Friday, June 22, 2012

နယ်စပ်ကုန်သွယ်ရေး မတည်ငြိမ်မှုကြောင့် ဘင်္ဂလာနိုင်ငံတော်ဝင်ငွေ ထိခိုက်ဟုပြော


Written by သဇင်ဥ    Saturday, 23 June 2012 03:05   PDFPrintE-mail
Teknaf customရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခကြောင့် မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေးမှာ နှစ်ပတ်ခန့် ဆိုင်းငံ့ပိတ်နေသည့်အတွက် ဘင်္ဂလာနိုင်ငံတော်ဝင်ငွေကို နေ့စဉ်ထိခိုက်လာနေကြောင်း ဆိပ်ကမ်းတာဝန်ရှိသူများက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ပဋိပက္ခများမှာ တည်ငြိမ်မှုများ မရှိသေး၍ မြန်မာ-ဘင်္ဂလာ နယ်စပ်ကုန်သွယ်ရေးမှာ အလိုအလျောက် ပိတ်နေကြောင်း ဆိပ်ကမ်းမှပြောသည်။

ဆိပ်ကမ်းက "ခုလိုနယ်စပ်စီးပွားရေး ၂ ပတ်ကြာ ပိတ်နေတာဟာ ဘင်္ဂလာနိုင်ငံတော်ဝင်ငွေနဲ့ စီးပွားရေးနေ့စဉ် အကျိုးအမြတ်ဝင်ငွေအပြင် နေ့စားအလုပ်သမားတွေအတွက် အခက်အခဲကြုံနေရပါတယ်၊ မြန်မာ့ကုန်တွေမလာဘဲ ပိတ်နေရတာဟာ တရက်ကို တာကာ သိန်း ၄၀ တန်ဖိုး ရှုံးဆုံးမှုတွေ ရှိနေပါတယ်၊ ဘင်္ဂလာက မြန်မာ့တင်ပို့ကုန်တွေကို အဓိကအားထားနေရတာပါ။"ဟု ကာစတင်က ပြောသည်။

မြန်မာ-ဘင်္ဂလာအကြား ဘင်္ဂလာမှ မြန်မာသို့ တင်ပို့နေကြသည့် အဓိကဆံပင်ကုန်သည်များ အနေဖြင့် ၀ယ်ထားသည့်ဆံပင်များ သောင်တင်ကျန်နေမှုများကြောင့် ဆံပင်ဈေးကွက် ကျသွားလျှင် အလုံးအရင်းဖြင့် ရှုံးသွားနိုင်ကြောင်းနှင့် နယ်စပ်ကြာရှည် ပိတ်နေမှု အခြေအနေအပေါ် စိုးရိမ်နေကြကြောင်း ဆံပင်ကုန်သည်ကြီးများက ပြောသည်။

မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံ တရားဝင်စီးပွားရေး စာချုပ်မှာ ၁၉၉၇ ခု၊ စက်တင်္ဘာလ(၅)ရက်နေ့တွင် ချုပ်ဆိုခဲ့သည်။ နှစ်နိုင်အကြား နှစ်ပေါင်း ၂၀ နီးပါး နယ်စပ်ကုန်သွယ်ရေးစီးပွားရေးမှာ ယခုဆိုင်းငံ့ပိတ်နေသကဲ့သို့ တစ်ခါမှ မရှိခဲ့ကြောင်း သိရှိရသည်။

သို့သော်လည်း နှစ်နိုင်ငံအကြား နယ်စပ်စီးပွားရေးကို လွန်ခဲ့သော ၁၉၉၅ ခုနှစ်ကတည်းက စတင်လုပ်ဆောင်လာခဲ့ကြောင်း သိရှိရသည်။

မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး စီးပွားရေးမှာ လွန်ခဲ့သော ဇွန်လ ၈ ရက် ဘင်္ဂမူဆလင်-ရခိုင် အဓိကရုဏ်းကတည်းက ရပ်ဆိုင်းခဲ့ရာမှ ခုအပတ် တနင်္လာနေ့က အနည်းငယ် စတင်ခဲ့ကာ အင်္ဂါနေ့မှပြန်လည် ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

တနင်္ဂနွေနေ့က ရခိုင်ပြည် စစ်တွေမြို့မှ ရေခဲစိမ့် တန်ချိန် ၉၀ ကျော် ငါးဖြင့်သင်္ဘော ၂ စီး တာခ်နာဆိပ်ကမ်းသို့ ညနေဖက် ၅ နာရီတွင် ဆိုက်ရောက်ခဲ့ကြောင်း အကောက်ခွန် ကာဇီ အာဘူလ် ဟိုစိုင်န်က ပြောသည်။

ယင်းနေ့က ရခိုင်ပြည်နယ်မှ ဘင်္ဂလာသို့ အိမ်မွေးတိရိစ္ဆာန်များပါ တင်ပို့ခဲ့ကြောင်းနှင့် မောင်တောမြို့တွင် ကုလားဈေးဆိုင်များ အနည်းငယ် ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။

မြန်မာမှ တာခ်နာဆိပ်ကမ်းသို့ ငါးသင်္ဘော ၂ စီး ကုန်တန်ဖိုး တာကာ ၁၀ ကုဋေဖြင့် ပဋိပက္ခစတင်ဖြစ်ပွားခဲ့သော ဇွန်လ ၈ ရက်နေ့က ဆိုက်ရောက်လာခဲ့သော်လည်း ယင်းသင်္ဘောမှာ ငါးချခွင့်မရှိခဲ့ဘဲ ၁၂ ရက်နေ့တွင် ပြန်လည်ခုတ်မောင်း ထွက်ခွာသွားခဲ့ကြောင်း အကောက်ခွန်မှ ထုတ်ဖေါ်ပြောဆိုခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခကြောင့် ယခုအချိန်အထိ မြန်မာ-ဘင်္ဂလာနှစ်နိုင်ငံမှ ကုန်သည်များ တဖက်နိုင်ငံများအတွင် စုစုပေါင်း ၂၀၀ ကျော်ရှိနေကြောင်း သိရှိရသည်။
http://www.arakantimes.net/burmese/index.php/2012-02-24-06-58-57/233-2012-06-23-03-17-22

