Pages

Friday, June 22, 2012

ဘင်္ဂလာ ဖမ်းမိသော ဘာသာရေးအစွန်းရောက်များအား ရဲမှပြန်လည်ခေါ်ယူစစ်ဆေးရန် ရုံးချိန်းရွှေ့

Written by သဇင်ဥ    Friday, 22 June 2012 11:25   PDFPrintE-mail
20120620031004ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခတွင် အကြမ်းဖက်မှုများနှင့် ဆက်နွယ်မှုရှိသည့်အပြင် တခြားမယုံသင်္ခါမှုတို့ဖြင့် တနင်္လနေ့က ဖမ်းဆီးမိခဲ့သော မူဆလင်အစွန်းရောက် ခေါင်းဆောင် ၇ ဦးအား ရဲမှ ရုံးထုတ်စစ်ဆေး နေချိန်တွင် အင်္ဂါနေ့က ထပ်မံပြီး တစ်ဦး ဖမ်းဆီးရမိခဲ့ပြီး ယင်းတို့အား စစ်ဆေးမေးမြန်းရန် ရုံးချိန်းရက်ရွှေ့လိုက်ကြောင်း သိရှိရသည်။

ယင်းဖမ်းဆီးရမိသော မူဆလင်ဘာသာရေး ခေါင်းဆောင် ၈ ဦးအနက် ၇ ဦးအား ကော့စ်ရဲမင်းကြီး ကာမ်ရုလ်မှ စစ်ဆေးစရာများ ကျန်ရှိနေသေးသည်ဟုဆိုကာ ရုံးချိန်းရက် ၃ ရက်ယူကာ ထောင်သို့ပို့ဆောင်လိုက်ကြောင်းနှင့် နိလာဗလီကျောင်းမှ ဖမ်းဆီးရမိသည့် အာဘ်ဆာ အူဒ္ဒိန် စိုဒိုးရိအား ရုံးချိန်း ၁ ရက်တောင်းဆိုပြီး ရက်ရွှေ့လိုက်ကာ ကော့စ်ထောင်သို့ ပို့ဆောင်လိုက်ကြောင်း ရဲမင်းကြီး ကာမ်ရုလ်က ယမန်နေ့က သတင်းထောက်များအား ပြောကြားလိုက်သည်။

ယင်း ဖမ်းဆီးရမိထားသော ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခနှင့် ဆက်နွယ်မှုများရှိသည့် ဘာသာရေးအစွန်းရောက် စုပေါင်း ၈ ဦးအား ယနေ့ပြန်လည် စစ်ဆေးမေးမြန်းမှုများ ကော့စ်ရဲဋ္ဌာနတွင် စတင်ပြုလုပ်သွားမည်ဖြစ်သည်။

သက်ဆိုင်ရာက ဦးစွာ ဖမ်းဆီးမိသည့် ၇ ဦးအား စစ်ဆေးနေချိန်တွင် ဆက်နွယ်မှုရှိသည့် နောက်ထပ်တစ်ဦးနှင့်အတူ ရခိုင်ပြည်အတွင်း ဖြစ်ပျက်နေသော ပဋိပက္ခ၌ လိုအပ်မည့် ပစ္စည်းများအား ဖမ်းဆီးရမိခြင်း ဖြစ်သည်။

သက်ဆိုင်ရာ ရဲဋ္ဌာနမှ ဖမ်းဆီးမိထားသူများအား ဆက်လက်စုံစမ်းမေးမြန်းမှုများ ပြုလုပ်လျှင် တခြားဆက်နွယ်မှုရှိသည့် အကြမ်းဖက်သမားများ ထွက်ပေါ်လာနိုင်ဖွယ် ရှိနိုင်သောကြောင့် ယခုကဲ့သို့ ရုံးရက်ချိန်း ရွှေ့ယူရခြင်းဖြစ်သည်ဟု စောင့်ကြည့်နေသူ များက သုံးသပ်နေကြသည်။

