Sunday, September 30, 2012

ဘင်္ဂလားဒေ့ခ်ျ UNHCR မှ ရခိုင်ဒုက္ခသည်များနှင့် တွေ့ဆုံ

Written by သဇင်ဥ    Sunday, 30 September 2012 11:40   PDFPrintE-mail
UNHCR met Rakhaing refugee Sept 29ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ဒက္ကားမြို့ အခြေစိုက် UNHCRမှ ရခိုင်ဒုက္ခသည်များနှင့် ကော့စ်ဘဇားမြို့ ဟိုတယ် ShwaBa တွင် စနေနေ့က တွေ့ဆုံ ဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့သည်။

ယင်းဆွေးနွေးပွဲတွင် Durable Solution အမည်ရှိခေါင်းစဉ်ဖြင့် Repatriation, Local Integrationနှင့် Resettlement ကိစ္စများကို အဓိကထား၍ အပြန်အလှန် အသေးစိပ် ဆွေးနွေးခဲ့ကြသည်။

UNHCRမှ Assistance Protection officer Ms. Fahmida Karim က ယင်းဆွေးနွေးချက်များနှင့် ပတ်သက်၍ ဒုက္ခသည်များ အနေဖြင့် စိတ်ဝင်စားပြီး တောင်းဆိုမှုများ တရားဝင် ပြုလုပ်လာပါက ပူးပေါင်းကြိုးပမ်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ သို့သော်လည်း Resettlement ကိစ္စနှင့် ပတ်သက်၍ ဘင်္ဂလာအစိုးရမှ ဒုက္ခသည်များ မိမိနိုင်ငံအတွင်း တိုးပွားလာမှုအပေါ် စိုးရိမ်၍ ၂၀၁၀ အောက်တိုဘာမှစတင်ကာ တရားဝင် ပိတ်ပင်းထားကြောင်း၊ Repatriation ကိစ္စနှင့် ပတ်သက်၍ မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအကြား စတင်ဆွေးနွေးမှုများ အစောပိုင်းက ဖြစ်ပေါ်ခဲ့သော်ငြားလည်း ဇွန် ၈ ရက်နေ့မှစတင်သော ရခိုင်ပြည်အတွင်း သောင်းကျန်းသူများ၊ အကြမ်းဖက်မှုများနှင့် ပတ်သက်၍ ရပ်ဆိုင်းနေကြောင်းနှင့် ဒုက္ခသည်များ အနေဖြင့် Local Integration ကိစ္စနှင့် ပတ်သက်၍ စိတ်ဝင်စားမှုများရှိပါက ဘင်္ဂလာအစိုးရနှင့် ပူးပေါင်းဆွေးနွေးမည်ဖြစ်ကြောင်း ရှင်းပြခဲ့သည်။

ထို့ပြင် ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ဥပဒေအရ လွန်ခဲ့သော ၂၀၀၉ ခုနှစ်မတိုင်ခင်အတွင်း ဒုက္ခသည်များမှ မွေးဖွားလာသော ကလေးများမှာ ဒုက္ခသည်အဖြစ်သာ ပြဋ္ဌာန်းထားခဲ့သော်လည်း ယခုအခါ ဘင်္ဂလာနိုင်ငံသား ဖြစ်ပိုင်ခွင့်ရှိကြောင်း သူမက ဆိုသည်။

ဆွေးနွေးပွဲသို့ တက်ရောက်လာသော တချို့ဒုက္ခသည်များ အနေဖြင့် UNHCRမှာ ခွဲခြားဆက်ဆံနေကြောင်း၊ UNHCRမှ အခြေခံ အကူအညီများကို ဒုက္ခသည်များ ခံစားပိုင်ခွင့်များ ရှုံးဆုံးနေကြောင်း၊ ဘင်္ဂလာအစိုးရ အနေဖြင့် Resettlement ကိစ္စကို ဖွင့်ပေးပြီး တတိယနိုင်ငံများကို ဖိတ်ခေါ်ရန် တောင်းဆိုခဲ့ကြောင်းနှင့် လက်ရှိဒုက္ခသည်များ အနေဖြင့် ရခိုင်ပြည်တွင် ဖြစ်ပေါ်ခဲ့သော ပဋိပက္ခနှင့် ဆက်စပ်၍ မသာမာသူများထံ နည်းမျိုးစုံဖြင့် အသက်အိုးအိမ် ခြိမ်းခြောက်မှုများ ခံနေရကြောင်း တင်ပြတောင်းဆိုခဲ့ကြောင်း ဒုက္ခသည် များကပြောသည်။