မောင်တောမြို့နယ်တွင် ရခိုင်ဒုက္ခသည်များ နေရပ်သို့ ပြန်ခိုင်းခံနေရ


Written by သဇင်ဥ    Saturday, 23 June 2012 02:44   PDFPrintE-mail
165833 377360855658888 585308250 nမောင်တောမြို့နယ်ရှိ ရခိုင်ဒုက္ခသည်များ တချို့အား မိမိကျေးရွာနေအိမ် နေရပ်ရင်းများသို့ပြန်ပြီး နေထိုင်ကြရန် မောင်တောမြို့မှ ဒုဗိုလ်မှူးကြီးတစ်ဦးက နယ်ပြည်တော်အမိန့်အရဆိုကာ ညွှန်ကြားနေကြောင်း သတင်းရရှိသည်။

မောင်တောမြို့ ဒုဗိုလ်မှူးကြီး ညွှန်ကြားချက်အရ ယမန်နေ့က မိမိကျေးရွာသို့ ပြောင်းရွှေ့သွားသော ကျေးရွာမှာ တောင်ပိုင်းရှိ ကိုင်းကြီးကျေးရွာဖြစ်ကြောင်းနှင့် တချို့မှာ ကျန်ရှိခဲ့သော မိမိလယ်ယာမြေများနှင့် ကျွဲနွားများအား စစ်ဆေးရန် ခေတ္တသွားကြည့်ကြသူများသာ ဖြစ်ကြောင်း မျက်မြင်တစ်ဦးက ပြောသည်။

"မောင်တောမြို့နယ်က လုံးဝငြိမ်နေတာ အမှန်ဖြစ်ပါတယ်၊ ဒါပေမဲ့ အားလုံးက ဒါငြိမ်နေတာမဖြစ်နိုင်ဘူးလို့ ယူဆနေကြပါတယ်၊ ခုချိန်ထိ မောင်တောလူထုက ဈေးသွားမ၀ယ်ကြသေးဘူး၊ အာဏာပိုင်တွေကလည်း ဈေးရောင်းကြဖို့ ကုလားတွေကို တိုက်တွန်းနေတာ ရှိပါတယ်၊ သူတို့လည်း ဈေးဆိုင်အားလုံးကိုဖွင့်ပြီး ဈေးရောင်းတာ မတွေ့ရဘူး၊ တဖက်နဲ့တဖက် မယုံသင်္ခါမှုတွေ ရှိနေတာတော့ သေချာ နေပါတယ်၊ ဒုက္ခသည်တွေကလည်း ကျေးရွာနေအိမ်ပြန်ဖို့ လုံခြုံရေးမရှိဘဲ မပြန်ရဲဘူး၊ မနေနိုင်ဘူးလို့ ပြောနေကြတယ်၊ ဒီအချိန်မှာ ပြန်ခိုင်းလို့ လိပ်ပြာမသန့်ဖြစ်နေကြပါတယ်၊ မနေ့ကသွားကြတဲ့ ကိုင်းကြီးရွာက ကျေးရွာသားတွေက ဘယ်အိမ်မှာ နေကြမလဲတော့ မသိဘူး။"ဟု ဒုက္ခသည်အရေး စောင့်ရှောက်ကူညီနေသူ အမည်မဖေါ်လိုသူတဦးက ရှင်းပြသည်။

မောင်တောမြို့နယ် အာဏာပိုင်များက မြို့တောင်ဘက်ရှိ ကိုင်းကြီးကျေးရွာသားများအား ကျေးရွာသို့ သွားရောက်ပြီး နေရာထိုင်ခင်းများ ချပေးခဲ့ကြောင်း ကိုင်းကြီးကျေးရွာမှ အမျိုးသမီးတစ်ဦးက ရှင်းပြသည်။
"ကျမတို့ရွာက အိမ်တဆောင်မှ မကျန်ခဲ့ပါဘူး၊ ဒီမိုးရာသီမှာ ဘယ်မှာနေရမှန်းတောင် မသိသေးပါဘူး၊ စစ်တပ်၊ နစက၊ ၀န်ထမ်းတွေကတော့လာပြီး တာလ်ပတ်ချာ အမိုးအကာတွေနဲ့ မနေ့က လုပ်ပေးသွားပါတယ်၊ သောက်ရေ၊ ရေအိမ်တို့ဘာမှမရှိသေးဘူး။"ဟု ရှင်းပြသည်။
မောင်တောမြို့က ဘုန်းတော်ကြီးတစ်ပါးက "စစ်တပ်က အတင်းလုပ်တာဖြစ်ပါတယ်၊ ပြာပုံသာရှိတဲ့ အဲဒီကိုင်းကြီးရွာမှာ နိုင်ငံတကာကို လိမ်လည်ဖို့ စံပြသဘောအနေနဲ့ လုပ်တာပါ၊ မနေ့က တီဗီမှာ သူတို့ပြည်သူတွေကို ကူညီနေပုံကို မြင်လိုက်ပါတယ်၊ မိုးရွာရင် တာလ်ပတ်ချာ မပြောနဲ့ တိုက်မှာတောင်နေမသာဘူး၊ တခြားကျေးရွာတွေကို နေရာချပေးသေးတာတွေလည်း မတွေ့ရသေးဘူး။"ဟု မိန့်ကြားသည်။

မောင်တောမြို့နယ် တောင်ပိုင်းကျေးရွာများမှာ ဇွန်လ ၈ ရက်နေ့ ကတည်းကစတင်ပြီး မီးရှီုးခံရကာ ကျေးရွာပေါင်း ၈ ရွာနှင့် အိမ်ခြေပေါင်း ၄၃၀ နီးပါးအထိ မီးလောင်ကျွမ်းသွားကြောင်းနှင့် အသေအပျောက်များလည်း အများအပြား ရှိခဲ့ကြောင်း သိရှိရသည်။

သို့သော်လည်း ယင်းကျေးရွာများမှ တချို့အနေဖြင့် ကျေးရွာအခြေအနေနှင့် အိမ်မွေးတိရိစ္ဆာန်များအား ယခုငြိမ်သက်နေသည့် ကာလအတွင်း ခေတ္တခဏသာ သွားရောက်စစ်ဆေးကြည့်ရှုမှုများ ရှိနေကြောင်း မောင်တောမြို့ခံများက ပြောသည်။

