Wednesday, April 18, 2012

KIA တပ်ဖွဲ့ဝင် ၄၀ ကျော် အစိုးရစစ်တပ်နှင့် ပူးပေါင်း

 
Print Friendly
KIA ရဲဘော်တဦးအား လိုင်ဇာမြို့ ဆင်ခြေဖုန်းလမ်းပေါ်တွင် ပြည်သူများအကြား တွေ့ရစဉ် (ဓာတ်ပုံ - ဘကောင်း / ဧရာဝတီ)
ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင် ၄၂ ဦးက လက်နက်များနှင့်အတူ မြစ်ကြီးနားမြို့နယ် တာလောကြီး ကျေးရွာ ဒေသတွင် လှုပ်ရှားနေသည့်အစိုးရ ခြေလျင်တပ်ရင်း (ခလရ) အမှတ် ၃၇ တပ်ဖွဲ့ဝင်များထံ ယခုရက်ပိုင်းအတွင်း သွားရောက်
ပူးပေါင်းခဲ့ကြောင်း သိရသည်။

KIA ခေါင်းဆောင်ပိုင်း တချို့နှင့် သဘောထား မတိုက်ဆိုင်သောကြောင့် အစိုးရတပ်ထံ ပူးပေါင်းသွားရခြင်းဖြစ်ကြောင်း ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးလနန်က ဧရာဝတီသို့ ပြောသည်။

“လုံခြုံရေးအရ တိုက်ပွဲတွေ ဖြစ်နေတဲ့အချိန်မှာ ရွာထဲဝင်ပြီးတော့ သင်္ကြန်တွေ ဘာတွေ ဆင်နွှဲဖို့ အခြေအနေတွေ မပေးတော့ အဲဒီ ခေါင်းစဉ်နဲ့ ပြောဆိုကြတဲ့အခါမှာ အခြေအနေ တင်းမာပြီးတော့ ရွာထဲ ပြန်ဝင်သွားတဲ့ သဘောပါပဲ” ဟု ၎င်းက ဆိုသည်။

အစိုးရထံ သွားရောက် ပူးပေါင်းသူများသည် တာလောကြီးကျေးရွာ လုံခြုံရေးအတွက် KIA က လက်နက်များ ထောက်ပံ့၍ ဖွဲ့စည်း ပေးထားသော ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း ဦးလနန်က ရှင်းပြသည်။

“အမှန်က သူတို့က ပြည်သူ့စစ်တွေပါ။ KIO ကနေပြီးတော့ ဖွဲ့ပေးထားတာ။ ကိုယ့်ရဲ့ဌာနေ ကိုယ့်ရဲ့ကျေးရွာ လုံခြုံရေးအတွက် အရန် အင်အားပေါ့ဗျာ။ လက်နက်တော့ ထုတ်ပေးထားတာတော့ ရှိတယ်။ လိုအပ်ရင် လိုအပ်သလို တိုက်ပွဲတွေ ၀င်ရတာတွေရှိတယ်” ဟု ၎င်းက ဆိုသည်။

ယနေ့ထုတ် အစိုးရ သတင်းစာကမှု ရည်ရွယ်ချက်မဲ့သော စစ်ပွဲများကို ဆက်လက်ဆင်နွှဲလိုခြင်း မရှိတော့သည့် KIA တပ်မဟာ ၅ မှ တပ်ကြပ်အဆင့်ရှိ ကျော်ဆန်း ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် အဓမ္မ စစ်တိုက်ခိုင်းခဲ့သည့် အုပ်ချုပ်သူ ခေါင်းဆောင်အား ဆန့်ကျင်၍ အစိုးရတပ်နှင့် သွားရောက်ပူးပေါင်းခဲ့ကြောင်း ဖော်ပြထားသည်။

အစိုးရနှင့် လာရောက်ပူးပေါင်းခဲ့သော KIA တပ်ဖွဲ့ဝင်များ၏ မိသာစုဘ၀ လုံခြုံရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် လိုအပ်သည်များ ပံ့ပိုးဖြည့်ဆည်းပေးရန် စီမံဆောင်ရွက်လျက်ရှိကြောင်း အစိုးရသတင်းစာ၌ ရေးသားထားသည်။

ယခု ရက်ပိုင်းအတွင်း အစိုးရနှင့် KIA တပ်ဖွဲ့ဝင်များ နေ့စဉ်နီးပါး တိုက်ပွဲများ နေရာအနှံ့ ဆက်လက် ဖြစ်ပွားလျက်ရှိကြောင်း၊ ဧပြီလ ဆန်းပိုင်းမှ စတင်၍ ယမန်နေ့အထိ ပြုစုထားသော စာရင်းအရ တိုက်ပွဲပေါင်း ၆၆ ကြိမ်ရှိကြောင်း ဦးလနန်က ပြောသည်။

ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိ KIA တပ်မဟာ ၃ နှင့် မြစ်ကြီးနာမြို့နယ် တာလောကြီး တပ်မဟာ ၅ ဒေသတို့တွင်လည်း တိုက်ပွဲများ ဖြစ်ပွားကြောင်း ၎င်းက ဆိုသည်။

KIO သည် ၁၉၉၄ ခုနှစ်တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ၂၀၁၁ ခုနှစ် ဇွန်လတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီးနောက် အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြားခဲ့သည်။

ယင်း တိုက်ပွဲများကြောင့် အစိုးရနှင့် KIO ကြား ငြိမ်းချမ်းရေး ပြန်လည် တည်ဆောက်ရန် ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှ စတင်၍ ၂၀၁၂ ခုနှစ် မတ်လအကြား ၃ ကြိမ်ခန့် တွေ့ဆုံခဲ့ကြသော်လည်း ရေရာသည့် သဘောတူညီချက် တစုံတရာ မရရှိသေးဘဲ ရှိနေသည်။
http://burma.irrawaddy.org/archives/8660