UNHCR အနေဖြင့် ကော့စ်ဘဇားခရိုင်အတွင်းရှိသော အိုခီးယားမြို့နယ် ကိုတိုးပါလောင်နှင့် တာခ်နာမြို့နယ် နော်ရာပါရာ ဒုက္ခသည် စခန်းများမှ ဒုက္ခသည်ပေါင်း ၉၀၀ အား ၆ နှစ်အတွင်း တတိယနိုင်ငံသို့ ပို့ဆောင်နိုင်ခဲ့ကြောင်း သူမက ဆက်လက်ပြောဆိုခဲ့သည်။

UNHCR က Repatriation ကိစ္စကို ယခုကဲ့သို့ အစီအစဉ်ဆွဲပြီး ပြုလုပ်ရခြင်းမှာ မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲ တိုးတက် ဖြစ်ပေါ်လာမှု အခြေအနေကို လေ့လာပြီး ပြောဆိုရခြင်းဖြစ်ကြောင်းနှင့် UNHCR အနေဖြင့် မြန်မာ့နိုင်ငံရေး တိုးတက်ပြောင်းလဲမှု အနေအထားကို မြန်မာတွင် အခြေစိုက်သော UNHCR, NGO, INGO, လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့များနှင့် သတင်းဋ္ဌာနများမှ သတင်းအချက်အလက်များအရ ဆွေးနွေးရခြင်းဖြစ်ကြောင်း သူမက ရှင်းပြခဲ့သည်။

UNHCR က ယင်းကဲ့သို့ ဆွေးနွေးပွဲအခမ်းအနားကို နှစ်စဉ်နှစ်တိုင်း ပြုလုပ်လေ့ရှိကြောင်းနှင့် ယင်းဆွေးနွေးပွဲ ပြုလုပ်ရခြင်းမှာ UNHCR၏ ရှေ့နှစ်ဘဏ္ဍာရေးအတွက် လိုအပ်သည့်အချက်အလက်များအား စုဆောင်းသည့်အနေဖြင့် ဟန်ပြလုပ်ဆောင်ခြင်းဖြစ်ကြောင်း တက်ရောက်ခဲ့ကြသော ဒုက္ခသည်တချို့က သုံးသပ်ပြောဆိုခဲ့ကြသည်။

UNHCR က သီးသန့်ဆွေးနွေးလိုသော ဒုက္ခသည်များကို ကော့စ်ဘဇားရှိ ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးရုံးသို့ ယနေ့မနက်ပိုင်း အတွင်း ဖိတ်ခေါ်ထားသည်။
UNHCR က ဒုက္ခသည်များအား နေ့စဉ်လိုအပ်သော ဆပ်ပြာ၊ ဆပ်ပြာမှုန့်အပါအ၀င် တခြားသုံးကုန်ပိစ္စည်းတချို့ကို လက်ဆောင်ပေးအပ်ခဲ့သည်။
http://www.arakantimes.net/burmese/index.php/2012-02-24-06-58-57/497-unhcr-bd-

ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ၈ ကျောင်း၊ သိမ် ၂ ဆောင်နှင့် နေအိမ် ၂၀ ခန့်မီးရှို့ဖျက်ဆီးခံရ

Written by သဇင်ဥ    Sunday, 30 September 2012 13:32   PDFPrintE-mail
fire 1ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇားခရိုင် ပန်းဝါမြို့ (ရာမူး)နယ်အတွင်းရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၈ ကျောင်း၊ သမုတ်သိမ် ၂ ဆောင်နှင့် အိမ်ခြေ ၂၀ ခန့်အား ဘင်္ဂလီများက ယနေ့မနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးလိုက်ကြောင်း သတင်းရရှိသည်။

ဘင်္ဂလီများထံ မီးရှို့ဖျက်ဆီးခံရသော နေအိမ်အများအပြားမှာ ဘာရာဝါ (မာရာမာကြီး) အိမ်များဖြစ်ကြောင်းနှင့် ညဥ့် ၁၂ နာရီကျော်တွင် စတင် မီးရှို့ဖျက်ဆီးခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

ပန်းဝါမြို့နှင့် နယ်မြေတွင် ဘုန်းတော်ကြီးကျောင်း ၉ ကျောင်းရှိသည့်အနက် ၅ ကျောင်းကို မီးရှို့ခြင်းဖြစ်ပြီး ကျန် ၃ ကျောင်းကို ဖျက်ဆီးခြင်းဖြစ်ကာ သမုတ်သိမ်ဖြူနှင့် သိမ်နီ ၂ ခုအား မီးရှို့ဖျက်ဆီးခြင်းဖြစ်ကြောင်း မျက်မြင်ဒေသခံများက ပြောသည်။