မောင်တောမြို့တွင် ဒုက္ခသည်များမှာ လေးမိုင် ရဲတပ်ရင်း(၂)၊ ရပ်ကွက်(၁)၊ ရပ်ကွက်(၃)၊ ပရဟိတကျောင်း၊ ဗဟိုကျောင်းနှင့် အလိုတော်ပြည့်ကျောင်းများအတွင်း စုစုပေါင်း ၁၀၀၀၀ ကျော် နေထိုင်ကြကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့ လူထုနှင့် အာဏာပိုင်များအနေဖြင့် ပဋိပက္ခကာလအတွင်း ဘင်္ဂလာအခြေစိုက် ARNOနှင့် RSO တပ်ဖွဲ့နှင့် အကြမ်းဖက်သမား တပ်ဖွဲ့များ ၀င်ရောက်ပြီး သောင်းကျန်းသူဘင်္ဂလီများအား ကူညီပေးသည့်သတင်းများ ထွက်ပေါ်ခဲ့သောကြောင့် ယခုအချိန်ထိ မြို့နယ်လုံခြုံရေးနှင့် သတင်းအချက်အလက်များကို စုံစမ်းနေကြသည့်အပြင် စိုးရိမ်မှုများ ရှိနေသေးကြောင်း မြို့ခံများက ပြောသည်။
http://www.arakantimes.net/burmese/index.php/2012-02-24-06-58-57/232-2012-06-23-02-57-07

ဘင်္ဂလာ ဖမ်းမိသော ဘာသာရေးအစွန်းရောက်များအား ရဲမှပြန်လည်ခေါ်ယူစစ်ဆေးရန် ရုံးချိန်းရွှေ့

Written by သဇင်ဥ    Friday, 22 June 2012 11:25   PDFPrintE-mail
20120620031004ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခတွင် အကြမ်းဖက်မှုများနှင့် ဆက်နွယ်မှုရှိသည့်အပြင် တခြားမယုံသင်္ခါမှုတို့ဖြင့် တနင်္လနေ့က ဖမ်းဆီးမိခဲ့သော မူဆလင်အစွန်းရောက် ခေါင်းဆောင် ၇ ဦးအား ရဲမှ ရုံးထုတ်စစ်ဆေး နေချိန်တွင် အင်္ဂါနေ့က ထပ်မံပြီး တစ်ဦး ဖမ်းဆီးရမိခဲ့ပြီး ယင်းတို့အား စစ်ဆေးမေးမြန်းရန် ရုံးချိန်းရက်ရွှေ့လိုက်ကြောင်း သိရှိရသည်။

ယင်းဖမ်းဆီးရမိသော မူဆလင်ဘာသာရေး ခေါင်းဆောင် ၈ ဦးအနက် ၇ ဦးအား ကော့စ်ရဲမင်းကြီး ကာမ်ရုလ်မှ စစ်ဆေးစရာများ ကျန်ရှိနေသေးသည်ဟုဆိုကာ ရုံးချိန်းရက် ၃ ရက်ယူကာ ထောင်သို့ပို့ဆောင်လိုက်ကြောင်းနှင့် နိလာဗလီကျောင်းမှ ဖမ်းဆီးရမိသည့် အာဘ်ဆာ အူဒ္ဒိန် စိုဒိုးရိအား ရုံးချိန်း ၁ ရက်တောင်းဆိုပြီး ရက်ရွှေ့လိုက်ကာ ကော့စ်ထောင်သို့ ပို့ဆောင်လိုက်ကြောင်း ရဲမင်းကြီး ကာမ်ရုလ်က ယမန်နေ့က သတင်းထောက်များအား ပြောကြားလိုက်သည်။

ယင်း ဖမ်းဆီးရမိထားသော ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခနှင့် ဆက်နွယ်မှုများရှိသည့် ဘာသာရေးအစွန်းရောက် စုပေါင်း ၈ ဦးအား ယနေ့ပြန်လည် စစ်ဆေးမေးမြန်းမှုများ ကော့စ်ရဲဋ္ဌာနတွင် စတင်ပြုလုပ်သွားမည်ဖြစ်သည်။

သက်ဆိုင်ရာက ဦးစွာ ဖမ်းဆီးမိသည့် ၇ ဦးအား စစ်ဆေးနေချိန်တွင် ဆက်နွယ်မှုရှိသည့် နောက်ထပ်တစ်ဦးနှင့်အတူ ရခိုင်ပြည်အတွင်း ဖြစ်ပျက်နေသော ပဋိပက္ခ၌ လိုအပ်မည့် ပစ္စည်းများအား ဖမ်းဆီးရမိခြင်း ဖြစ်သည်။

သက်ဆိုင်ရာ ရဲဋ္ဌာနမှ ဖမ်းဆီးမိထားသူများအား ဆက်လက်စုံစမ်းမေးမြန်းမှုများ ပြုလုပ်လျှင် တခြားဆက်နွယ်မှုရှိသည့် အကြမ်းဖက်သမားများ ထွက်ပေါ်လာနိုင်ဖွယ် ရှိနိုင်သောကြောင့် ယခုကဲ့သို့ ရုံးရက်ချိန်း ရွှေ့ယူရခြင်းဖြစ်သည်ဟု စောင့်ကြည့်နေသူ များက သုံးသပ်နေကြသည်။

ယင်းဘင်္ဂလာအစိုးရ သက်ဆိုင်ရာမှ စစ်ဆေးမေးမြန်းနေသူများမှာ နယ်ဇာမေ အီဆလာမ်မီအဖွဲ့နှင့် အီဆလာမ်မိတ်ညီညီတ်ရေးအသင်း တို့မှ ခေါင်းဆောင်များဖြစ်ကြကြောင်း ဒေသထုတ် သတင်းစာများက ဆိုသည်။

နယ်ဇာမေအီဆလာမ်မီအဖွဲ့ ကော့စ်ဘဇားမြို့ ခေါင်းဆောင် အီနာမူလ် ဟောက်၊ တခြားခေါင်းဆောင် အာဟာမတ် နုရုလ် ကော်ဘီ ဟိလာလီနှင့် ဟာဖေဇ် အာဘ်ဒူလ် ဟောက်၊ နီလာမြို့ ဗလီဝတ်ပြုကျောင်းမှ အာဘ်ဆာရ် အူဒ္ဒိန် စိုဒိုးရိ၊ ကာဇီ အေချာဒူလ္လာဟ်၊ ဟာဖေဇ် အာဘူ ဘော်ကော်ရ်နှင့် အီဆလာမ်မီကျောင်းသားခေါင်းဆောင် ဟာဖေဇ် အာဘူလ် မော်န်ဇူရ် တို့ဖြစ်ကြောင်း ဒေသထုတ် သတင်းစာများက ဖေါ်ပြသည်။

ဘင်္ဂလာက ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများနှင့် ဆက်နွယ်မှုရှိသည်ဟု သတင်းများအရ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အခြေစိုက် NGOs အကြီး ၇ ခုကို သတိပေးထားကြောင်း ဒေသအတွင်း သတင်းများထွက်ပေါ်နေသည်။ ထိုအထဲတွင် အီဆလာမ်မိတ်ဘာဏ် အဓိကပါဝင်ကြောင်း သိရှိရသည်။