ယင်းဘင်္ဂလာအစိုးရ သက်ဆိုင်ရာမှ စစ်ဆေးမေးမြန်းနေသူများမှာ နယ်ဇာမေ အီဆလာမ်မီအဖွဲ့နှင့် အီဆလာမ်မိတ်ညီညီတ်ရေးအသင်း တို့မှ ခေါင်းဆောင်များဖြစ်ကြကြောင်း ဒေသထုတ် သတင်းစာများက ဆိုသည်။

နယ်ဇာမေအီဆလာမ်မီအဖွဲ့ ကော့စ်ဘဇားမြို့ ခေါင်းဆောင် အီနာမူလ် ဟောက်၊ တခြားခေါင်းဆောင် အာဟာမတ် နုရုလ် ကော်ဘီ ဟိလာလီနှင့် ဟာဖေဇ် အာဘ်ဒူလ် ဟောက်၊ နီလာမြို့ ဗလီဝတ်ပြုကျောင်းမှ အာဘ်ဆာရ် အူဒ္ဒိန် စိုဒိုးရိ၊ ကာဇီ အေချာဒူလ္လာဟ်၊ ဟာဖေဇ် အာဘူ ဘော်ကော်ရ်နှင့် အီဆလာမ်မီကျောင်းသားခေါင်းဆောင် ဟာဖေဇ် အာဘူလ် မော်န်ဇူရ် တို့ဖြစ်ကြောင်း ဒေသထုတ် သတင်းစာများက ဖေါ်ပြသည်။

ဘင်္ဂလာက ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများနှင့် ဆက်နွယ်မှုရှိသည်ဟု သတင်းများအရ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အခြေစိုက် NGOs အကြီး ၇ ခုကို သတိပေးထားကြောင်း ဒေသအတွင်း သတင်းများထွက်ပေါ်နေသည်။ ထိုအထဲတွင် အီဆလာမ်မိတ်ဘာဏ် အဓိကပါဝင်ကြောင်း သိရှိရသည်။

နီလာမြို့ မူဆလင်ဝတ်ပြု နုရာနီဗလီကျောင်းမှ သောင်းကျန်းသူ ဘင်္ဂလီများအတွက် အ၀တ်အထည် ၆၅ အိတ်နှင့်အတူ တခြားအရေးပေါ် လိုအပ်မည့် ပစ္စည်းများအား အာဘ်ဆာရ် အူဒ္ဒိန် စိုဒိုးရိနှင့်အတူ ဖမ်းဆီးရရှိခဲ့ကြောင်း ဒေသထုတ် သတင်းများက ဖေါ်ပြသည်။

ဘင်္ဂလာဒေ့ရှ်နိုင်ငံ ကော့စ်ရဲဋ္ဌာနတွင် အဆိုပါ ဖမ်းဆီးခံရပြီး စစ်ဆေးမေးမြန်းခြင်း ခံနေရသူများမှာ ဘင်္ဂလီများအား ဘာသာရေးအရ စည်းရုံးလှုံဆော်မှုများ လွန်ခဲ့သော သောကြာနေ့ (မူဆလင်ဘာသာရေးဝတ်ပြုနေ့) မတိုင်ခင်ကတည်းက ပြုလုပ်မှုများရှိခဲ့ရာ ဒေသအတွင်း ယခုအချိန်ထိ ဗုဒ္ဓဘာသာဝင်များမှာ အိမ်ပြင်သွားရောက်ကြရန် စိုးရိမ်မှုများ ခြုံလျက်ရှိနေကြသည်။

ပါကိစ္စတန်နိုင်ငံမှ မူဆလင်ဘာသာရေးအစွန်းရောက် တစ်ဦးအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပေါ်နေမှုများကို နိုင်ငံပေါင်း ၆၀ ကျော်အား သတင်းမှားများဖြင့် စည်းရုံးလှုံဆော်မှုများ ပြုလုပ်နေပြီး ရိုဟင်ဂျာအမည်ခံ သောင်းကျန်းသူဘင်္ဂလီများကို ကာကွယ်ရန် တိုက်တွန်းနေကြောင်း အင်တာနက်များက ဆိုသည်။
http://www.arakantimes.net/burmese/index.php/2012-02-24-06-58-57/230-2012-06-22-11-38-32

No comments:

Post a Comment