"အားလုံးက ဘုန်းကြီးကျောင်း ၉ ကျောင်းပါ၊ ၈ ကျောင်းဖျက်ဆီးခံရပါတယ်၊ ပြာပုံဖြစ်သွားတဲ့ ကျောင်းတွေတွေ့ရပါတယ်၊ မကြည့်ရဲပါဘူး၊ မျက်ရည်ထိမ်းသိမ်း မနိုင်အောင်ကို ခံစားရပါတယ်၊ အောက်သားဖက်ကျောင်း၊ မြောင်းနားဖက်၊ ရွာကြီးဖက်၊ ကျောင်းနားရွာ၊ ထုံးသည်ရွာ (လက်ပံ)ကျောင်း၊ စေတီရင်း၊ ရာမာဂူးနားကျောင်း၊ တောင်ချေရွာမှာ ၂ ကျောင်း၊ လွန်ခဲ့တဲ့နှစ်ကမှ အလှူခံပြီး တည်ထားပြီးစီးတဲ့ ပေ ၁၀၀ အလျား-အမြင့် ၄၀ မြင့်တဲ့ လျောင်းတော်မူဘုရားကို ဖျက်ဆီးသွားပါတယ်၊ ဘုရားရုပ်ထုတော်တွေကိုပါ လည်ဖြတ်သွားခဲ့ပါတယ်၊ ဖြေရှင်းဖို့က အခုအမတ် တယောက် ရှေ့ရောက်နေပါပြီ။"ဟု ပန်းဝါမြို့မှ ကျောင်းတကာမ ဒေါ် ဦးရှင်မေ က ပြောသည်။

ယင်းအကြမ်းဖက် ဘင်္ဂလီများက ညဥ့် ၁၁ နာရီကျော်တွင် ဆန္ဒပြကြပြီး ၁၂ နာရီကျော်တွင် စတင်မီးရှို့အကြမ်းဖက်ကာ နံနက် ၂ နာရီခန့်တွင် လူစုခွဲလိုက်ကြကြောင်း ပန်းဝါမြို့မှ ဒေသခံ မျက်မြင်များက ရှင်းပြသည်။

ပန်းဝါမြို့မှာ လွန်ခဲ့သောနှစ် ၂၀၀ ကျော်ခန့်က စတင်ကာ ကနဦးစက ဗုဒ္ဓဘာသာ ကိုးကွယ်သည့် ရခိုင်လူမျိုးများ တည်ထားခဲ့သော ဘင်္ဂလီ-မြန်မာ သမိုင်းပညာရှင်များ၏ သမိုင်းဝင် နာမည်ကျော် မြို့တမြို့ဖြစ်ပြီး ယခုအခါ မာရာမာကြီး၊ ဟိန္ဒူနှင့် ဘင်္ဂလီလူမျိုးများ အများအပြား နေထိုင်လျက် ရှိနေကာ ရခိုင်များမှာ ပျောက်လုစဖြစ်နေသော မြို့တမြို့ဖြစ်သည်။
laydown Buddha 1
အကြမ်းဖက် သမားများထံ မီးရှို့ခံရသော ဘုန်းတော်ကြီးကျောင်းနှင့် သိမ်တော်များမှာ မာရာမာကြီး ဘုန်းတော်ကြီးများ သီတင်းသုံး နေထိုင်သောကျောင်းများ အများအပြားပါဝင်ပြီး ဖျက်ဆီးခံရသော ကျောင်းများတွင် ရခိုင်ဘုန်းတော်ကြီးများ သီတင်းသုံး နေထိုင်သည့် ကျောင်းများ ဖြစ်ကြသည်။

သို့သော်လည်း ကျောင်းအားလုံးမှာ ရခိုင်များတည်ထားကိုးကွယ်သော ကျောင်းများဖြစ်ကြကြောင်း သမိုင်း အထောက်အထားများက ဆိုသည်။

ယင်း အကြမ်းဖက်တိုက်ခိုက်ခံရမှုအတွင်း ရှုံးဆုံးမှုတန်ဖိုး၊ လူအသေအပျောက်နှင့် ဒဏ်ရာရရှိခဲ့သူများ စာရင်းကို အတည်ပြု မသိရှိရသေးပေ။