နီလာမြို့ မူဆလင်ဝတ်ပြု နုရာနီဗလီကျောင်းမှ သောင်းကျန်းသူ ဘင်္ဂလီများအတွက် အ၀တ်အထည် ၆၅ အိတ်နှင့်အတူ တခြားအရေးပေါ် လိုအပ်မည့် ပစ္စည်းများအား အာဘ်ဆာရ် အူဒ္ဒိန် စိုဒိုးရိနှင့်အတူ ဖမ်းဆီးရရှိခဲ့ကြောင်း ဒေသထုတ် သတင်းများက ဖေါ်ပြသည်။

ဘင်္ဂလာဒေ့ရှ်နိုင်ငံ ကော့စ်ရဲဋ္ဌာနတွင် အဆိုပါ ဖမ်းဆီးခံရပြီး စစ်ဆေးမေးမြန်းခြင်း ခံနေရသူများမှာ ဘင်္ဂလီများအား ဘာသာရေးအရ စည်းရုံးလှုံဆော်မှုများ လွန်ခဲ့သော သောကြာနေ့ (မူဆလင်ဘာသာရေးဝတ်ပြုနေ့) မတိုင်ခင်ကတည်းက ပြုလုပ်မှုများရှိခဲ့ရာ ဒေသအတွင်း ယခုအချိန်ထိ ဗုဒ္ဓဘာသာဝင်များမှာ အိမ်ပြင်သွားရောက်ကြရန် စိုးရိမ်မှုများ ခြုံလျက်ရှိနေကြသည်။

ပါကိစ္စတန်နိုင်ငံမှ မူဆလင်ဘာသာရေးအစွန်းရောက် တစ်ဦးအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပေါ်နေမှုများကို နိုင်ငံပေါင်း ၆၀ ကျော်အား သတင်းမှားများဖြင့် စည်းရုံးလှုံဆော်မှုများ ပြုလုပ်နေပြီး ရိုဟင်ဂျာအမည်ခံ သောင်းကျန်းသူဘင်္ဂလီများကို ကာကွယ်ရန် တိုက်တွန်းနေကြောင်း အင်တာနက်များက ဆိုသည်။
http://www.arakantimes.net/burmese/index.php/2012-02-24-06-58-57/230-2012-06-22-11-38-32

ဘင်္ဂလာ ဖမ်းမိသော ဘာသာရေးအစွန်းရောက်များအား ရဲမှပြန်လည်ခေါ်ယူစစ်ဆေးရန် ရုံးချိန်းရွှေ့


Written by သဇင်ဥ    Friday, 22 June 2012 11:25   PDFPrintE-mail
20120620031004ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခတွင် အကြမ်းဖက်မှုများနှင့် ဆက်နွယ်မှုရှိသည့်အပြင် တခြားမယုံသင်္ခါမှုတို့ဖြင့် တနင်္လနေ့က ဖမ်းဆီးမိခဲ့သော မူဆလင်အစွန်းရောက် ခေါင်းဆောင် ၇ ဦးအား ရဲမှ ရုံးထုတ်စစ်ဆေး နေချိန်တွင် အင်္ဂါနေ့က ထပ်မံပြီး တစ်ဦး ဖမ်းဆီးရမိခဲ့ပြီး ယင်းတို့အား စစ်ဆေးမေးမြန်းရန် ရုံးချိန်းရက်ရွှေ့လိုက်ကြောင်း သိရှိရသည်။

ယင်းဖမ်းဆီးရမိသော မူဆလင်ဘာသာရေး ခေါင်းဆောင် ၈ ဦးအနက် ၇ ဦးအား ကော့စ်ရဲမင်းကြီး ကာမ်ရုလ်မှ စစ်ဆေးစရာများ ကျန်ရှိနေသေးသည်ဟုဆိုကာ ရုံးချိန်းရက် ၃ ရက်ယူကာ ထောင်သို့ပို့ဆောင်လိုက်ကြောင်းနှင့် နိလာဗလီကျောင်းမှ ဖမ်းဆီးရမိသည့် အာဘ်ဆာ အူဒ္ဒိန် စိုဒိုးရိအား ရုံးချိန်း ၁ ရက်တောင်းဆိုပြီး ရက်ရွှေ့လိုက်ကာ ကော့စ်ထောင်သို့ ပို့ဆောင်လိုက်ကြောင်း ရဲမင်းကြီး ကာမ်ရုလ်က ယမန်နေ့က သတင်းထောက်များအား ပြောကြားလိုက်သည်။

ယင်း ဖမ်းဆီးရမိထားသော ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခနှင့် ဆက်နွယ်မှုများရှိသည့် ဘာသာရေးအစွန်းရောက် စုပေါင်း ၈ ဦးအား ယနေ့ပြန်လည် စစ်ဆေးမေးမြန်းမှုများ ကော့စ်ရဲဋ္ဌာနတွင် စတင်ပြုလုပ်သွားမည်ဖြစ်သည်။

သက်ဆိုင်ရာက ဦးစွာ ဖမ်းဆီးမိသည့် ၇ ဦးအား စစ်ဆေးနေချိန်တွင် ဆက်နွယ်မှုရှိသည့် နောက်ထပ်တစ်ဦးနှင့်အတူ ရခိုင်ပြည်အတွင်း ဖြစ်ပျက်နေသော ပဋိပက္ခ၌ လိုအပ်မည့် ပစ္စည်းများအား ဖမ်းဆီးရမိခြင်း ဖြစ်သည်။

သက်ဆိုင်ရာ ရဲဋ္ဌာနမှ ဖမ်းဆီးမိထားသူများအား ဆက်လက်စုံစမ်းမေးမြန်းမှုများ ပြုလုပ်လျှင် တခြားဆက်နွယ်မှုရှိသည့် အကြမ်းဖက်သမားများ ထွက်ပေါ်လာနိုင်ဖွယ် ရှိနိုင်သောကြောင့် ယခုကဲ့သို့ ရုံးရက်ချိန်း ရွှေ့ယူရခြင်းဖြစ်သည်ဟု စောင့်ကြည့်နေသူ များက သုံးသပ်နေကြသည်။

ယင်းဘင်္ဂလာအစိုးရ သက်ဆိုင်ရာမှ စစ်ဆေးမေးမြန်းနေသူများမှာ နယ်ဇာမေ အီဆလာမ်မီအဖွဲ့နှင့် အီဆလာမ်မိတ်ညီညီတ်ရေးအသင်း တို့မှ ခေါင်းဆောင်များဖြစ်ကြကြောင်း ဒေသထုတ် သတင်းစာများက ဆိုသည်။