မင်္ဂလာပါ။

မင်္ဂလာပါ။
ရခိုင်-မြန်မာ့နှစ်သစ်ကူးအခါကာလမှာ မင်္ဂလာအပေါင်းနှင့်အတူ ခညောင်းကြပါစေ။

မင်္ဂလာနှစ်သစ်မှာ ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းများနှင့် ပြည့်စုံကြပါစေ။

ဂစ္ဆပသတင်းဋ္ဌာန။

Monday, April 9, 2012

Thein Sein, Suu Kyi Meet KNU for First Time


A delegation of KNU leaders holds talks with government representatives at the Sedona Hotel in Rangoon on April 6. (Photo: The Irrawaddy)

A delegation of Karen National Union (KNU) leaders expressed optimism about Burma’s prospects for peace following their first-ever meetings over the weekend with President Thein Sein in Naypyidaw and pro-democracy leader Aung San Suu Kyi in Rangoon.

Following the meeting with Thein Sein on Saturday, the KNU leaders said they had constructive talks with the president. They added that Thein Sein had spoken of the possibility of removing the KNU from the list of unlawful associations, as the group had requested.

“We learned that President U Thein Sein is a person who really wants peace,” Naw Zipporah Sein, general secretary of the KNU, told reporters in Naypyidaw after meeting with the President.

The KNU leaders also expressed their positive view on the internal peace and reform process and their desire to participate in the process until success is achieved.

Regarding their meeting with Suu Kyi on Sunday, Zipporah Sein said the KNU representatives were able to exchange views about the peace process with Suu Kyi and her National League for Democracy (NLD) colleagues and hoped to cooperate with the opposition leader in the near future.

At a meeting with a Burmese government peace delegation led by Railways Minister Aung Min on Friday, the KNU focused on six points, including the need for a nationwide ceasefire and an end to various human rights abuses to ensure the people’s “freedom from fear.”

The KNU has also opened two liaison offices in Pegu and Tenasserim divisions to enable better communication with Burmese governments in the future.

Aung Min told reporters in Rangoon that the two sides are planning to open additional liaison offices in the future.

Immigration Minister Khin Yi told reporters at Sedona Hotel in Rangoon that the government wants to implement the entire peace process through to the end.

“We want to go to a complete process. In our peace process, we want to include a demining project and resettlement program for internally displaced persons and refugees,” he said.

He also said that the KNU’s status as an unlawful association would be changed at an appropriate time, and that it had been imposed under different circumstances.

Naw May Oo Mudraw, a spokesperson for the KNU peace delegation, said that some representatives from both the KNU and the Burmese government visited a local village in Kyaukgyi Township in Pegu Division to learn more about the needs of civilians who had been displaced by decades of conflict between the two sides.

She said about 3,000 residents greeted the KNU peace delegation as they traveled to Kyaukgyi, where one of the KNU’s new liaison offices is located.

She added that the KNU was welcomed by Karen and other ethnic people wherever they traveled within government-controlled territory.

“We got great support not only from Karen people but also from other ethnic people who have suffered from war. They seem to have a great deal of hope that our peace process will succeed and that it will improve their lives,” said Naw May Oo Mudraw.

The KNU delegation also shared its strategy for the peace process with Suu Kyi. The group has been engaging in negotiations with the Burmese government since late last year.

Suu Kyi said she welcomed the peace process, adding that achieving peace within Burma is one of the NLD’s top priorities as it prepares to go to Parliament for the first time later this month following a landslide victory in by-elections on April 1.

The KNU has agreed to continue holding peace talks with the Burmese government. The KNU peace delegation is expected to return to the group’s base on the Thai-Burmese border on April 11.

The KNU signed a ceasefire agreement with the government’s peace negotiation team in the Karen State capital of Pa-an on Jan. 12. The current discussions form the second round of peace talks aimed at cementing an understanding between the two parties.

Founded in 1947, the KNU is the oldest ethnic armed group in Burma and has been fighting against the central government for greater autonomy since 1949, when it formed its military wing, the Karen National Liberation Army.
http://www.irrawaddy.org/archives/2234

Sunday, April 8, 2012

“အားတင်းထားပါ မြစ်ဧရာ”

ဧရာဝတီရေ………..
ရေစီးသံ ညင်ညင်သာသာနဲ့
တမင်တကာများ တိတ်ဆိတ်နေရော့သလား
အတိတ်ကို သတိတရနဲ့
အထင်ကရ နေ့ရက်တွေကို
လွမ်းလွမ်းမောမောနဲ့ တမ်းတနေရော့သလား
နင့်ရှိုက်သံတစွန်းတစ ငါကြားနေရတယ်ဟာ….။
မငိုပါနဲ့ ဧရာဝတီ….
နင်ရဲ့ သေမင်းငင်နေ့ရက်တွေဟာ
ငါတို့ပျောက်ဆုံးနေတဲ့ မနက်ခင်းတွေပါ
မြေပထ၀ီ ဇောက်ထိုးလန်သလို
နင်တို့ငါတို့လည်း
ဟိုး….အနောက်စွန်းမှာ ကျန်နေခဲ့ကြတယ်
စနစ်ဆိုးတခုရဲ့ဒဏ်
ငါတို့ ကြိတ်မှိတ်ခံကြတာပေါ့…….။
ဧရာဝတီရေ………
နင့်ရှိုက်သံတ၀က် ငါတို့ကိုပေးလှည့်ပါ
ငါတို့ဘ၀ရဲ့ နွမ်းလျမှုတွေလည်း
နင့်ရေစီးနဲ့ မြောပါသွားပစေပေါ့
နင်နဲ့ငါတို့ ဘ၀တူတွေပါ
သဲကြိုးပြတ် အနာဂတ်တွေအတွက်
တယောက်ချင်းစီက ဆေးတခွက်ပေါ့ဟာ….။
နင်အနေလှအောင် ငါဆုတောင်း
ငါတို့ကိုလည်း အားသစ်တွေလောင်းပေးပါဟာ
စနစ်တခု မပြောင်းမချင်း
အဟောင်းတွေထဲက မထွက်နိုင်မချင်းပေါ့……။
ဧရာဝတီရေ……..
နင်လဲရင်ငါထူ ငါတို့လဲရင်နင်ကူလို့
တို့လက်တွေ ခိုင်ခိုင်တွဲ
သောကတွေ မြေမှာကြဲချဖို့
စစ်အစိုးရရေ အမျှ…အမျှလို့
အာဏာရှင်ကို သရဏဂုံတင်မယ့်ရက်
လက်ချိုးရေတွက်ရင်း စောင့်ကြမယ်လေ……
အေးမြမြ ရေကြည်တပေါက်
တို့တွေ တူတူသောက်ကြမယ်လေ….
နင့်ကျောပေါ် စုန်ဆန်မြောလို့
တို့တွေ အမောဖြေကြမယ်လေ…..။
မောင်ပါလ
၅.၄.၂၀၁၂
(မြစ်ဆုံအရေးဟာ မပြီးဆုံးသေးပါဘူး။ လက်ဆင့်ကမ်းဖြန့်ဝေရင်း၊ မိမိတို့ဆန္ဒကို ဖော်ထုတ်ရေးသားကြရင်းနဲ့ ကျနော်တို့ချစ်တဲ့ ဧရာဝတီကို ကယ်တင်ကြရအောင်ပါ)