နောက်ဆုံးရ သတင်းများက ကော့စ်ဘဇားမြို့နှင့် ယင်းခရိုင်အတွင်းရှိ ဘင်္ဂလီဒုက္ခသည်များ နေထိုင်သော အိုခီးယားမြို့နယ်၊ တာခ်နာမြို့နယ်၊ ဘိုင်ဆရီနယ်မြေနှင့် တချို့နယ်မြေများအတွင်း ယင်းကဲ့သို့ ဆူပူမှုများ ဖြစ်ပေါ်လာနိုင်သေးသောကြောင့် ဒေသခံအများအပြားက စိုးရိမ်နေ ကြကြောင်း သိရှိရသည်။

Friday, September 21, 2012

Nay Hline Htwe

ABSDF (တောင်ပိုင်း)က ကိုစိုးလင်းနဲ့ကိုနေ၀င်းအောင်ကတော့
ထောက်လှမ်းရေးဆိုတာ သေချာပါတယ်တဲ့လား Dr နိုင်အောင်

မီဒီယာစာမျက်နှာထက်ကနေ ပြောလို့ရတယ်ဆိုပြီး အပိုင်ကိုပြောချ
လိုက်ပါတဲ့ ပြည်တော်ပြန် နိုင်ငံရေးလုပ်စားသူကြီးကိုနိုင်အောင်ရေ….
ABSDF (တောင်ပိုင်း) အုပ်စုက မြောက်ပိုင်းလောက် အုပ်စုမတောင့်၊သေ
သူသေ၊ရှင်သူက တပြည်တရွာစီမှာ တကွဲတပြား ကိုယ့်စားဝတ်နေရေး ကိုယ်
ရုန်းကန်နေကြရတော့ ပြန်မဖြေရှင်းလောက်ဘူးဆိုပြီး အဲဒီချိန်က တော်လှန်ရေး လုပ်ဖော်ကိုင်ဖက်ချင်းကို ထောက်လှမ်းရေးလို့ စွပ်စွဲပြီး သတ်
ဖြတ်နှိပ်စက် ဒီလူတွေကို နိုင်ငံရေးသေအောင် သတ်ခဲ့ပြီးတာတောင် အခု
မြန်မာပြည် နိုင်ငံရေးမှာ သူရဲကောင်းဖြစ်ချင်သူကြီးက ထပ်ပြီး မြေမြှုပ်လိုက်
ပြန်တာလား။
ကျွန်မဟာ အသက်(၅၁)နှစ်ရှိတဲ့ အိမ်ထောင်ရှင်မ တယောက်ပါ၊
နိုင်ငံရေးနားမလည်ပါဘူး၊ရှင် ထောက်လှမ်းရေးလို့ပြောတဲ့ လုပ်သားကော
လိပ်၊မြန်မာစာဌာနက ဆရာကိုနေ၀င်းအောင်ရဲ့ ညီမအရင်းပါ။တောထဲမှာ
ကျွန်မအစ်ကို သေပြီလို့တောင် ကြားခဲ့ရပြီးမှ ထောက်လှမ်းရေးလို့ စွပ်စွဲခံရ
ပြီး နှိပ်စက်ခံခဲ့ရတာတွေ စွပ်စွဲနှိပ်စက်သူက ABSDF မှာတာဝန်အရှိဆုံးလို့
ဆိုတဲ့ Dr နိုင်အောင်ဆိုတာ အခု ပါဂျောင်ရှင်းတမ်းမှာ ထပ်ကြားရသလို
မိုးသီးဇွန်နဲ့နိုင်အောင် နယ်လု၊အာဏာလုရာကနေဖြစ်တဲ့ နိုင်ငံရေးလှည့်
ကွက်ကလိမ်ကကျစ်တွေထဲမှာ ဓားစာခံဖြစ်ပြီး စွပ်စွဲခံရတာလို့ တဆင့်
စကားကြားခဲ့ရတယ်။
ရှင် ဂျာနယ်စာမျက်နှာထက်မှာဝန်ခံသလို ထောက်လှမ်းရေးဆိုပြီး
နှိပ်စက်၊ထောင်(၁၀)နှစ်ချ၊အချုပ်ထဲမှာ ကျွန်မအစ်ကိုနဲ့ ကိုစိုးလင်းအပါအ
ဝင် ထင်ကျော်၊မြင့်ဦး တို့ဟာဒီတခါ စခန်းတစ်ခုကတစ်ခု ပြောင်းရင်တော့
ငါတို့ကို အသေသတ်ပြီး ထားခဲ့တော့မှာဆိုပြီး အချုပ်ခန်းဖောက်ထွက်ပြေး
လို့လွတ်မြောက်ခဲ့ရတာပါ၊အချုပ်ထောင်ကျနေစဉ် ရှင်ကတော့ ဂျာနယ်စာ
မျက်နှာထက်မှာအကျဉ်းသားအခွင့်အရေးပေးခဲ့တယ်လို့ ရေးခဲ့ပါတယ်။