နယ်ဇာမေအီဆလာမ်မီအဖွဲ့ ကော့စ်ဘဇားမြို့ ခေါင်းဆောင် အီနာမူလ် ဟောက်၊ တခြားခေါင်းဆောင် အာဟာမတ် နုရုလ် ကော်ဘီ ဟိလာလီနှင့် ဟာဖေဇ် အာဘ်ဒူလ် ဟောက်၊ နီလာမြို့ ဗလီဝတ်ပြုကျောင်းမှ အာဘ်ဆာရ် အူဒ္ဒိန် စိုဒိုးရိ၊ ကာဇီ အေချာဒူလ္လာဟ်၊ ဟာဖေဇ် အာဘူ ဘော်ကော်ရ်နှင့် အီဆလာမ်မီကျောင်းသားခေါင်းဆောင် ဟာဖေဇ် အာဘူလ် မော်န်ဇူရ် တို့ဖြစ်ကြောင်း ဒေသထုတ် သတင်းစာများက ဖေါ်ပြသည်။

ဘင်္ဂလာက ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများနှင့် ဆက်နွယ်မှုရှိသည်ဟု သတင်းများအရ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အခြေစိုက် NGOs အကြီး ၇ ခုကို သတိပေးထားကြောင်း ဒေသအတွင်း သတင်းများထွက်ပေါ်နေသည်။ ထိုအထဲတွင် အီဆလာမ်မိတ်ဘာဏ် အဓိကပါဝင်ကြောင်း သိရှိရသည်။

နီလာမြို့ မူဆလင်ဝတ်ပြု နုရာနီဗလီကျောင်းမှ သောင်းကျန်းသူ ဘင်္ဂလီများအတွက် အ၀တ်အထည် ၆၅ အိတ်နှင့်အတူ တခြားအရေးပေါ် လိုအပ်မည့် ပစ္စည်းများအား အာဘ်ဆာရ် အူဒ္ဒိန် စိုဒိုးရိနှင့်အတူ ဖမ်းဆီးရရှိခဲ့ကြောင်း ဒေသထုတ် သတင်းများက ဖေါ်ပြသည်။

ဘင်္ဂလာဒေ့ရှ်နိုင်ငံ ကော့စ်ရဲဋ္ဌာနတွင် အဆိုပါ ဖမ်းဆီးခံရပြီး စစ်ဆေးမေးမြန်းခြင်း ခံနေရသူများမှာ ဘင်္ဂလီများအား ဘာသာရေးအရ စည်းရုံးလှုံဆော်မှုများ လွန်ခဲ့သော သောကြာနေ့ (မူဆလင်ဘာသာရေးဝတ်ပြုနေ့) မတိုင်ခင်ကတည်းက ပြုလုပ်မှုများရှိခဲ့ရာ ဒေသအတွင်း ယခုအချိန်ထိ ဗုဒ္ဓဘာသာဝင်များမှာ အိမ်ပြင်သွားရောက်ကြရန် စိုးရိမ်မှုများ ခြုံလျက်ရှိနေကြသည်။

ပါကိစ္စတန်နိုင်ငံမှ မူဆလင်ဘာသာရေးအစွန်းရောက် တစ်ဦးအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပေါ်နေမှုများကို နိုင်ငံပေါင်း ၆၀ ကျော်အား သတင်းမှားများဖြင့် စည်းရုံးလှုံဆော်မှုများ ပြုလုပ်နေပြီး ရိုဟင်ဂျာအမည်ခံ သောင်းကျန်းသူဘင်္ဂလီများကို ကာကွယ်ရန် တိုက်တွန်းနေကြောင်း အင်တာနက်များက ဆိုသည်။
http://www.arakantimes.net/burmese/index.php/2012-02-24-06-58-57/230-2012-06-22-11-38-32

ရခိုင်ဒုက္ခသည်များက ထပ်မံပြီး ပိုမို၍ စိုးရိမ်နေရဟုဆို

Written by သဇင်ဥ    Friday, 22 June 2012 01:34   PDFPrintE-mail
248069 395696243801338 
616852592 nမောင်တောမြို့တွင် ဇွန်လ ၈ ရက်နေ့ကတည်းက အကြမ်းဖက်သမား ဘင်္ဂလီမူဆလင်များ၏ သောင်းကျန်းခဲ့မှုကြောင့် ယခုအချိန်ထိ ဒုက္ခရောက်နေကြသော ဒေသခံ ရခိုင်ဒုက္ခသည်များမှာ ပိုမိုစိုးရိမ်မှုများ ရှိနေသေးကြောင်း မောင်တောမှ ဒုက္ခသည် တစ်ဦးက ပြောသည်။
"လောလောဆယ် အခြေအနေက လုံးဝကို ငြိမ်နေတယ်လို့ ပြောနိုင်ပါတယ်၊ ဒါပေမဲ့ ဒီမှာသောင်းကျန်းပြီး ထွက်ပြေးသွားကြတဲ့ ကုလားတွေနဲ့ ဘင်္ဂလာမှာရှိတဲ့ ကုလားတွေနဲ့ ပူးပေါင်းပြီး ဘယ်လိုစီစဉ်ပြီး ဘယ်ပုံစံပြန်လာတိုက်မလဲဆိုတာ စိုးရိမ်နေကြ ရပါတယ်။"ဟု မောင်တောမြို့မှ ကိုနိုင်နိုင်အောင်ပြောသည်။

သူက ဆက်လက်ပြီး "ခုအချိန်ထိ များသောအားဖြင့် ဈေးမသွားဖြစ်ကြသေးဘူး၊ အားလုံးအားထားရတဲ့ မြို့မဈေးကြီးလည်း မစည်ကားဘူး၊ ကရင်တန်းဆိုတဲ့ ကုလားဈေးလည်း မရှိသလိုဖြစ်နေတယ်၊ မီးစက်လမ်းဆုံဈေးလည်း ဘာမှမထူးခြားဘူး၊ ခုဈေးရောင်းနေကြတာက ကုလားတွေသာ တွေ့ရပါတယ်၊ ဈေးဆိုင်ပိုင်တဲ့သူတွေက ကုလားတွေများပါတယ်၊ လူတွေအားလုံးက ကုလားတွေသောင်းကျန်းခဲ့တဲ့ ပြဿနာကို ပြန်ဖြစ်လာဖို့ကိုဘဲ စိုးရိမ်နေကြပါတယ်၊ မောင်တောမြို့နယ် တခုလုံး ၆ နေရာက ဒုက္ခသည် ၁၀၀၀၀ တသောင်းကျော်မှာလည်း အကူအညီကို အားကိုးပြီး ရပ်တည်နေရပါတယ်၊ နေ့စဉ်ဆေးရုံ လာပြနေကြတာ တွေ့ရပါတယ်၊ ရေနဲ့ အနေအထိုင်အခက်အခဲရှိတော့ အနည်းအများတော့ ရောဂါဖြစ်နေကြပါတယ်။"ဟု ရှင်းပြသည်။