မြန်မာ့ စစ်နှင့် နည်းပညာတက္ကသိုလ်သို့ ဘင်္ဂလာ လေတပ်ဦးစီးချုပ် သွားရောက်လေ့လာ

Written by သဇင်ဥ    Monday, 09 April 2012 04:42   PDFPrintE-mail
imagesအာရှတွင် "ပထ၀ီစီးပွားရေးမြေ" (Geo-economic Land) "ကုန်းမြေတံတားနိုင်ငံ" (Land Bridge Country)ဖြစ်လာမည့် မြန်မာနိုင်ငံ စစ်တက္ကသိုလ်နှင့် တပ်မတော်နည်းပညာတက္ကသိုလ်သို့ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ လေတပ်ဦးစီးချုပ် Air Marshal Shah Mohammad Ziaur Rahman, ndc, fawc, psc ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် မျှော်လင့်ချက်များဖြင့် ဧပြီလ (၃ ရက်နေ့မှ ၆)ရက်နေ့များအထိ သွားရောက်လေ့လာခဲ့ကြောင်း သတင်းရရှိသည်။

ယင်းချစ်ကြည်ရေးအဖွဲ့မှာ မြန်မာနိုင်ငံ ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီး ဥယျာဉ်တို့ကိုလည်းကောင်း၊ မန္တးလေးမြို့ မြနန်းစံကျော် ရွှေနန်းတော်ကိုလည်းကောင်း ကြည့်ရှုလေ့လာခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဧပြီလ ၄ရက်နှင့် ၅ရက်နေ့များက အင်လေးကန်သို့ သွားရောက်ပြီး လေ့လာခဲ့ကြောင်း၊ (၆)ရက်နေ့တွင် ရန်ကုန်မြို့ သူရဲကောင်း စစ်သည်ဗိမာန်ကို သွားရောက်ကာ လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့ကြောင်းနှင့် အမျိုးသားပြတိုက်သို့ပါ လေ့လာခဲ့ပြီး ဇဗားရှားဂူ ဗိမာန်သို့လည်း သွားရောက် ဂါရ၀ပြုခဲ့ကြောင်း သိရှိရသည်။

ဘင်္ဂလာမှ လေတပ်ဦးစီးချုပ်အဖွဲ့မှာ မြန်မာနိုင်ငံတွင် (၄)ရက်ကြာ လေ့လာမှုများ ပြုလုပ်ခဲ့ပြီး၊ မင်္ဂလာဒုံတပ်နယ်မှ ဗိုလ်မှူးချုပ် သစ်လင်းအုန်း၊ ဗိုလ်မှူးချုပ် သိန်းနိုင်နှင့် တပ်မတော်အရာရှိကြီးများအပါအ၀င် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ သံအမတ်ကြီးနှင့် စစ်သံမှူးများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတဆင့် သောကြာနေ့က ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ အနောက်ဘက်ဒေသရှိ ရခိုင်ပြည်နယ်သည် အိန္ဒိယနိုင်ငံ၊ တရုတ်၊ ဘင်္ဂလာဒေ့ခ်ျနိုင်ငံများအတွက် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအရ အရေးကြီးသော အဓိက စိတ်ဝင်စားဖွယ်ကောင်းသော နယ်မြေတစ်ခုဖြစ်လာနေကြောင်း လေ့လာသူများက ဆိုသည်။

အိန္ဒိယနိုင်ငံအရှေ့ဘက်နှင့် တရုတ်ပြည် အနောက်ဘက် ဖွံ့ဖြိုးတိုးတက်ရေးများအတွက် အရေးကြီးသော ရေထွက်ပေါက်မှာ ရခိုင်ပြည်နယ် ဒေသပင်ဖြစ်ကြောင်း ဆိုသည်။

