Pages

Tuesday, September 20, 2011

ဧရာဝတီ Damကို တကိုယ်တော်ဆန္ဒပြကန့်ကွက်သူအား ရဲမှဖမ်းဆီးစစ်ဆေးနေ


ဂစ္ဆပသတင်းဋ္ဌာန
စက်တင်္ဘာလ(၂၁)ရက်၊ ၂၀၁၁၊ နံက် (၉)နာရီ။
By: အောင်ခိုင်
ဧရာဝတီ Damကို တကိုယ်တော်ဆန္ဒပြကန့်ကွက်သူအား ရဲမှဖမ်းဆီးစစ်ဆေးနေ

ရန်ကုန်မြို့ရှိ ဆင်ဟွာ တရုတ်သတင်းဋ္ဌာနရှေ့တွင် ဧရာဝတီမြစ်ဆုံ Damစီမံကိန်းကို ရပ်ဆိုင်းပေးရန် တကိုယ်တော် ဆန္ဒပြကန့်ကွက် ခဲ့သော နိုင်ငံရေးတက်ကြွသူတဦးအား စစ်အုပ်စုမှ အင်္ဂါနေ့က ဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းရရှိသည်။

ဧရာဝတီ Damစီမံကိန်းကို ရပ်ဆိုင်းပေးရန် တကိုယ်တော်ဆန္ဒပြသူအား စစ်အုပ်စု ရဲအဖွဲ့မှ ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်းနှင့် ယခုအချိန်ထိ တရုတ်သုံရုံးနှင့် ဆင်ဟွာသတင်းဋ္ဌာနရှေ့တွင် လုံခြုံရေးများ တင်းကြပ်ထားကြောင်း သိရှိရသည်။

မနေ့ကတရုတ်သံရုံးတွင် စောင့်နေသည့် လုံထိန်းနှစ်ဦး။(အောင်ခိုင်) 

တရုတ်၏ ဆင်ဟွာသတင်းဋ္ဌာနရှေ့တွင် 'Irrawaddy Electricity Project ချက်ချင်းရပ်'ဟု စာတန်းရေးသားထားသည့် အေဖိုး စာရွက် ခြောက်ရွက်ကို ကိုင်ဆောင်ထားပြီး ရပ်လျှက်တိတ်ဆိတ်စွာ ဆန္ဒ ပြခဲ့သူ အသက် (၄၆)နှစ်အရွယ် အမျိုးသားအား လုံခြုံရေး ရဲများက အင်္ဂါနေ့ နေ့လည် (၁၂)နာရီခွဲခန့်တွင် ထိန်းသိမ်းခံရပြီး စစ်ဆေး ခံနေရခြင်းဖြစ်ကြောင်း မျက်မြင်သက်သေများက ဆိုသည်။  

စစ်အုပ်စု လုံခြုံရေးရဲအဖွဲ့ထံ ငြိမ်းချမ်းစွာ တောင်းဆိုဆန္ဒပြမှုကြောင့် စစ်ဆေးခံနေရသည့် နိုင်ငံရေးတက်ကြွသူမှာ တောင် ဥက္ကလာ ရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း ဖမ်းဆီးခံရသူနှင့် နီးစပ်သူတဦးက ဆိုသည်။

ဧရာဝတီနှင့်ပတ်သက်ပြီး မြစ်ဆုံတွင်ဆောက်လုပ်မည့် Damအတွက် ဧရာဝတီချစ်သူများက တနင်္လာနေ့က တရုပ်သံရုံးရှေ့သို့ သွား ရောက်ပြီး ကန့်ကွက်ဆန္ဒပြကြမည်ဟုလည်း ရန်ကုန်တွင် သတင်းများပျံနှံနေရာ သက်ဆိုင်ရာနယ်မြေတွင် ယခုအချိန်ထိ လုံခြုံရေးများ တင်းကြပ်ချထားကြောင်း မျက်မြင်သက်သေများက ပြောသည်။  

“ဒီနေ့ နေ့လည်(၁၂)နာရီခန့်မှာ တရုတ်သံရုံးတွင် လုံထိမ်းကားသုံးစီး ရောက်ရှိလာပြီး လုံခြုံရေး တင်ကြပ်ချထားတာ တွေ့ရပါတယ်၊ သံရုံးအပြင်ဘက်ရှိ လက်ဘက်ရည်ဆိုင်တွေမှာ ဆန္ဒပြမည်ဆိုသော သတင်းများကြောင့် ပြည်တွင်းသတင်းထောက်တွေ လာရောက်ပြီး စောင့်ကြိုခဲ့ကြပါသေးတယ်၊ ဒါပေမဲ့ လုံခြုံရေးအရ မွန်းလွဲ(၃)နာကျော်အထိ ဆန္ဒပြပွဲဖြစ်မြောက်ခြင်း မရှိပါဘူး၊ ပျက်ပြားသွားပါတယ်။”

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းက “မြစ်ဆုံကိစ္စကို ဘယ်သူတားတားဆက်လုပ်မှာဘဲ”ဟု လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းက သတင်း ထောက်များကို ပြောကြားခဲ့ပြီးနောက် မြစ်ဆုံတွင် Damတည်ဆောက်ခြင်းကို ရပ်ဆိုင်းပေးရန် တောင်းဆိုမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့ပြီးနောက် ယခုကဲ့သို့ သောင်းသောင်းဖျဖျ ဆန္ဒပြကြမည့်သတင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။

အဆိုပါ Dam စီမံကိန်းမှ အဓိကတရုတ်၏ အကျိုးအမြတ်ခံစားရမည် ဖြစ်သည့်အပြင် တရုတ်က မြန်မာ့နိုင်ငံရေးကို Damနှင့် လှည့်ဖျား ကစားမည့် စီမံကိန်းလည်းဖြစ်ကြောင်း၊ Dam စီမံကိန်းကြောင့် သဘာဝ အရင်းအမြစ် ဆိုးကျိုးများ ဖြစ်ပေါ်လာမည့် အခြေအနေများနှင့် ဒေသခံ လူသားအရင်းအမြစ်များ ပြုန်းတီးမည့် အကြောင်းရပ်များကိုပါ အင်တာနက် သတင်းများကဆိုသည်။ 
http://www.gissapa.blogspot.com 

No comments:

Post a Comment