မောင်တောမြို့နယ် လူထုများအနေဖြင့် ယခုအခါ စစ်တပ်၊ ရဲနှင့် လုံထိန်းများအပြင် အကူအညီများ အစောင့်အကြပ်ဖြင့် လုံခြုံမှုများ ရှိနေသော်လည်း ယင်းတို့မရှိသည်အချိန်အခါ မည်သို့ပြန်လည် အခြေချနေထိုင်ရမည့်အကြောင်းတွေးပြီး အထူးစိုးရိမ်မှုများ ကြီးထွား နေကြကာ သောကများဖြစ်ပေါ်နေကြကြောင်း မောင်တောမြို့မှ ဦးမောင်ထွန်းအေးက ပြောသည်။

ရသေ့တောင်မြို့နယ်တွင် ဘင်္ဂလီအကြမ်းဖက်သမားများက စတင်အကြမ်းဖက်သည့် ပြဿနာမှာ တည်ငြိမ်မှုမရှိသေးဘဲ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များသို့ ကူးစက်လာနိုင်ဖွယ် ရှိနေကြောင်း ယူဆနေကြသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် လတ်တလော အခက်အခဲတွေ့ကြုံနေရသူ ဒုက္ခသည်ပေါင်း ၉၀၀၀၀ ကျော်ရှိလာနေပြီဖြစ်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)မှ ပြောသည်ဟု APသတင်းတွင် ဦးစွာ ဖေါ်ပြခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်သမားများကြောင့် ပဋိပက္ခများဖြစ်ပွားနေမှုမှာ တည်ငြိမ်သွားခြင်းမရှိဘဲ ပိုမို၍ မြို့နယ်ကျေးရွာ အများအပြားသို့ တိုးပွားနေပြီး ဒုက္ခသည်များပါ ထပ်တိုးလျက်ရှိကြောင်းနှင့် အကြမ်းဖက်မှုများ ဆက်မဖြစ်ပွားစေရေးအတွက် အစိုးရတွင် အဓိကတာဝန်ရှိကြောင်း ပြည်တွင်း၊ ပြည်ပနိုင်ငံများမှ စောင့်ကြည့်နေကြသူများက ထောက်ပြလျက်ရှိနေသည်။

မောင်တောမြို့နယ် လုံခြုံရေးကို သက်ဆိုင်ရာ တပ်မှူးက စနစ်တကျ နေရာယူချထားကြောင်း နစကကပြောသည်။ မောင်တောမြို့နယ် အခြေစိုက် တပ်ဖွဲ့များအနေဖြင့် အကြမ်းဖက်သောင်းကျန်းသူများ၏ ရန်ကိုအထူးလေ့လာနေကြောင်း သူကပြောသည်။
မောင်တောမြို့တွင် ဒုက္ခသည်များမှာ လေးမိုင် ရဲတပ်ရင်း(၂)၊ ရပ်ကွက်(၁)၊ ရပ်ကွက်(၃)၊ ပရဟိတကျောင်း၊ ဗဟိုကျောင်းနှင့် အလိုတော်ပြည့်ကျောင်းများတွင် နေထိုင်ကြကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ်အတွင်း စုစုပေါင်း ဒုက္ခသည်များ နေထိုင်နေကြသည့် နေရာများမှာ ၈၀ ကျော်အထိ တိုးမြင့်လာကြောင်း သိရှိရသည်။
သို့သော်လည်း ရခိုင်ပြည်နယ်အတွင်း ဘင်္ဂလီမူဆလင်များ၏ ဒုက္ခသည်အဖြစ် နေထိုင်နေကြသည့် နေရာများကို မောင်တောမြို့ခံ များအား စုံစမ်းမေးမြန်းရာ မသိရှိကြောင်း ဖြေကြားသည်။
http://www.arakantimes.net/burmese/index.php/2012-02-24-06-58-57/228-2012-06-22-01-43-10

ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး ၀င်ငွေ ထိခိုက်

စီးပွားရေး

အောင်သန်း| June 22, 2012 |

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားသည့် ပဋိပက္ခကြောင့် နယ်စပ်ကုန်သွယ်ရေး နှစ်ပတ်ခန့် ရပ်ဆိုင်းခဲ့ရာ ဘင်္ဂလားဒေ့ရှ် ဘက်က တရက်လျှင် ဘင်္ဂလားဒေ့ရှ်ငွေ တာကာ သိန်း ၄၀ ခန့် ထိခိုက်မှုရှိကြောင်း တာ့ခ်နာဖ် ဆိပ်ကမ်း တာဝန်ရှိသူများ က ပြောသည်။

လတ်တလောတွင်လည်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးမှာ ရပ်ဆိုင်းနေသေးသည်ဟု တာ့ခ်နာဖ်(Teknaf)ဆိပ်ကမ်း တာဝန်ရှိသူများ က ဆိုသည်။

“အခုလိုနယ်စပ် စီးပွားရေး ၂ ပတ်ကြာ ပိတ်နေတာဟာ ဘင်္ဂလာနိုင်ငံတော်ဝင်ငွေနဲ့ စီးပွားရေးနေ့စဉ် အကျိုးအမြတ် ၀င်ငွေ အပြင် နေ့စား အလုပ်သမားတွေအတွက် အခက်အခဲကြုံနေရပါတယ်၊ မြန်မာ့ကုန်တွေမလာဘဲ ပိတ်နေရတာဟာ တရက်ကို တာကာ သိန်း ၄၀ တန်ဖိုး ရှုံးဆုံးမှုတွေ ရှိနေပါတယ်၊ ဘင်္ဂလာက မြန်မာ့တင်ပို့ကုန်တွေကို အဓိက အားထားနေရတာပါ”ဟု ဆိပ်ကမ်း အကောက်ခွန် တာဝန်ရှိသူ တဦးက ပြောသည်။

ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းမှုအခြေအနေ ကြာရှည်မည်ကို စိုးရိမ်ကြောင်း ကုန်သည်များကလည်း ပြော ဆိုသည်။

နှစ်နိုင်ငံအကြား နယ်စပ် ကုန်သွယ်ရေးမှာ ယခုကဲ့သို့ ရပ်ဆိုင်းနေခြင်းမျိုး နှစ်ပေါင်း၂၀ နီးပါး၌ တကြိမ်တခါမျှ မရှိခဲ့ဘူးကြောင်း သိရသည်။