တရုတ်နိုင်ငံအနေဖြင့် စွမ်းအင်လိုအပ်ချက် (၈၀%)ကို အာဖရိကနိုင်ငံများနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများမှ ၀ယ်ယူနေပြီး တရုတ် ဒီဇယ်လောင်စာဆီ စွမ်းအင်တင် သင်္ဘောများ အနေဖြင့် အိန္ဒိယသမုဒ္ဒရာကိုဖြတ်၍ တောင်တရုတ်ပင်လယ်မှတဆင့် တရုတ်ပြည်သို့ ခရီးနှင်မည်မှာ ဝေးလွန်းကြောင်း၊ မလက္ကာရီလက်ကြားကို ကျော်ဖြတ်ရမည့်အတွက် အန္တရာယ်များ ရှိနေခြင်းများကြောင့် ရခိုင်ပြည်နယ် ရေမျက်နှာ အနေအထားသည် ကမ္ဘာ့ကုန်သွယ်မှုထဲမှာ သင်္ဘောကြီးများဖြင့် ကုန်သွယ်မှုများအတွက် စရိတ်ကုန်ကျမှု အသက်သာဆုံး ကုန်ကျမည်သာဖြစ်သည့် အခြေအနေကောင်းများကိုတွက်ချက်ပြီး ရခိုင်ပြည်နယ်နှင့် ကုန်သွယ်ရေးကို တခြားနယ်မြေများထက် အဓိကထား လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

အခြားတစ်ဖက်မှာလည်း ရခိုင်ပြည်နယ်မှ ထွက်ရှိသည့် သဘာဝဓါတ်ငွေ့သိုက်များနှင့် မျက်နှာချင်းဆိုင် ကပ်ရပ်လျက်တည်ရှိသော လူဦးရေသန်း (၂၀၀)နီးပါးအထိ ရှိလာနေပြီးဖြစ်သော ဘင်္ဂလာဒေ့ခ်ျနိုင်ငံမှာ မြန်မာ-ရခိုင်-တရုတ်ပြည်နှင့် ကုန်သွယ်ရေးကို လိုလားနေကြောင်းနှင့် ယင်းကားလမ်း၊ ရထားလမ်းများနှင့် ကုန်သွယ်မှု စီမံကိန်းတစ်ခုလုံးအတွက် ရခိုင်ပြည်နယ်ဒေသမှာ ပေါင်းကူးတံတား ဖြစ်နေ၍ ရခိုင်ပြည်ကို "ပထ၀ီစီးပွားရေးမြေ" (Geo-economic Land) "ကုန်းမြေတံတားနိုင်ငံ" (Land Bridge Country)ဟု စီးပွားရေး ပညာရှင်များအနေဖြင့် သုံးသပ်နေကြပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ထို့ပြင် ယင်းအင်အားကြီး နိုင်ငံများက ကျောက်ဖြူ-ကူမင်ကားလမ်း၊ ရထားလမ်း၊ စစ်တွေ-အိန္ဒိယ (မီဇိုရမ်ပြည်နယ်) ကုလားတန် ကားလမ်းများနှင့် ရခိုင်ပြည်-ဘင်္ဂလာ ကားလမ်း-ရထားလမ်းများ ယခုအခါ အဓိကထား ဖေါက်လုပ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
http://www.arakantimes.net/burmese/index.php/2012-02-24-06-58-57/106-2012-04-09-05-04-43

နစက ဘင်္ဂလီငါးဖမ်းသမားများ ဘင်္ဂလာသို့လွှဲပြောင်း

Written by သဇင်ဥ    Monday, 09 April 2012 03:23   PDFPrintE-mail
နစက-BGB တွေ့ဆုံဆွေးနွေးပွဲအပြီး မြန်မာပိုင်နက်သို့ ကျူးကျော်ကာ ငါးခိုးရှာဖွေမှုဖြင့် ဖမ်းဆီးအကျဉ်းချထားသော ဘင်္ဂလီ ငါးဖမ်းသမားများအား ဘင်္ဂလာ နယ်စပ်ခြုံရေးတပ်ဖွဲ့ (BGB)သို့ သောကြာနေ့က ရခိုင်ပိုင်နက်အတွင်း တရားဝင် လွှဲပြောင်း အပ်နှံလိုက်ကြောင်း မောင်တောဆိပ်ကမ်းမှ အရာရှိတစ်ဦးက ပြောသည်။

fisher boatမြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ် အနောက်ဘက်ရှိ မောင်တောမြို့နယ် နတ်မြစ်ရေပြင်ပိုင်နက်အတွင်း ဘင်္ဂလီ ငါးဖမ်း သမားများ ငါးခိုးဖမ်းဆီးနေစဉ် နစကမှ ဖမ်းဆီးအကျဉ်းချခံခဲ့ရခြင်းဖြစ်ပြီး ယခုမှ လွှဲပြောင်းပေးခြင်းဖြစ်သည်။

သို့သော်လည်း ယခုလွှတ်မြောက်လာသူများမှာ နစကမှ တောင်းဆိုသည့် ဒဏ်ငွေပေးဆောင်ပြီးမှ လွှတ်မြောက်လာခြင်းဖြစ်ကြောင်းနှင့် ဒဏ်ငွေမည်မျှ ပေးဆောင်ခဲ့ရကြောင်း အတည်ပြုမပြောနိုင်ဟု ယင်းအမည်မဖေါ်လိုသူ မောင်တောမြို့ဆိပ်ကမ်းမှ အရာရှိက ရှင်းပြခြင်းဖြစ်သည်။

မောင်တောမြို့ဆိပ်ကမ်း နစက စစ်ဆေးရေးဂိတ်မှ အရာရှိ ဦးသာခင်မှ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ တာခ်နာအခြေစိုက် BGB အမှတ်(၄၂)တပ်ရင်း ကိုယ်စားလှယ်လာရောက်သူ ဗိုလ်ကြီး ဖေါ်ဇော်လူလ် ရော်ဟ်မာန်သို့ တရားဝင် လွှဲပြောင်းအပ်နှံလိုက်ခြင်း ဖြစ်သည်။

ထို့ပြင် နှစ်နိုင်ငံကိုယ်စားလှယ်များ အနေဖြင့် နယ်စပ်အတွင်း မူးယစ်ဆေးဝါး၊ မှောင်ခိုကုန်ကူးမှုနှင့် ကျူးကျော်မှုများအား ပူးပေါင်း ဖေါ်ထုတ်ရန် မောင်တောမြို့တွင် မိနစ် (၃၀)ကျော်ကြာ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

