Pages

Sunday, May 6, 2012

ဘင်္ဂလာ မြန်မာ့မူးယစ်ဆေးဝါး တာကာ(၃၄)သိန်းတန်ဖိုး မီးရှိုးဖျက်ဆီး

Written by သဇင်ဥ    Sunday, 06 May 2012 07:41   PDFPrintE-mail
မြန်မာ့မူးယစ်ဆေးဝါး ဘင်္ဂလာသို့ မှောင်ခိုတင်သွင်းမှုအနက် ဖမ်းဆီးခံရသည့် တာကာ(၃၄)သိန်းတန်ဖိုးအား တာခ်နာမြို့ အခြေစိုက် နယ်စပ်လုံခြုံရေးတပ်ဖွဲ့ (BGB) တပ်ရင်းအမှတ် (၄၂)မှ ဧပြီလ(၂၄)ရက်နေ့က မီးရှိုးဖျက်ဆီးလိုက်ကြောင်း သက်ဆိုင်ရာမှ ထုတ်ဖေါ် ပြောဆိုချက်အရ သတင်းရရှိသည်။

ယင်း BGBမှ ဖမ်းဆီးရမိသည့် မြန်မာ့မူးယစ်ဆေးဝါးများအား ဖျက်ဆီးသည့် အခမ်းအနားသို့ စစ်တကောင်းမြို့ အခြေစိုက် BGB ဒုကွပ်ကဲရေးမှူး ဖါရုက် တက်ရောက်ဖျက်ဆီးခဲ့ကြောင်း ဆိုသည်။

ထို့ပြင် မြန်မာ့မူးယစ်ဆေးဝါး ဖျက်ဆီးသည့် အခမ်းအနားသို့ တပ်ရင်းအမှတ်(၄၂)တပ်ရင်းမှူး ဇာဟိဒ် ဟာဆာန်နှင့် တခြားတာဝန်ရှိ ဌာနဆိုင်ရာများမှလည်း တက်ရောက်လေ့လာကြည့်ရှုခဲ့ကြောင်း သိရှိရသည်။

ဇာဟိဒ်က "ဖျက်ဆီးခဲ့တဲ့ မြန်မာမူးယစ်ဆေးဝါးတွေမှာ ဇန္န၀ါရီလ(၁၁)ရက်နေ့ကနေ ဧပြီလ(၁၅)ရက်တို့အတွင်း နယ်စပ်ဒေသ အသီးသီး အခြေစိုက်တဲ့ BGBစစ်ဆင်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးရမိတဲ့ဟာတွေကို စုပေါင်းပြီးတော့ ဖျက်ဆီးတာဖြစ်ပါတယ်။"ဟု ဆိုသည်။

ယင်းဖျက်ဆီးခံရသည့် မူးယစ်ဆေးဝါးများအတွင်း မြန်မာသို့ မှောင်ခိုဝင်ရောက်မည့် အိန္ဒိယနိုင်ငံထုတ် ဖန်ဆီဒင်း (၂၂၃)လုံးနှင့် မူးယစ်ဆေးဝါး ဆေးပြားတချို့ ပါဝင်ကြောင်း သိရှိရသည်။
http://www.arakantimes.net/burmese/index.php/2012-02-24-06-58-57/133-2012-05-06-07-45-51
Last Updated ( Sunday, 06 May 2012 08:20 )

No comments:

Post a Comment