ရှင်တို့ရဲ့ တောတွင်းအကျဉ်းခန်းမှာကျခဲ့ရတဲ့ ကျွန်မအစ်ကိုကတော့ သူ့ကို
နှိပ်စက်တာ၊သူများကိုနှိပ်စက်တာ၊တချို့မိန်းကလေးတွေကိုပြုကျင့်ဆက်ဆံ
ခဲ့တာတွေကြောင့် တခါတလေ ချက်ချင်းသေသွားရင်ကောင်းမယ်လို့ ကိုယ့်
ဘာသာကိုယ်တွေးမိတဲ့ အထိသွေးပျက်မတတ်ငရဲခန်းအနိဌာရုံတွေကို တွေ့
ကြုံခံစားခဲ့ရပါတယ်တဲ့။ကျောင်းဆရာကို ရိုက်ဖူးတယ်ရှိအောင်ရိုက်ကြစမ်း
ကွာဆိုပြီး ကျောင်းသားငါးယောက်ကို ၀ိုင်းရိုက်ခိုင်းပြီး အပျင်းဖြေတာ ဘယ်သူပါလဲ
ကိုနိုင်အောင် ၊ရှင်ရော Dr သောင်းထွန်းကရော တရားဥပဒေအရစစ်ဆေးခံရရင်
အဲဒီအချိန်မှာ တာဝန်ရှိခဲ့တဲ့ စစ်ထောက်လှမ်းရေးတွေပါ
ဝင်ဖြေရှင်းသင့်တယ် ပြောတာ ကျွန်မတို့က သိပ်ထောက်ခံတာပေါ့ရှင်၊
ရှင်တို့ကကျွန်မအစ်ကို ကို တောထဲမှာ သမချင်သလို သမ နေခဲ့သလိုဘဲ
ကျွန်မတို့ မိသားစု၊ဆွေမျိုးစုမှာ အဲဒီထောက်လှမ်းရေးတွေရဲ့စစ်ဆေးဖမ်းဆီး
ဒဏ်ကိုခံခဲ့ရတာပါ။ကျွန်မဆို အဲဒီချိန်က ဘိုကလေးမြို့ တိုင်းရင်းဆေးခန်းမှာ
တာဝန်ကျနေတဲ့ အစိုးရ၀န်ထမ်း တယောက်ပါ။ဆရာမကို ထောက်လှမ်းရေး
ဆွဲသွားတယ် ဆိုပြီးနာမည်ကိုကြီးလို့။မအူပင်ထောက်လှမ်းရေးတပ်ကိုခေါ်
သွားပြီး အစစ်ခံခဲ့ရတာ အဲဒီချိန်က ကျွန်မကိုစစ်မေးရင် နင့်အကို သူပုန်ဆို
တာ ထပ်နေတာပဲ။
ကျွန်မအစ်ကို ဘယ်မှာရှိနေလဲ။ဘာတွေလုပ်သလဲ။ဘယ်သူ
တွေနဲ့ ဆက်သွယ်လဲ ဆိုတာ အမျိုးမျိုး ခြိမ်းခြောက်စစ်မေးခံရတယ်။ကျွန်
မတို့ရဲ့ အိမ်ထောင်ဦးစီး အစ်မကြီးကိုတော့ ရန်ကုန်အိမ်ကနေ နှစ်ညအိပ်
သုံးရက်ခေါ်သွားပြီး အတော်အတန် နှိပ်စက် စစ်မေးခံရပါတယ်။အဲဒီစစ်ဆေး
ခံရတဲ့ ဒဏ်ကြောင့်မျက်လုံးတဖက် ဒဏ်ရာရပြီး ကွယ်လုနီးပါးဖြစ်သွားခဲ့ပါ
တယ်။ခြေထောက်နှစ်ဖက်မှာလည်း မျဉ်းလုံးနဲ့အလှိမ့်ခံထားရလို့အညိုအ
မည်းစွဲပြီး ခုထိ အဆစ်အမြစ်တွေနာနေတုန်းပါ။ကျွန်မ အခုရေးပြနေတဲ့ နှိပ်
စက်ခံရမှုကတော့ရှင်တို့ တောတွင်းဥပဒေနဲ့ စစ်ဆေးခံရပုံနဲ့မိုးနဲ့မြေကွာ
နေမှာပေါ့နော်။ရှင်တို့ ၀ိုင်းနှိပ်စက်လိုက်တဲ့ မီမီခိုင်ဆိုတဲ့ မိန်းကလေး ဘယ်
လိုဖြစ်ခဲ့ရတယ်ဆိုတာ တောတွင်းမှာလဲ လူ့အခွင့်အရေးပေးခဲ့ပါတယ် ဆို
တဲ့ ရှင်တို့အသိဆုံးပါဘဲ။
စစ်ထောက်လှမ်းရေးက အဲဒီအချိန်မှာ ကျွန်မအစ်ကို ကိုအ
သေရရ အရှင်ရရ ဖမ်းချင်တယ်ဆိုတာ သူတို့အချင်းချင်းပြောဆိုမှုတွေ
အရ ကျွန်မတို့ကို စစ်ဆေးမှုတွေအရ သိခဲ့ရတာပါ။ဒါပေမဲ့ ကျွန်မအစ်မ
ကိုရော ကျွန်မ(အဲဒီတုန်းကအပျိုပါ) ကိုပါ မုဒိမ်းလဲမကျင့်ပါဘူး၊မီမီခိုင်လို