မိမိနိုင်ငံသို့ လွှဲပြောင်းခံရသည့် ဘင်္ဂလီငါးဖမ်းသမားများမှာ တာခ်နာမြို့နယ်မှ အာလီ အာက်ဘော်ရ(၂၅)နှစ်နှင့် မိုဟာမတ် အီစ္စမိုင်လ် ဟိုဆေန်(၂၈)နှစ် (၂)ဦးတို့ဖြစ်ကြောင်း သိရှိရသည်။

ယင်းငါးဖမ်းသမား(၂)ဦးအား တာခ်နာအခြေစိုက် ရဲမင်းကြီး မာဟ်ဘူဘူလ် ဟော(က်)မှ စစ်ဆေးပြီး မိသားစုများထံသို့ ပို့ဆောင် လိုက်ပြီဖြစ်ကြောင်း သက်ဆိုင်ရာမှ ယမန်နေ့က ထုတ်ဖေါ်ပြောဆိုလိုက်သည်။

နစကနှင့် ရေတပ်မှ ရခိုင်ပြည်နယ် ရေပြင်ပိုင်နက်အတွင်း ဘင်္ဂလီငါးဖမ်းသမားများအား ငွေလာဘ်ပေး၊ လာဘ်ယူမှုများ အပေးအယူ ပြုလုပ်ပြီး နားလည်မှုဖြင့် ငါးရှာဖွေရန် ခွင့်ပြုထားကြောင်း၊ မကြာခဏ ငွေမပေးဘဲ ခိုးဖမ်းသည့် ဘင်္ဂလီငါးဖမ်းသမားများကို ဖမ်းဆီးပြီး လျော်ကြေး၊ ဒဏ်ငွေတောင်းခံကြောင်းနှင့် ဘင်္ဂလီ ငါးဖမ်းသမားများအနေဖြင့် ရခိုင်ပြည်နယ် ရေပြင်ပိုင်နက်အတွင်း ငါးခိုးဖမ်းလေ့ရှိကြောင်း နတ်မြစ်သတင်းများက ဆိုသည်။
http://www.arakantimes.net/burmese/index.php/2012-02-24-06-58-57/104-2012-04-09-03-37-21

Saturday, April 7, 2012

ဗမာအစိုးရကို ကျေးဇူးတင်ပါသည်



၁။ ဗမာအစိုးရသည် တော်လှန်ရေး အဖွဲ့အစည်းများကို ငြိမ်းချမ်းရေး အမည်တပ်ကာ ဆွေးနွေးပွဲများ ခေါ်ယူကျင်းပခဲ့ - ကျင်းပနေသည်။

၂။ ထို့အတူ တသီးပုဂ္ဂလနိုင်ငံရေး သမားများသည်လည်း အိမ်ပြန်နိုင်သော အခွင့်အရေးများရတော့မည်ဟု မျှော်လင့်လျက်ရှိနေ ကြလေသည်။

၃။ ဆိုခဲ့သော အချက်များကြောင်း တိုင်းပြည်ကို ချစ်သော ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ ပတ်ဝန်းကျင်တွင် - 
            (က) မည်သူသည် ဖေါက်ပြန်ရေးသမားဖြစ်သည်ကို၎င်း၊
            (ခ) မည်သူသည် တိုင်းပြည်ကို ချစ်ဟန်ပြန်လျက် ကိုယ်ကျိုးကြည့်သူဖြစ်သည်ကို၎င်း၊
            (ဂ) မည်သူသည် ဗမာကိုလိုလားသူ ဖြစ်သည်ကို၎င်း၊
            (ဃ) မည်သူသည် ရခိုင်ပြည်လွတ်မြောက်ရေးကို တစိုက်မတ်မတ် ဆောင်ရွက်သူဖြစ်သည်ကို၎င်း သိရှိရပါသည်။

ယင်းကြောင်း ကျွန်ုပ်တို့သည် မည်သူကိုရှောင်လျက် မည်သူနှင့် ပေါင်းရမည်ကို သိလာပါသည်။ ယင်းအတွက် ဗမာအစိုးရကို ကျေးဇူးတင်ပါသည်။