နယ်စပ် ကုန်သွယ်ရေးမှာ ပြီးခဲ့သည့် ဇွန် ၈ ရက် ရခိုင်ပြည်နယ် အဓိကရုဏ်း အတွင်း က စတင်ရပ်ဆိုင်းခဲ့ရာမှ ဇွန်လ ၁၈ ရက်နေ့က ပြန်လည် စတင်ခဲ့သော်လည်း ဇွန် ၁၉ ရက်တွင် ရပ်ဆိုင်းခဲ့ပြန်ကြောင်း ကုန်သည်များက ပြောသည်။

ဇွန်လ ၁၇ ရက်နေ့ကမူ ရခိုင်ပြည် စစ်တွေမြို့ဘက်မှ တန်ချိန် ၉၀ ကျော် ရေခဲရိုက် ငါး သင်္ဘော ၂ စီး တာ့ခ်နာဖ် ဆိပ်ကမ်းသို့ ညနေပိုင်းတွင် ဆိုက်ရောက်ခဲ့ကြောင်း အထက်ပါ ဆိပ်ကမ်း အကောက်ခွန် တာဝန်ရှိသူ က ပြောသည်။

ထို့အပြင် ရခိုင်ပြည်နယ် ဘက်မှ ဘင်္ဂလားဒေ့ရှ် ဘက်သို့ အိမ်မွေး တိရစ္ဆာန်များ တင်ပို့မှုရှိခဲ့ကြောင်း သိရသည်။

ဇွန်လ ၈ ရက်နေ့က မြန်မာနိုင်ငံမှ ကုန်တန်ဖိုး တာကာ ၁၀ ကုဋေ ခန့်ရှိ ငါးသင်္ဘော၂ စီး တာ့ခ်နာဖ် ဆိပ်ကမ်းသို့ ဆိုက်ရောက် လာခဲ့ သော်လည်း ငါးချခွင့်မရ၍ ဇွန် ၁၂ ရက်တွင် ပြန်လည် ထွက်ခွာသွားခဲ့သည်ဟု အကောက်ခွန်ဌာနက ပြောဆိုသည်။ လက်ရှိ ဘင်္ဂလားဒေ့ရှ် ၁ တာကာ လျှင် မြန်မာ ငွေ ၁၀ ကျပ် ၀န်းကျင် ရှိသည်။

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခကြောင့် ယနေ့ အထိ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံမှ ကုန်သည် ၂၀၀ ကျော်၏ ကုန်သွယ်မှု ရပ် ဆိုင်းလျက် ရှိကြောင်း သိရသည်။
http://burma.irrawaddy.org/?slide=%E1%80%98%E1%80%82%E1%81%A4%E1%80%9C%E1%80%AC%E1%80%B8%E1%80%B1%E1%80%92%E1%80%B7%E1%80%9B%E1%80%BD%E1%80%B9-%E1%80%94%E1%80%9A%E1%80%B9%E1%80%85%E1%80%95%E1%80%B9%E1%80%80%E1%80%AF%E1%80%94%E1%80%B9

Thursday, June 21, 2012

ရသေ့တောင်မြို့နယ် ကူတောင်အကြမ်းဖက်မှု ဦးဆောင်သူ ၂၂ဦးအား ဖမ်းဆီးအရေးယူ

Written by မင်းသွီး    Friday, 22 June 2012 04:10   PDFPrintE-mail
575040 142570992545824 1444967645 nရသေ့တောင်မြို့ ကူတောင်ကျေးရွာ အကြမ်းဖက်မှုကို ဦးဆောင်ခဲ့သူ အီရှုး၊ အနောက်ပြင်ပိုက်ဆိပ်ကုလားရွာ အုပ်ချူပ်ရေးမှူး ဘင်္ဂလီမူဆလင် မောင်မောင်ဝင်းအပါအ၀င် ဗလီဆရာခေါင်းဆောင်များနှင့် ရွာသား ၂၂ယောက်အား မနေ့က ဖမ်းဆီးလိုက်ပြီး စစ်တွေထောင်သို့ ပို့ဆောင်လိုက်ကြောင်း သိရှိရသည်။

“မနေ့က စစ်တပ်နဲ့ ရသေ့တောင်မြို့နယ် မယက ဥက္ကဌ အဖွဲ့တို့ ပူပေါင်းပြီး ကူတောင်ရွာသားတွေကို အကြမ်းဖက်ဖို့ ဦးဆောင်ခဲ့တဲ့ အနောက်ပြင်က ဘင်္ဂလီမူဆလင် အကြီးဆုံးသူဌေး အီရှုး၊ ပြီးတော့ ရွာအုပ်ချူပ်ရေးမှုး ဘင်္ဂမူဆလင် မောင်မောင်ဝင်းအပါအ၀င် ဗလီဆရာခေါင်းဆောင်တွေနဲ့ ဘင်္ဂလီမူဆလင် ရွာသား ၂၂ယောက်ကို ဖမ်းဆီးခဲ့ပါတယ်၊ သူတို့ကို မနေ့ကတည်းက စစ်တွေထောင်ကို ပို့လိုက်ပြီး အမှုစစ်ဆေးမယ်လို့ မယက ဥက္ကဌက ပြောတယ်”ဟု ကူတောင်ကျေးရွာမှ သတင်းပေးပို့ချက်အရ သိရှိရသည်။

ယင်း ၂၂ယောက်အား လူသတ်၊အကောင်ဖျောက်မှုနဲ့ တရားစွဲဆိုမှာ ဖြစ်ပြီး တရားဥပဒေအတိုင်း ထိထိရောက်ရောက် အရေးယူဆောင်ရွာက်သွားမယ်လို့ မယကဥက္ကဌ၏ ကိုယ်ရေးအရာရှိ ပြောပြချက်အရသိရှိရသည်။

ဇွန်လ ၁၉ရက်နေ့က စတင်ခဲ့သော ကူတောင်အကြမ်းဖက်မှုတွင် ရခိုင် ၁၀ဦးနှင့် ဘင်္ဂလီမူဆလင် ၂ဦး သေဆုံးခဲ့ရပြီး၊ အလောင်းများကို ဇွန်လ ၂၁နေ့မှ ဘင်္ဂလီမူဆလင်များက ပြန်လည်ပေးအပ်ခဲ့သည်။ သေဆုံးသူများ၏ ကျန်ရစ်သူမိသားစုများအား ရသေ့တောင် ကယ်ဆယ်ရေးအဖွဲ့မှ နှိမ့်သိမ့်ပေးသောအနေဖြင့် မိသားစုတစ်စုကို ကျပ်ငွေတစ်သိန်းစီ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။