ဆေးလိပ်မီးနဲ့ အထိုးခံရတဲ့ ဒဏ်ရာ၊ရင်သား၊ဆီးစပ်တွေမှာ မရှိပါဘူး။
ကျွန်မတို့ ၀န်ခံထွက်ဆိုထားချက်တွေကို လက်မှတ်ထိုးခိုင်းထားတာ သူတို့
ဆီမှာရှိနေမှာပါ။ဒါကြောင့် အဲဒီအချိန်က ထောက်လှမ်းရေးတွေကိုလည်း
ကျွန်မတို့အစ်ကို ထောက်လှမ်းရေးဟုတ်မဟုတ် အစစ်ခံစေချင်တယ်ဆိုတဲ့
ရှင်တို့စကားကို သိပ်ထောက်ခံပါတယ်ရှင်။အဲဒီအချိန် ပုဇွန်တောင်မြို့နယ်
မှာတာဝန်ကျပြီး ကျွန်မတို့ ဆွေမျိုးတစ်စုကို ဒုက္ခတွေပေးခဲ့တဲ့ ထောက်လှမ်း
ရေးတွေပါ ပါဝင်သင့်တယ်။
ကိုယ်လုပ်ခဲ့တဲ့ အမှားကို ၀န်ခံလိုက်စမ်းပါ။ယောက်ျားတွေပဲ
အဲဒီအချိန်တုန်းကမှားခဲ့ပါတယ်လို့သတ္တိရှိရှိ ၀န်မခံဘဲ ခုချိန်ထိ ကလိန်က
ကျစ် နိုင်ငံရေးလုပ်စားဖို့ကြိုးစားနေတုန်းပါလား။နိုင်ငံရေးအပေါ်ဆက်ပြီး
အမြတ်ထုတ်နိုင်ဖို့ ကြိုးစားနေသေးတယ်နော်။
ABSDF(မြောက်ပိုင်း)က အုံနဲ့သင်းနဲ့ အဖြစ်မှန်တွေကို အထုပ်ဖြေပြသွားပြီဖြစ်လို့ ရှင်ဘယ်လိုမှ ငြင်းလို့မရနိုင်ဘူးလေ။အဲဒီ
တော့ ကိုစိုးလင်းနဲ့ကိုနေ၀င်းအောင် တို့ကတော့ ABSDF (တောင်ပိုင်း)
ထောက်လှမ်းရေးတွေပါလို့ မိုးကြိုးကို ထန်းလက်နဲ့ကာလိုက်ပြန်တာပေါ့။
ရယ်စရာကြီးပေါ့။ရယ်စရာကြီးပါ။ကိုနိုင်အောင် မရှက်တတ်ဘူးလား။ငါတို့
သေအောင်နှိပ်စက်တာ မသေလို့ ကျန်နေတဲ့ ဒီကောင်တွေ ပြန်မဖြေရှင်းရဲ
လောက်ဘူးထင်ပြီး မီဒီယာ စာမျက်နှာထက်တင်လိုက်ကြတာပေါ့လေ။ဟုတ်
ပါတယ်၊တကယ်လဲ ကျွန်မအစ်ကိုဟာ နိုင်ငံရေးကိုစိတ်ကုန်သွားပါတယ်
စိတ်ဒဏ်ရာ၊ကိုယ်ဒဏ်ရာတွေနဲ့ ည-ည ဆို ထ-ထ လန့်အော်ပြီး ပြန်မအိပ်
နိုင်တော့အောင် စိတ်ဒဏ်ရာတွေရသွားခဲ့ပါတယ်။ဒါပေမဲ့ ကိုယ့်သမိုင်းကိုယ်
ရှင်းရမယ်။အမှန်တရား ပေါ်စေရမယ်ဆိုပြီးသူတို့လဲသူတို့နည်းနဲ့ သူတို့
ဖြေရှင်းပါလိမ့်မယ်။
ကျွန်မကတော့ ရှင်တို့ဂျာနယ်အစောင်စောင်မှာပြောသလို စစ်မှန်
တဲ့ တရားဥပဒေရှိရင် ဖြေရှင်းမှာပါဆိုတာရယ်၊စစ်ထောက်လှမ်းရေးတွေပါ
ပါဝင်ဖြေရှင်းသင့်တယ်ဆိုတာရယ်ကို ကြိုဆိုထောက်ခံမျော်လင့်နေပါတယ်
တောတွင်းကနေ တော်လှန်ရေးလုပ်မယ်ဆိုပြီး တောခိုသွားမှ ရှင်
တို့ရဲ့ နိုင်ငံရေးလှည့်ကွက်တွေထဲမှာ ရက်ရက်စက်စက်အသတ်ခံသွားရတဲ့
ကိုထွန်းအောင်ကျော်၊ကိုချိုကြီး၊ဦးစိန် တို့လိုလူတွေ အသက်မသေပေမဲ့ ဒီ
နိုင်ငံထဲမှာဘဲ ဘ၀ပျက်နေခဲ့သူတွေ၊စစ်အစိုးရကိုလဲကြောက်၊ရှင်တို့လိုက်
သတ်မှာလဲ ကြောက်ပြီး ကိုယ့်တိုင်းပြည်မဟုတ်တဲ့ဆီ ပြေးပြီး မသေအောင်
ရုန်းကန်နေသူတွေကို နိုင်ငံရေးသတ်ခဲ့ပြီးတာတောင်အားမရနိုင်သေးဘူး