ဓမ္မဒဿ
ရခိုင်ပြည်။

Friday, April 6, 2012

မပြောင်းလဲဖို့လိုသော ရခိုင့်စိတ်ထား

မပြောင်းလဲဖို့လိုသော ရခိုင့်စိတ်ထား


ရခိုင်ပြည်အောင်လံတော်နန့်ရခိုင်အမျိုးသားဝတ်စုံ ပြောင်းလဲဖို့ဇွတ်အတင်း ပြုလုပ်နိန်ခြင်းသည် ရခိုင်လူမျိုးရို့၏ အမျိုးသားစိတ်ဓါတ်နန့် ယဉ်ကျေးမှုတိကို နိုင်ငံရေးသဖောအရ ဖျက်ဆီးလိုက်ခြင်းဖြစ်သည်။ ရခိုင်အောင်လံတော် ပြောင်းလှဲလိုက်သောအားဖြင့် ရခိုင်လူမျိုးတိရဲ့ ကံကြမ္မာကို ဖျက်စီးလိုက်ခြင်းသို့ ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ပြီး၊ အမျိုးသား ရိုးရာဝတ်စားဆင်ယင်မှုကို ပြောင်းလှဲလိုက်သောအားဖြင့် မျိုးချစ်စိတ် ဓါတ်ဖျက်ဆီးလိုက်ခြင်းသို့ ရည်ရွယ်ပြီး ပြုလုပ်ဆောင်ရွတ်ခြင်းဖြစ်သည်။ ရခိုင်အောင်လံနန့် အမျိုးသားဝတ်စား ဆင်ယင်မှုတိကို ပြောင်းလဲလိုက်သောအားဖြင့် ရခိုင်ပြည်သူများသည် ကံကြမ္မာမဲ့ရာနန့်အတူ မျိုးချစ်စိတ်ဓါတ်လည်း ယိုယွင်းပျက်စီးပြီး အုပ်ချုပ်ခံဘဝနန့် အဆုံးသတ်လူမျိုးတုန်း ဘဝသို့ဦးတည်စီပြီး၊ အာဏာစွမ်းအားနန့် အရာရာတိုင်းကို စိတ်တိုင်းကျ လုပ်ကြံဖန်တီးနိုင်သော အုပ်ချုပ်သူများက စီမံကွတ်ကဲ ဦးစီးလုပ်ဆောင်နိန်ခြင်းဖြစ်သည်။ ရခိုင်ပြည်သူများ တွေးကြည့်ကေ သိနိုင်ကြသည်မှာ ရခိုင်ပြည်တွင် အရေးကြီးသော ရခိုင်ပြည်သူများအတွက်  ဆောင်ရွတ်စရာတိကို အကောင်အထည်မဖေါ်ဘဲနန့် အရေးမကြီးသော ရခိုင်အောင်လံတော်နန့် ရခိုင်အမျိုးးသားဝတ်စုံပြောင်းဖို့အတွက် ပြည်သူတိကို တင်ပြဆွေးနွေးဖော်ထုတ်မှုမဟိန့်ဘဲ ဇွတ်အတင်းဇာအတွက်ကြောင့် လုပ်နိန်ရသလဲပါဟူသည်ပင်ဖြစ်သည်။ သို့သော်ငြားလည်း  အုပ်ချုပ်သူရို့တိ၏ အကွတ်ကျကျလုပ်လုပ်ဆောင်ရွတ်ချက် လွဲကျလားခြင်းသည် ရခိုင်တိုင်းသူပြည်သားများ၏ ပိုင်ဆိုင်ထားသော ကံကြမ္မာကောင်းကြောင့်လို့ ပြောရပေမည်။ အုပ်ချုပ်သူရို့တိရဲ့ ရခိုင်အောင်လံတော်နန့် ရခိုင်အမျိုးသားဝတ်စုံပြောင်းလဲပြီးစီးနောက် လုပ်ဆောင်ချက်သည် ရခိုင်ပြည်လွတ်မြောက်ရေးပါတီနန့် ငြိမ်းချမ်းရေး လက်မှက်မထိုးခင်၊ ရခိုင်ပြည်မဟာမြတ်မုနိဘုရားမှာ ရွှေထီးတော်မတင်ခင် အားလုံးပြီးစီးရမည်ဖြစ်သည်။ သို့သော် သူရို့တိ၏ ရည်ရွယ်ချက်သည် မအောင်မြင်လိုက်ပါ။ ရခိုင်ပြည်ကို စောင့်သျှောက်သောနတ်မင်းကြီးများ ကယ်တင်လို့ ပြောဆိုထိုက်မည်။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီနန့် လက်မှက်ထိုးမှာကြည့်လိုက်ပါ။ လက်မှက်ထိုးပြီးနောက် ၄ လပိုင်း ၆ရက်နိန့်မှ အကျုံးဝင်မည်ဟုသိရသည်မှာ၊ ၆ရက်နိန့်မှာ ဘုရားမှာထီးတင်မည် ဖြစ်သည့်အတွက်ကြောင့် ဘုရားလည်းထီးမိုး ရခိုင်ပြည်လွတ်မြောက်ရေးပါတီလည်း ငြိမ်းချမ်းလုပ်ဆိုရေ အယူနန့် လုပ်သောလုပ်ကွတ်တိဖြစ်သည်။  နောက်တစ်ခုက ပြည်တွင်းပြည်ပမှာ လှုပ်ရှားနိန်ကတ်သော ရခိုင်ပြည် ကျော်ဖြူမှထွက်သော သဘာဝဓါတ်ငွေ့နန့် ပတ်သက်လို့လှုပ်ရှားမှုတိရပ်တန့်ပြီး ရခိုင်အောင်လံတော်နန့် ရအမျိုးသားဝတ်စုံ ပြောင်းလဲဖျက်စီးရေး ကိစ္စသို့ ရခိုင်လူမျိုးများ၏ စိတ်အာရုံကို နိုင်ငံရေးစကားကွတ် အရပြောင်းလွဲလိုက်ဖြင်းဖြစ်သည်ဟုလည်း ယူဆနိုင်ပါသည်။ တစ်ချက်ခွတ်လိုက်စွာနန့် နှစ်ချက်ပြတ်လိုက် ခြင်းဖြစ်သည်။
