Pages

Wednesday, April 18, 2012

အမဲကောင်


အမဲကောင်

အမဲကောင် တခု
ငါ့စိတ်လန်းဖို့
ငါ့ထွက်ပေါက်တွက်
ငါ့အသုံးချဖို့။

အမဲကောင် ပုံ
ငါ့အဖွဲ့ ရှင်သန်ဖို့
ငါ့အဖွဲ့ အားအင်တွက်
ငါရုပ်လုံးဖေါ်ဖို့။

အမဲကောင် မြင်ကွင်း
ငါ့သတင်း တပုဒ်ဖို့
ငါ့တွက်သာ
ငါစီမံဖို့။

ငါ့တွက် အမဲကောင်
ငါ့အဖွဲ့ တန်ဖိုးကြောင့်
ပုသိုး ရနံ့
ငါ့ကိုယ့် စွန်းထင်ခဲ့ပြီ။

ငါ့ကိုယ် အမဲကောင်
ရခိုင်ပြည် မြေဆီလွှာကြား
သဇင်ဥတွက်
ဆက်သမည်။

နက်ရှိုင်းသော အဘိဓာန်
အကြွင်းမဲ့ စေတနာနှင့်
ပြည်စောင့် တဦးစစ်သား
ထမ်းဆောင်မည် ငါ့တာဝန်တည်း။

အောင်သန်း
NUPA-AA
April 18, 2012/ 5:03 PM

No comments:

Post a Comment