လား။
စစ်အစိုးရ ထောက်လှမ်းရေးတွေက ခြိမ်းခြောက်စစ်မေးတာတောင်
ကျွန်မ တုန်နေအောင်ကြောက်ခဲ့ရပါတယ်။ကျွန်မ အစ်ကိုအပါအ၀င် ရှင်တို့
နှိပ်စက်ခံခဲ့ရသူတွေဟာ သူတို့အသားနာ မခံနိုင်လွန်းလို့အသက်မသေဖို့
အတွက် ရှင်တို့ဖြစ်စေချင်သလို ၀န်ခံထွက်ဆိုခဲ့ရတာ အဲဒီအချိန်က ရှင်တို့
ကိုထောက်ပံ့ပေးနေတဲ့အဖွဲ့အစည်းတွေကိုပြနိုင်ဖို့ NGO တွေ၊သံရုံးတွေ၊
နိုင်ငံခြားသတင်းဌာနကလူတွေကိုခေါ်ပြီး ၀န်ခံခိုင်းတဲ့အတိုင်း ရှင်တို့စိတ်
တိုင်းကျ ဇာတ်လမ်းတွေ တ ခိုင်လုံတဲ့ အထောက်အထား
တွေနဲ့ ထောက်လှမ်းရေးတွေပါလို့ သက်သေပြနိုင်တယ်တဲ့လား?
ABSDF(မြောက်ပိုင်း)က တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ
ပါဂျောင်သတ်ဖြတ်ပွဲ အကြောင်း ရှင်းတမ်းလုပ်တုန်းကမီဒီယာတွေလဲတွေ့ခဲ့
မြင်ခဲ့၊ကြားခဲ့ ရပါတယ်။လူတယောက်ရဲ့ ဂုဏ်သိက္ခာမရှိအောင် ကိုယ့်သေး
ကိုယ်ပြန်သောက်ရ၊ခြေထောက်နှစ်ဖက်ကြိုးတုတ်၊လက်ပြန်ကြိုးတုတ်ပြီ
ထမင်းကိုခွေးကျွေးသလို ကျွေးဆိုတဲ့ လူမဆန်တဲ့ ရက်စက်နှိပ်
စက်မှုတွေကနေ လွတ်မြောက်လာကြတဲ့ ABSDF (မြောက်ပိုင်း)အုပ်စု၊
ABSDF(တောင်ပိုင်း)က မိန်းကလေး တယောက်တောင်တွေ့ပါတယ်။
ဘယ်သူတွေဟာ ကားအကောင်းစားကြီးစီးပြီးချမ်းသာတောက်ပြောင်နေသူ
ပါ ပါသလဲ။သူတို့ကိုကြည့်လိုက်တာနဲ့ ဘ၀ပျက်ခဲ့ကြတာ၊စွန့်လွှတ်ခဲ့ကြ
တာ၊နွမ်းပါးနေခဲ့ကြတာ အသိသာကြီးပါ။ရှင်တို့လက်ထဲကလွတ်အောင်ပြေး
ခဲ့တဲ့ ကိုစိုးလင်းရဲ့ ဇနီးဆရာဝန်မ မှာရောဂါကြီးဖြစ်နေတာ ဆေးကုဖို့တောင်
အနိုင်နိုင်ပါ။ကျွန်မ အစ်ကို ကိုနေ၀င်းအောင်ဆို မနက်(၆)နာရီကနေ ည
(၆)နာရီထိ ဆူရှီလိပ်မှ ထမင်းနပ်မှန်ပါတယ်။Dr နိုင်အောင်လို အဖွဲ့အစည်း
တွေကထောက်ပံ့တဲ့ ဒေါ်လာတွေနဲ့ ကျည်ကာ ကားဝယ်မစီးနိုင်ပါဘူး။
မဲဆောက်မှာ အိမ်နှစ်လုံး မရှိပါဘူး။ဘန်ကောက်မှာလဲ နေဖို့အိမ်မရှိပါဘူး။
ရှင်တို့ကျတော့ မြန်မာပြည်ထဲမှာ ဒီမိုကရေစီလဲရလာချိန်၊ပြည်ပကနေဘ
နိုင်ငံရေးဆက်လုပ်နေရင် ရှင်တို့တောင်စားနေကျ အဖွဲ့အစည်းတွေက
မထောက်ပံ့တော့ဘူး၊မြန်မာပြည်ထဲ ပြန်ဝင်မှ ထောက်ပံ့ငွေရမယ်ဆိုလို့
ဒေါ်လာ ဆက်စားနိုင်အောင် ၀န်ကြီးတွေနဲ့ လက်ဝါးချင်းရိုက်ပြီး ပြန်ဝင်လာ
ရုံသာမက နိုင်ငံရေး သူရဲကောင်း တောင်လုပ်လိုက်ချင်သေးတယ်။
ပါလတရားဆိုတာ မနေပါဘူး။အခုတောင် ရှင်တို့ ရက်ရက်စက်စက်သတ်
ခဲ့တဲ့ ကိုထွန်းအောင်ကျော် တို့ တတွေရဲ့ အရိုးက တွန်နေပါပြီ။

