Pages

Wednesday, April 27, 2011

ရခိုင်ပြည်နယ်မှ ထပ်မံပြီး တပ်သား (၂)ဦး တိမ်းရှောင်ပြေးပြန်ပြီ

ဂစ္ဆပသတင်းဌာန
ဧပြီလ (၂၇)ရက်၊ ၂၀၁၁။
http://gissapa.blogspot.com

ရခိုင်ပြည်နယ်မှ ထပ်မံပြီး တပ်သား (၂)ဦး တိမ်းရှောင်ပြေးပြန်ပြီ

ရခိုင်ပြည်နယ် ပလက်ဝမြို့နယ် နယ်စပ်ဒေသတွင် စစ်ဆင်ရေး၊ နယ်မြေစိုးမိုးရေးနှင့် စည်းရုံးရေး တာဝန်ကျနေသော ခလရ အမှတ် (၅၅)တပ်ရင်း ရှေ့တန်းစစ်ကြောင်းတကြောင်းမှ တပ်သား၂ ဦးမှာ ဧပြီလ (၂၂)ရက်နေ့က တပ်မှတိမ်းရှောင်သွားခဲ့သောကြောင်း လိုက်လံရှာဖွယ်ရန် နပခစစ်ဌာနချုပ်မှ ဖိအားပေးကြောင်း သတင်းရရှိသည်။

အဆိုပါ တပ်ရင်းအမှတ် ခလရ(၅၅)၏ တပ်ရင်းမှူးမှာ ဗိုလ်မှူး သိန်းနိုင်ဖြစ်ပြီး သံတွဲမြို့တွင်အခြေစိုက် တပ်ရင်းဖြစ်သည်။ ယခုအခါ နပခ စစ်ဌာနချုပ်မှ တပ်သား(၂)ဦးထွက်ပြေးသွားသည့် အခြေအနေနှင့် မည်သို့ဆက်လက်လုပ်ဆောင်ရန် ဖိအားပေးမေးမြန်းချက်အရ တပ်ရင်းမှူးမှ ထွက်ပြေးသွားသည့် တပ်ခွဲမှူး ဇော်ထွန်းအောင်အား တပ်မှတိမ်းရှောင်သွားသော လက်နက်မဲ့ တပ်သား (၂)ဦးကို လိုက်လံ ရှာဖွေရန် အမိန်းပေးခြင်းဖြစ်ကြောင်း စစ်တပ်မှလာသော သတင်းများကဆိုသည်။

ခလရ (၅၅)မှ ရှေ့တန်းစစ်ကြောင်းမှာ ပလက်ဝမြို့နယ်တွင် စစ်ကြောင်း (၂)ကြောင်းရှိပြီး တပ်ရင်းမှူး ဦးဆောင်သော စစ်ကြောင်းမှာ မြတ်ဝတွင်အခြေစိုက်ပြီး တပ်ခွဲမှူး ဇော်ထွန်းအောင် ဦးဆောင်သော စစ်ကြောင်းမှာ နယ်စပ် ချင်းလက်ဝတွင် အခြေစိုက်သည်။ ခလရ အမှတ် (၅၅)တပ်ရင်းမှာ များမကြာမီ နောက်တန်းသို့ တပ်ဆုတ်ရမည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ တပ်ရင်းနယ်မြေသို့ စစ်တွေမြို့ အခြေစိုက် ဒစကအောက်ရှိ အမှတ် (၃၄၄) တပ်ရင်းမှ ရှေ့တန်းစစ်ကြောင်း တာဝန်ဖြင့် ရောက်ရှိမည်ဖြစ်ကြောင်း ဆိုသည်။

စစ်အုပ်စုအဖွဲ့အတွင်း စစ်တပ်မှ လက်နက်မဲ့ တိမ်းရှောင်သူများအား (၂၁)ရက်အတွင်း တပ်သို့ပြန်လာလျှင် အပြစ်ဒဏ်ကိုလျော့ပြီး၊ သတ်မှတ်ထားသည့် (၂၁)ရက်ကျော်လွန်သွားလျှင် တပ်ပြေးအဖြစ်ကြေညာကာ ပိုမိုကြီးပြစ်ဒဏ်များကို ချမှတ်လေ့ရှိသည်။

သို့သော်လည်း ရှေ့တန်းနယ်မြေမှ တိမ်းရှောင်သူများနှင့် နောက်တန်းမှတိမ်းရှောင်သူများအကြား အခြေအနေအရ ပြစ်ဒဏ်တူညီမှု မရှိကြောင်းနှင့် လက်နက်ယူ၍ ထွက်ပြေးသူများအား လိုက်လံရှာဖွေပစ်သတ်လေ့ရှိကြောင်းနှင့် ဖမ်းဆီးမိပါက စစ်ခုံရုံးတင်၍ ကြီးလေး သော ပြစ်ဒဏ်များကို ချမှတ်လေ့ရှိကြောင်း စုံစမ်းသိရှိရသည်။

ပလက်ဝမြို့နယ်တွင် ရှေ့တန်းတာဝန်ကို ထမ်းဆောင်နေသော အဆိုပါစစ်ကြောင်းမှာ ၄ လကျော်ရှိပြီဖြစ်ကြောင်းနှင့် တပ်မှတိမ်းရှောင် သူများမှာ တသ ကျော်ကျော်နှင့် အမည်မသိတသတဦးဖြစ်ကာ အကယ်၍ ဖမ်းဆီးမိပါက အလုပ်ကြမ်းနှင့် စစ်ထောင်အပြစ် အနည်းဆုံး (၆)လကျခံကြရမည်ဖြစ်ကြောင်း စစ်တပ်သတင်းရပ်ကွက်များက ဆိုသည်။

စစ်အုပ်စုတပ်အတွင်း လက်နက်မဲ့ စစ်တပ်မှထွက်ပြေးတိမ်ရှောင်သူများအား လိုက်လံရှာဖွေ အရေးတယူ ဂရုစိုက်မှုနည်းသော်လည်း လက်နက်ဖြင့် ထွက်ပြေးလျှင် အပူတပြင်းလိုက်လံရှာဖွေပြီး သတ်မှတ်ထားသည့် ဥပဒေများထက် ပိုမိုပြီးအရေးယူ အပြစ်ပေးလေ့ ရှိသည်။

လွန်ခဲ့သော အပတ်က ပလက်ဝမြို့နယ် အခြေစိုက် ခလရ (၂၈၉)မှ တပ်သား (၂)ဦးထွက်ပြေးခြင်းနှင့် ပတ်သက်၍ တပ်ရင်းမှူး ဗိုလ်မှူး အောင်သူထွန်းနှင့် ဗိုလ်ကြီး ကျော်ဇော်ဟိန်း တို့အား ကျောက်တော်မြို့အခြေစိုက် စစ်ဗျူဟာမှ အရေးယူရန် အမိန့်ပေးထားကြောင်း သတင်းရရှိသည်။

ခလရ (၂၈၉)မှ ထွက်ပြေးသည့် တပ်သား (၂)ဦး၏ အတင်းအဓမ္မ ရမ်းကားခဲ့မှု လက်ချက်များကြောင့် ခမီးအမျိုးသား တဦးသေဆုံးခဲ့ပြီး၊ အနည်းဆုံး ခမီးအမျိုးသမီးငယ်များနှင့် အမျိုးသား ၆ ဦးတို့မှာ ဒဏ်ရာများရရှိခဲ့ကြသည်။

No comments:

Post a Comment