Pages

Sunday, January 15, 2012

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဒေါ်စုအပါအ၀င် လွတ်မြောက်လာသူများနှင့်တွေ့ဆုံ


ဂစ္ဆပသတင်းဋ္ဌာန
ဇွန္န၀ါရီလ (၁၆)ရက်၊ ၂၀၁၂၊ ရခိုင်စံတော်ချိန် (၁၂)နာရီ။
By: Aung Khaing
       ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဒေါ်စုအပါအ၀င် လွတ်မြောက်လာသူများနှင့်တွေ့ဆုံ      

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးသည် ယမန်နေ့ နံနက် (၁၀)နာရီခွဲခန့်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် သတင်းစာရှင်းလင်းပွဲ တရပ်ကို ပြင်သစ်ဘာသာစကားဖြင့် ဟောပြောပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

စစ်အုပ်စုက သောကြာနေ့က လွှတ်ပေးလိုက်သော ကိုမင်းကိုနိုင်နှင့် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးတို့ ရန်ကုန်မြို့ရှိ ပြင်သစ်သံရုံးတွင် နေ့လည်(၂)နာရီခန့်က တွေ့ဆုံခဲ့ကြောင်းသိရသည်။

ထို့ပြင် ပြင်သစ်ဝန်ကြီး အနေဖြင့် ၈၈မျိုးဆက်ကျောင်းသားများဖြစ်သည့် ကိုကိုကြီး၊ ကိုမြအေးနှင့် ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးတို့နှင့်လည်း ညပိုင်းတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

သို့သော်လည်း ယနေ့မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်ပြောင်းလဲလာနေသည့် အခြေအနေများအပေါ် အဓိက ဇာတ်ကောင်မှာ စစ်အုပ်စုအဖွဲ့ ဖြစ်ပြီး နောက်ဆက်တွဲများ အပျက်သဘောပုံစံပြောင်းလဲလာမည့် ထပ်တလဲလဲ တရားခံမှာ စစ်အုပ်စုတခုတည်းသာဖြစ်မည်ဟု နိုင်ငံရေး လေ့လာသူများက ဟောကိန်းထုတ်နေကြသည်။

No comments:

Post a Comment