Pages

Tuesday, June 5, 2012

စစ်တွေတွင် ရဲပစ်ခတ်သတ်ဖြတ်မှုကြောင့် စိုးရိမ်ဖွယ်ရာ ရှောင်တိမ်းနေရ

Written by သဇင်ဥ    Tuesday, 05 June 2012 05:28   PDFPrintE-mail
182758 396929750359238 100001266506568 1230247 1262584860 nစစ်တွေမြို့ရှိ အမှတ်(၁)ရဲစခန်းရှေ့တွင် ဆန္ဒပြခဲ့ကြသော ရခိုင်ပြည်လူထုကို အငြိုးထား၍ ဇွန်လ(၃)ရက် ညဦး(၁၁) နာရီမှ ဇွန်(၄)ရက်နံနက်အထိ ပစ်ခတ်သတ်ဖြတ်မှုကြောင့် လူထုများ စိုးရိမ်ဖွယ်ရာ ရှောင်တိမ်းနေကြရကြောင်း သတင်းရရှိသည်။

"အဲဒီနေ့က သေနပ်ကို မိုးပေါ်ခြိမ်းခြောက်ထောင်ပစ်ခဲ့တာ တတောင့်မှ မရှိခဲ့ပါဘူး၊ ကံကောင်း၍သာ ပြည်သူတွေ အစုလိုက်အပုံလိုက် မသေတာပါ၊ ဘယ်သူတွေက ပစ်မိန့်ပေးတာထက် ဒါအစိုးရပစ်သတ်တာပါဘဲ၊ ရဲတွေလုပ်နေပြီး ဖြေရှင်းပေးဖို့ နည်းလမ်းရှာတာ တခါမှမလုပ်ဘဲ ဒီလိုအချိန်မှာတောင် အရင်လိုမျိုး ပစ်သတ်တာဟာ နိုင်ငံတော်စီမံကိန်းအရ ရခိုင်ကို သည်းခြေပျက်အောင် ပစ်သတ်တာ ဖြစ်ပါတယ်၊ အခုလည်း မျိုးချစ်တဲ့လူငယ်တွေ စိုးရိမ်မှုတွေနဲ့ ရှောင်တိမ်းနေရပါတယ်၊ လုံခြုံရေးအကြောင်းပြပြီး ရဲ၊ လူထိန်း၊ ထောက်လှမ်းရေးနဲ့ စစ်တပ်တွေ တပ်ဖြန့်ထားတာအပြည့်ပါဘဲ။"ဟု တက္ကသိုလ်ကျောင်းသားဟောင်း တစ်ဦးမှ ရှင်းပြသည်။

ဦးသိန်းစိန် ခေါင်းဆောင်သော စစ်အုပ်စုအဖွဲ့သည် နိုင်ငံတော်ကို အကောက်းဘက်သို့ ပြောင်းလဲမည်ဟု ကတိက၀တ်ပေးပြီး ပြောကြား လုပ်ဆောင်နေခြင်းမှာ ဟန်ပြသာဖြစ်ကြောင်းနှင့် ဦးသိန်းစိန် အနေဖြင့် ရခိုင်ပြည်သူများကို ယခုကာလမှာပင် သေနပ်ဖြင့်ပစ်သတ်ခြင်းမှာ ရာဇာဝတ်မှုတစ်ခုကို ကျူးလွန်ခြင်းဖြစ်ရာ တိုင်းပြည်အပြောင်းအလဲကို နှေးကွေးစေမည်ဖြစ်ကြောင်း ရခိုင်မျိုးချစ်များက ပြောသည်။

ယင်းပြင် ယခုအချိန်ထိ စစ်တွေမြို့တစ်ခုလုံး လုံခြုံရေးကို လိုအပ်သည်ထက် ထူထပ်စွာချထားပြီး ရခိုင်ပြည်သူလူထုများအား ထိန်းသိမ်း ကြပ်မတ်ရန်မဟုတ်ဘဲ ပစ်ခတ်ဖမ်းဆီးရန် စောင့်ကြည့်လျှက်ရှိနေကြောင်း စစ်တွေမြို့ မျက်မြင်သက်သေများပြောပြချက်အရ သိရှိရသည်။

ရခိုင်ပြည်သူများကို သေနပ်ဖြင့် ပစ်ခတ်ရန် အမိန့်ပေးသော စစ်အာဏာပိုင်များနှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်၊ ရဲမင်းကြီး၊ RNDPမှ ဦးလှစောအပါဝင် တာဝန်ရှိခေါင်းဆောင်များ  မနေက နံနက် (၁၀)နာရီတွင် ယခုကိစ္စနှင့် ဆက်စပ်၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ယင်း ရာဇာဝတ်အခင်းဖြစ်ပွားရာတွင် အနည်းဆုံး ထိခိုက်ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိသွားခဲ့သူများမှာ (၁၀)ဦးကျော်ရှိကြောင်း၊ နောက်ဆက်တွဲကို စိုးရိမ်၍ ဆေးရုံတင် မကုသူများလည်း (၁၀)ဦးကျော်ရှိနေကြောင်းနှင့် အနည်းဆုံး (၃)ဦး ၀န်ထမ်းတဦး အပါအ၀င် သေဆုံးသွားခဲ့ကြောင်း မျက်မြင်များက ပြောသည်။

ထို့ပြင် ရဲမှပတ်ခတ်မှုနှင့် လုံခြုံရေးအစောင့်အကြပ်များ တင်းကြပ်ချထားမှုများကြောင့် ကျောင်းသားလူငယ်လူထုတချို့ အခက်အခဲများဖြင့် တိမ်းရှောင်လျက် ရှိနေကြောင်း စစ်တွေမြို့ခံတစ်ဦးမှ ပြောသည်။

အခုအခါ ရဲကျဉ်ဆံထိမှန်ပြီး ကိုယ်အင်္ဂါပျက်၍ ဆေးကုခံနေကြရသူများ၏ မိဘများနှင့် တိမ်းရှောင်နေကြသော မိဘများမှာ နောက်ဆက်တွဲဖြစ်ပေါ်လာမည့် အခြေအနေများကို စိုးရိမ်လျှက် ရှိနေကြောင်း တက္ကသိုလ်ကျောင်းသားဟောင်းကဆက်လက် ပြောပြသည်။

ဦးသိန်းစိန် ဦးဆောင်သော စစ်အုပ်စုအဖွဲ့သည် အုပ်ချုပ်ရေး ညံ့ဖျင်းမှုများကြောင့် ရခိုင်ပြည်တွင် ရာဇာဝတ်အခင်းဖြစ်ပွားမှုများ နေ့ဆက် ရက်ဆက်ဖြစ်ပေါ်လျှက်ရှိသည်။

ပြည်ပရောက် ဒီမိုကရေရေး၊ လူ့အခွင့်အရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့် ရရှိရေးတို့အတွက် တိုက်ပွဲဝင်နေကြသော အဖွဲ့အစည်းများ အနေဖြင့် အမှတ်(၁)ရဲစခန်းမှ ပစ်ခတ်သတ်ဖြစ်မှုကို ရှုချကြောင်းနှင့် ဥပဒေအရ တရားမျှတမှုရှိစေရန် အခင်းဖြစ်ပွားမှုအားလုံးအပေါ် ဆောင်ရွက်သင့်ကြောင်း ထုတ်ပြန်ခဲ့ကြကြောင်းလည်း သိရှိရသည်။
http://www.arakantimes.net/burmese/index.php/2012-02-24-06-58-57/172-2012-06-05-05-41-26

No comments:

Post a Comment