ်နိုင်ငံ တာခ်နာမြို့မှာ မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ် အနောက်ဘက်ရှိ မောင်တောမြို့နှင့် မျက်နှာချင်းဆိုင် တည်ရှိသောမြို့တစ်မြို့ဖြစ်သည်။ တာခ်နာမြို့ဆိပ်ကမ်းနှင့် မောင်တောမြို့ဆိပ်ကမ်းတို့၌ နေ့စဉ်ကုန်အသွားအပြန်ဦးရေမှာ ၁၀၀ ကျော် ရှိကြောင်း နယ်စပ်စီးပွားရေးသတင်းရပ်ကွက်က ဆိုသည်။ သို့သော်လည်း ယခုအခါ ခရီးသွားဦးရေမှာ အလွန်နည်းပါးနေကြောင်း မျက်မြင်များက ပြောသည်။

မောင်တောမြို့နှင့် တာခ်နာမြို့များအတွင်း ကျပ်နှင့်တာကာ ငွေလှဲလှယ်သည့်ဆိုင်များ ရှိနေကြသောကြောင့် တဘက်နိုင်ငံမှငွေများလည်း နယ်စပ်အတွင်း တရားမ၀င်ရှိနေခြင်းဖြစ်ကြောင်း သိရှိရသည်။

BGB အနေဖြင့် နယ်စပ်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်မှုရှိနေသည်များကို အထူးစုံစမ်းစစ်ဆေး အရေးယူမှုများ လုပ်ဆောင်လျက်ရှိနေကြောင်းနှင့် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်နေသည့် ပဋိပက္ခသတင်းများကိုလည်း အသေးစိပ်စောင့်ကြည့်လျက်ရှိနေကြောင်း ဒေသထုတ် သတင်းများတွင် ဖေါ်ပြချက်အရ သိရှိရသည်။
http://www.arakantimes.net/burmese/index.php/2012-02-24-06-58-57/258-2012-07-04-02-24-40

No comments:

Post a Comment