Pages

Sunday, October 9, 2011

ဥပဒေနှင့်အညီ အင်န်အယ်လ်ဒီ မှတ်ပုံတင်လျှင် အစိုးရက ကြိုဆိုဟု ဦးအောင်ကြည် ပြောကြား


undefined
စက်တင်ဘာလ ၃၀ ရက်နေ့က ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံအပြီး သတင်းမီဒီယာနှင့် တွေ့ဆုံနေစဉ်။
ဓာတ်ပုံ - ကောင်းထက်

ရတနာထွန်း
အတွဲ ၂၇ ၊ အမှတ် ၅၃၈ ( ၇ - ၁၃ ၊ ၁၀ ၊ ၂၀၁၁)
 
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဥပဒေနှင့်အညီ မှတ်ပုံတင် လျှင် အစိုးရမှ လက်တွဲရန် ကြိုဆိုသည်ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ဒေါ်အောင်ဆန်းစုကြည်နှင့် မကြာသေးမီက တွေ့ဆုံမှုအပြီး သတင်းထောက်များအား ပြောသည်။

အစိုးရသစ်တက်ပြီးသည့်နောက်ပိုင်း တတိယအကြိမ်အဖြစ် ပြည် ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင် ဆန်းစုကြည်တို့သည် စိမ်းလဲ့ကန်သာ ဧည့်ဂေဟာ၌ စက်တင်ဘာလ ၃၀ ရက်နေ့က တွေ့ ဆုံကာ တစ်နာရီခွဲခန့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

"NLD က ဥပဒေနှင့်အညီ မှတ်ပုံတင်မည်ဆိုပါက ကျွန်တော်တို့ NLD နဲ့ အတူ လက်တွဲပြီးတော့ ဆောင်ရွက်သွားဖို့အတွက် အမြဲတမ်းကြိုဆို လျက်ရှိပါတယ်"ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ဆိုပြီး NLD က မှတ်ပုံတင်မည့်အရေးနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က "ကျွန်မက NLD က အားလုံးအတွက် ပြောပေးလို့ မရပါဘူး။ CEC (ဗဟိုအမှုဆောင် ကော်မတီ)ကို ကျွန်မက တင်ပြရဦးမှာ။ အဲဒီကို တင်ပြပြီးမှ ကျွန်မတို့ ဘယ်လိုဖြေမလဲဆိုတာ ပြောနိုင်မှာဖြစ်ပါတယ်"ဟု ဆိုသည်။
လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် NLD အနေဖြင့် ပါဝင်ယှဉ်ပြိုင်ခြင်း ရှိမရှိဆိုသည့် ကိစ္စအပေါ်တွင်လည်း ဒေါ်အောင်ဆန်း စုကြည်က "ကျွန်မတို့ က ရွေးကောက်ပွဲကို မူအရ ဆန့်ကျင်တာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီစနစ်ရဲ့ တစ်စိတ် တစ်ပိုင်း ဖြစ်တယ်ဆိုတာ ကျွန်မတို့ လက်ခံပြီးသားပါ။ ဒီလို ရွေးကောက်ပွဲကို ၀င်ပုံဝင်နည်း၊ အခြေအနေ၊ အခင်းအကျင်းအရ ဒါကိုပဲ ကျွန်မတို့ ကြည့်မှာဖြစ်ပါတယ်" ဟု ပြောသည်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် က တွေ့ဆုံမှုတွင် နိုင်ငံတော်သမ္မတကြီးက အကျဉ်းသားများအား လွတ်ငြိမ်းချမ်း သာခွင့်ပေး ရန် စဉ်းစားနေသည့် ကိစ္စ၊ ဧရာဝတီမြစ်ကြောင်း ထိန်းသိမ်းရေးအတွက် နှစ်ဖက်ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကိစ္စ၊ ဥပဒေ ပြင်ပတွင် လက်နက်ကိုင်ဆောင် ဆန့်ကျင်နေကြသူများကို ဥပဒေဘောင်အတွင်း ငြိမ်းချမ်းရေး တည်ဆောက်ပေးရန် အစိုးရ၏ ကြိုးပမ်းမှုများနှင့် ပြည်တွင်း တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးတို့အတွက် ပူးပေါင်းဆောင်ရွက်ရန် စသည့် ကိစ္စရပ် လေးခုကို ဆွေးနွေးခဲ့သည်ဟု သိရသည်။
http://www.myanmar.mmtimes.com/2011/news/538/news01.html/ http://www.freerakhaing.blogspot.com

No comments:

Post a Comment