ရခိုင်အောင်လံတော်နန့် ရခိုင်အမျိုးသား ဝတ်စုံဟူသည် ပါတီအဖွဲ့အစီးတိက စိတ်တိုင်းကျ ဖန်တီးလို့ ရသည်ကောမဟုတ်ပါ။ ရခိုင်ပြည်သူပြည်သားများသို့ တင်ပြထုတ်ဖော်ဆွေးနွေးပြီး ရခိုင်ပြည်သူများလက်ခံမှသာလျှင် ပြုလုပ်သင့်သည်။ ညကမှ ပေါ်လာသော ပါတီချေ တစ်ခုက ရခိုင်ပြည်သူပြည်သားများ လက်ခံကျင့်သုံးလာခသည်မှာ နှစ်ပေါင်းလေးဆယ်ကျော်ကြာလာပြီဖြစ်သော အောင်လံတော်နန့် အမျိုးသားဝတ်စားဆင်ယင်မှုတိကို ပြောင်းလှဲဖို့ ဇွတ်အတင်းကြိုးစားနိန်စွာကို စိဉ်းစားကေ သိနိုင်ပါပေသည်။ ကြံ့ဖွံ့ပါတီနန့် ရခိုင်အောင်လံတော်၊ ရခိုင်အမျိုးသား ဝတ်စားဆင်ယင်မှုနန့် အဇာတစ်ခုမှ လည်းပတ်သတ်ဖို့ အကြောင်းလည်းမဟိန့်ပါ။ ကြံဖွံ့ပါတီရဲ့ ပင်မဗဟိုဌာနချုပ်သည် ရခိုင်ပြည်တွင် မဟိန့်သောကြောင့် ရခိုင်ပြည်တွင်ဟိန့်သော ရခိုင်လူမျိုးကြံ့ဖွံ့ပါတီဝင်များသည်လည်း ရခိုင်အမျိုးသားကိုယ်စားပြုမဟုတ်သည့် အတွက်ကြောင့် ရခိုင်အောင်လံတော်နန့် ရခိုင်အမျိုးသား ရိုးရာဝတ်စုံသည် အဇာမှလည်း မသက်ဆိုင်ပါ။ ရခိုင်အောင်လံတော်၊ ရခိုင်အမျိုးသားဝတ်စား ဆင်ယင်မှုသည် ရခိုင်ပြည်သူထုကိုယ်စားပြုသော ရခိုင်အဖွဲ့အစီး၊ ရခိုင်ပြည်သူပြည်သားများနန့်သာ သက်ဆိုင်သည်။ ထိုသို့ ဇွတ်အတင်းပြုပြင်ပြောင်းလဲနိန်ခြင်းသည် ဒီမိုကရေစီလို့ ပြောဗနာ အာဏာရှင်စနစ်ကို ဆက်လက်ကျင့်သုံးနိန်ခြင်းဖြစ်သည်။ ဒီမိုကရေစီ၏ အနှစ်သာရသည် ပြည်သူများက အုပ်ချုပ်သော ပြည်သူစိတ်တိုင်းကျပြည့်သူ့ အကျိုးတော်ဆောင်သာဖြစ်ရပေမည်။ အဂုနိန်အထား အုပ်ချုပ်မှုစနစ်သည် ကြံ့ဖွံ့ပါတီ၏ စိတ်တိုင်းကျလုပ်ဆောင်ချက်များကို ရခိုင်ပြည်သူပြည်သားများက လိုက်နာရမည် ဖြစ်နိန်သည်။ လွတ်တော်အတွင်း မဲခွဲဆုံးဖြတ်တိုင်းကို ရခိုင်တိုးတက်ရေးပါတီက ယှုံးဖို့စွာက သေချာပြီးသားပါ။ စစ်တပ်နန့် ကြံ့ဖွံ့ပါတီပေါင်းလိုက်ကေ နိုင်ဖို့အကြောင်းက မဟိန့်နိုင်ပါ။ ရခိုင်အောင်လံတော်နန့် ရခိုင်အမျိုးသားရိုးရာ ဝတ်စုံကို ခေတ်နန့်လိုက်လျှောညီထွေစွာ ပြောင်းရမည်ဆိုသည့် အကြောင်းပြချက်မှာမူ အလွန်တရာ ရယ်ဖွယ်ရာပင် ဖြစ်သည်။  ထို့ကြောင့် ရခိုင်အမျိုးသားယဉ်ကျေးမှုနန့် ရခိုင်အမျိုးသားစည်းလုံးညီညွတ်မှုတိကို ဖျက်ဆီးနိန်သည့် အုပ်ချုပ်သူများ၏ လုပ်ရပ်များကို ကမ္ဘာ့ကုလသမ္မဂဆိုင်ရာအဖွဲ့အစီးကြီးများသို့၊ အမေရိကန်အစိုးရ အဖွဲ့အစီးသို့ ပြည်ပရောက် ရခိုင်နိုင်ငံရေးဂေါင်းဆောင်များနန့်၊ ပြည်တွင်းနိုင်ငံရေး ဂေါင်းဆောင်များကပါ တင်ပြသင့်ပါသည်။ ရခိုင်အောင်လံတော်နန့် ရခိုင်အမျိုးသားဝတ်စုံကို ရခိုင်မျိုးချစ်စိတ်နန့် အတူကာကွယ်စောင့်သျှောက်နိုင်ရမည်။ ရခိုင်အောင်လံတော်နန့် ရခိုင်ရိုးရာဝတ်စုံကို မကာကွယ်မစောင့်နိုင်မည်က အနာဂတ်ရခိုင်ပြည်နန့် ရခိုင်လူမျိုးအတွက် ကာကွယ်ထိန်းသိမ်းစောင့်သျှောက်နိုင်ဖို့အတွက် အာမခံချက်မဟိန့်နိုင်ပါ။ ကြံ့ဖွံ့ပါတီက အာဏာဖိအားနန့် ပြောင်းခိုင်းသည်လည်း ရခိုင်သူရခိုင်သားတိက မပြောင်းဖို့လိုသည်။ ရိုးရာအဝတ်အစား ဝတ်စားဆင်ယင်လို့ ဥပဒေအရ အရေးယူလို့မရပါ။ ရခိုင်အောင်လံတော်ကိုလည်း ပြည်သူလက်မခံဘဲနန့် အာဏာဖိအားနန့် လုပ်ယူလို့မရပါ။ ထိုသို့အာဏာဟိန့်လို့ အားနန့်လုပ်လားဟိန့်သော်လည်း ထိုအလံနန့် အဝတ်အစားသည် ကြံ့ဖွံ့ပါတီ၏ အလံနန့် အဝတ်အစားသာ ဖြစ်ပါလိမ့်မည်။ အကျွန်ရို့ ရခိုင်သူရခိုင်သားတိက လုံးဝလက်မခံဖို့လိုသည်။