ရသေ့တောင်မြို့နယ် ကျေးရွာများမှ ဘင်္ဂလီမူဆလင်ရန်ကိုကြောက်၍ လာရောက်ခိုလှုံနေသော ဒုက္ခသည်အချို့ကိုလည်း နေရပ်ပြန်နိုင်ရေးအတွက် ယနေ့မှစတင်ကာ ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရသေ့တောင်မြို့နယ် ကယ်ဆယ်ရေးအဖွဲ့မှ ပြောပြသည်။
http://www.arakantimes.net/burmese/index.php/2012-02-24-06-58-57/229-2012-06-22-05-43-15

စစ်တွေတွင် ကိုယ့်အိမ်ကိုယ် မီးရှို့၍ အမျိုးသမီးတဦး အဖမ်းခံရ

Hits: 996

စစ်တွေမြို့တွင် မီးလောင်ကျွမ်းထားသည့် ရပ်ကွက်တခု (ဓာတ်ပုံ – ဧရာဝတီ)
ရခိုင်ပြည်နယ် စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက် အောင်ထွန်းဦးလမ်းတွင် ယမန်နေ့ည ၁၁ နာရီခွဲခန့်က ကိုယ့်အိမ်ကိုယ် မီးရှို့မှုတခု ဖြစ်ပွားကြောင်း သတင်းရရှိသည်။

စစ်တွေမြို့ခံများအဆိုအရ အဆိုပါ မီးလောင်မှုသည် ဒေါ်ခင်ခင်ဆိုသည့် စာတိုက်ဝန်ထမ်း အမျိုးသမီးတဦးက မိမိ၏ နေအိမ်ကို ပြန်လည် မီးရှို့ခြင်းဖြစ်ကြောင်း၊ ၎င်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိလိုက်ကြောင်း သိရသည်။

စစ်တွေ့မြို့ခံတဦးဖြစ်သည့် ကိုအောင်လှကျော်က “ရခိုင်ရပ်ကွက်နဲ့ ဘင်္ဂါလီရွာတွေအကြား စစ်သားတွေခြားထားပေမယ့် ဒီအမျိုးသမီးက ၀န်ထမ်းကတ်ပြပြီး ရပ်ကွက်ကိုဝင်လာတာ။ ပြီးမှ ဓာတ်ဆီလောင်းပြီး မီးရှို့တာ” ဟု ဆိုသည်။

အဆိုပါ အမျိုးသမီးမှာ ဘင်္ဂါလီလူမျိုးတဦးဖြစ်ကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့များနှင့် ရပ်ရွာနေ ပြည်သူများက အချိန်မီ မီးငြိမ်းနိုင်သည့်အတွက် ဘေးအိမ်များသို့ ကူးစက်ခြင်းမရှိကြောင်း ၎င်းက ဆက်ပြောသည်။

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ရွာမှ ရခိုင်အမျိုးသမီး မသီတာထွေးကို ဘင်္ဂါလီလူမျိုး ၃ ဦးမှ အဓမ္မပြုကျင့်၊ လူသတ်ကာ ပစ္စည်းများ လုယူသည်မှစတင်၍ အဓိကရုဏ်းများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ စစ်တွေမြို့နှင့် မောင်တောမြို့များတွင် နှစ်ဘက် အပြန်အလှန် တိုက်ခိုက်မှုများ၊ မီးရှို့မှုများ နေရာအနှံ့ ဖြစ်ပွားခဲ့သည်။

ထို့ကြောင့် သမ္မတ ဦးသိန်းစိန်က ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်နေ့တွင် အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး ပုဒ်မ ၁၄၄(ညမထွက်ရ) အမိန့် ထုတ်ပြန်ခဲ့သည်။

ယခုအခါ စစ်တွေမြို့ရှိ မီးလောင်ပြင်နေရာများကို လုံခြုံရေးတပ်ဖွဲ့များက စက်ယန္တရားနှင့် လူအင်အား အသုံးပြုပြီး ရှင်းလင်းလျက်ရှိကြောင်း သိရသည်။

ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ကလည်း မကြာသေးမီက အဖြစ်ပွားခဲ့သည့် ပဋိပက္ခများအတွင်းတွင် လူပေါင်း ၉၀၀၀၀ ခန့် ဒုက္ခကြုံခဲ့ရပြီး စားနပ်ရိက္ခာလိုအပ်နေကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

စစ်တွေမြို့ ရွှေစေတီဘုန်းကြီးကျောင်းတွင်ပင် မီးလောင်ကျွမ်းမှုနှင့် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် အိုးအိမ်မဲ့ဖြစ်ခဲ့ရသူ ဒုက္ခသည်ဦးရေ ၁၂၀၀ ရှိကြောင်း၊ စောင်၊ ခြင်ထောင်နှင့် အ၀တ်အထည်များ လိုအပ်နေကြောင်း ရန်ကုန်မြို့မှ သွားရောက်ကူညီနေသည့် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင် ကိုကျော်စိုးနိုင်က ဆိုသည်။

“အားလုံးမီးထဲပါသွားပြီ။ အ၀တ်တထည် ကိုယ်တခု ပြေးလာတာများတယ်” ဟု ၎င်းက ဆိုသည်။
ထို့အပြင် အဆိုပါဒုက္ခသည်စခန်းတွင် ကျန်းမာရေးစောင့်ရှောက်မှုလည်း လိုအပ်နေကြောင်း၊ လူ ၁၂၀၀ အသုံးပြုရန် အိမ်သာ ၅ လုံးသာ ရှိပြီး ၀မ်းရောဂါများဖြစ်ပွားနိုင်သည့် အခြေအနေရှိကြောင်း ကိုကျော်စိုးနိုင်က ရှင်းပြသည်။

စစ်တွေမြို့၏ လက်ရှိအခြေအနေမှာ ပုံမှန်နီးပါး အခြေအနေရောက်ပြီဟု ပြောဆိုနေကြသော်လည်း ဈေးတချို့ ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
http://burma.irrawaddy.org/?slide=%E1%80%85%E1%80%85%E1%80%B9%E1%80%B1%E1%80%90%E1%80%BC%E1%80%90%E1%80%BC%E1%80%84%E1%80%B9-%E1%80%80%E1%80%AD%E1%80%AF%E1%80%9A%E1%80%B9%E1%80%B7%E1%80%A1%E1%80%AD%E1%80%99%E1%80%B9%E1%80%80%E1%80%AD