Pages

Tuesday, May 10, 2011

အမေ

Picasso Painting
Go to fullsize image

အမေ


ဒုက္ခတွေ တောင်လိုပုံတဲ့ လောကထဲ
ဘုရားသခင်က လူကြုံနဲ့ ပို့လိုက်လို့
အမေနဲ့ သားသမီးများ မရေရာတဲ့ ဘ၀မှာ တွေ့ဆုံခဲ့ကြတာများလား...။




ကောင်းကင်ထက်က လောကဓံတရားရဲ့ ရိုက်ချက်
မြေပြင်အောက် စနစ်တကျပျက်နေတဲ့ စနစ်ပျက်
ဘ၀လမ်းမှာ အတ္တများ မှိုတက်
အမေ့အပြုံးတွေ ပြိုပျက် နေတာ ကြာပြီ....။

အမှောင်တွေကို အဆိုးအမှားများကျောပိုးရင်း
ရွေးချယ်တင်မြောက်မထားတဲ့ ကံတရားက ကြုံရာမှာ ထိုးအိပ်နေရော့သလား..၊
ဗလောင်းဗလဲမြန်တဲ့ ဥပဒေများ စိတ်ဖောက်
ဗလောင်ဆူစဲ အဆွေးစိတ်တွေနဲ့ အမေ တစ်ယောက်
ဖောက်ပြန်တတ်တဲ့စစ်လေရူး မွှေနှောက်လို့
အဝေးရောက် သားသမီးများ အိမ်တံခါးလာခေါက်မှာကို
နေ့စဉ်နေ့တိုင်း စောင့်ကြို မျက်ရည်စို နေတဲ့ အမေ....။

တိုက်ပွဲဝင်အလွမ်းတွေ အပြည့်အမောက်နဲ့
တောက်ခေါက် အံကြိတ် သောကများမြိုသိပ်
ကမ္ဘာ့ရွာမှာ အမေ့မြေကိုမှ ရွေးပြီးတက်နေတဲ့ ကုန်ဈေးနှုန်းတွေကြား
ရင်တထိတ်ထိတ်နဲ့အရိပ်လိုချင်လို့ နေပူထဲ
ငြိမ်းချမ်းရေးကို ဘ၀တခုလုံးပေးဆပ်ဝယ်နေတဲ့ အမေ....။

အမှန်တရားဆိုတာ
စက်ပျက်နေတဲ့ ရထားလို
လိုရာခရီးကို အခက်အခဲကြားမှာ အနှေးနဲ့အမြန်ရောက်ရမယ်လို့ ယုံကြည်တဲ့အမေ..။

မပြိုလဲတဲ့ သစ်ပင်လို အရိပ်တွေဖြာကျ ၊
မီးအိမ်လို အလင်းတွေ မျှဝေ ၊
စစ်မီးလောင်နေတဲ့ခေတ်ထဲမှာ
စမ်းရေလို အေးမြစေတဲ့ အမေ......။

အောင်ခိုင်မြင့်

(အမေများနေ့အထိမ်းအမှတ်)

No comments:

Post a Comment