အုပ်ချုပ်သူများ၏ နိုင်ငံရေးကစားကွတ်သည် အလွန်တရာပိရိလှသည့်အတွက် အကျွန်ရို့ရခိုင်ပြည်သူပြည်သား အနိန်ဖြင့် အမျိုးသားရေးတာဝန်အသိစိတ်ကို မျိုးချစ်စိတ်ဓါတ်ခိုင်မာစွာဖြင့် ရခိုင်လူမျိုးများ အမျိုသားကာကွယ်စောင့်သျှောက်ရေးနန့် အမျိုးသားအကျိုးစီးပွားတိုးတက်ရေးအတွက် အားသွန်ခွန်စိုက်ဖို့ လိုသည်။ ဂေါင်းဆောင်ကသာ တိုင်းပြည်အကျိုး၊ အမျိုးသားအကျိုးကို လုပ်ပီးစွာမဟုတ်ပါ။ ဂေါင်းဆောင်က လမ်းပြသာဖြစ်ပြီး ပြည်သြူပည်သားက တိုင်းပြည်ရဲ့ အကျိုးတာဝန်ကိုထမ်းဆောင်ရခြင်းဖြစ်သည်။ တိုင်းပြည်ကို ကာကွယ်ထန်းသိမ်းစောင့်သျှောက်ဖို့နန့် တိုင်းပြည် အကျိုးစီးပွားတိုးတက်ဖို့အတွက် ပြည်သူများ၏ စိတ်သဖောထား၊ ထိန်းသိမ်းနိုင်သည့် ကိုယ့်ကျင့်တရားများသည် အလွန်တရာအရေးကြီးလှသည်။ လူတစ်ဥူးတစ်ယောက်၏ စိတ်သဖောထားကောင်းမွန်မှ၊ ကိုယ့်ကျင့်တရားကို ထိန်းသိမ်းနိုင်မှ မျိုးချစ်စိတ်ဓါတ်စုစီးနိုင်ပြီး အမျိုးသားယဉ်းကျေးမှုကို ကာကွယ်ပြီး အမျိုးသားအကျိုးစီးပွားကိုလည်း တိုးပွားနိုင်သည်။ အမေရိကန်မှာ အိမ်တိုင်းမှာ အမေရိကန်အလံတော်ကို အမြတ်တနိုးနန့် အိမ်တွင်းနံရံမှာ ချိတ်ဆွဲထားသည်ကို တွိရသည်။ မလေးသျှားတွင်လည်း အိမ်တိုင်းမှာ မလေးသျှားအလံတော်ကို အမြတ်တနိုး နန့် တန်ဖိုးထားစွာကို တွိရသည်။ အလံတော်ကို မြင်တိုင်း တိုင်းပြည်နန့် လူမျိုးအပေါ် စောင့်ထိန်းသိမ်းသည့်စိတ်များ၊ ယဉ်ကျေးမှုကို ကာကွယ်စောင့်ရှောက်မည် စိတ်များတန်ဖိုးဟိန့်စွာနန့် ဖြစ်ပေါ်ခြင်းသည် တိုင်းပြည်တစ်ပြည်၊ နိုင်ငံတစ်နိုင်ငံ၏ အမျိုးသားရေး အမြဲတမ်းရှင်သန်နိုးကြားမှုကိုဖြစ်ပေါ် စီပြီး၊ တိုင်းပြည်နန့် လူမျိုးအတွက် ကာကွယ်ထိန်းသိမ်း စောင့်သျှောက်နိုင်သည့် ခိုင်မာသော တိုင်းသူပြည်သား တစ်ဥူးတစ်ယောက်စီ၏ မျိုးချစ်စိတ်စုစည်းမှုအားကို ဖြစ်ပေါ်စီသည်။ ထိုမျိုးချစ်စိတ်စုစည်းမှုအားကို ဇာအရာမှ တိုက်ခိုက်လို့မရနိုင်ပါ။ ထို့်အတွက် အကျွန်ရို့ ရခိုင်သူရခိုင်သားများသည် ဗုဒ္ဓဘာသာအပေါ်မှာ အခြီခံထားသည့် လူမျိုးဖြစ်သည့်အတွက် ပြည်တွင်းပြည်ပ ရခိုင်နိုင်ငံရေး ဂေါင်းဆောင်များ၊ တော်လှန်ရေးဂေါင်းဆောင်များနန့် ရခိုင်သူရခိုင်သားအနိန်ဖြင့် ဘုရားရှိခိုးသီလဆောက်တည်ပြီး ရခိုင်အောင်လံတော်ကို ဆီမီးနန့် ပူဇော်ထိုက်ပေသည်။ သို့မှသာ ရခိုင်သူရခိုင်သားများ၏ မျိုးချစ်စိတ်ဓါတ် စုစည်းမှုအားသည် ရခိုင်အောင်လံတော်မှာ စုစည်းမှုဖြစ်ပေါ်ပြီး ရခိုင့်အောင်လံတော်မှ မမြင်နိုင်ရေစွမ်းအားတိ ထွက်ပေါ်ပါလာလိမ့်မည်ဖြစ်သည်။ထိုသို့လုပ်ဆောင်ခြင်းသည် နိုင်ငံရေးသဖောအရ နိုင်ငံရေးစိတ်ဓါတ်မြှင့်ပီးခြင်း၊ စုစီးပီးခြင်းလည်း ဖြစ်သည်။ ရခိုင်အောင်လံတော်၏ အနက်အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ဖတ်ကြည့်က သိနိုင်ပါသည်။ ထိုမှသာ ကမ္ဘာပေါ်တွင်ရှားပါးသော ဝေသာလီခေတ်ကြီးပိုင် ပြန်လည် အီးချမ်းသာယာသော၊ ဆန်ရီစပါးများပြားကွယ်ဝသော တိုင်းပြည်ကြီးပေါ်လာမည်ဖြစ်သည်။

သာဂီဝင်