(အမှန်တရားအတွက်..အားလုံးပဲ..share..ပေးကြပါ )

Thursday, September 20, 2012

ဇွန် ၈ ရက်နေ့တွင် ကျောင်းအုပ်ဆရာကြီးနှင့် ဒေသခံများအား သတ်ဖြတ်သော တရားခံအား နစကဖမ်းဆီး

Written by သဇင်ဥ    Thursday, 20 September 2012 19:58   PDFPrintE-mail
mgchantharမောင်တောမြို့နယ် အခြေစိုက် နစက က ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုတွင် ကျောင်းအုပ်ဆရာကြီးနှင့် ဒေသခံ တချို့အား သတ်ဖြတ်ခဲ့မှုတွင် ပါဝင်ခဲ့သော အကြမ်းဖက်သမား တရားခံ မိုဟာမတ် အာလာမ် (၄၀)နှစ်အား တနင်္ဂနွေ (၁၆)ရက်နေ့က လိုက်လံဖမ်းဆီးလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

နစကထံ ဖမ်းဆီးခံရသူမှာ မောင်တောမြို့ မင်္ဂလာကြီးနယ်မြေမှ မိုဟာမတ် ဇော်လိလေရ်၏သား အာလာမ်ဖြစ်ကြောင်းနှင့် အရေးအခင်းကာလတွင် ကျောင်းအုပ်ဆရာကြီး ဦးမောင်ချမ်းသာနှင့် ဒေသခံတချို့အား ၎င်းအပါအ၀င်  ဇွန် ၈ ရက်နေ့က သတ်ဖြတ်ခဲ့မှုတွင် ပါဝင်ခဲ့ကြောင်း နစကမှ ထုတ်ဖေါ် ပြောဆိုသည်။    

သို့သော်လည်း ကျောင်းအုပ်ဆရာကြီးနှင့် ဒေသခံများအား သတ်ဖြတ်ရာတွင် အဓိက ပါဝင်ခဲ့သူ အကြမ်းဖက်သမား တရားခံဖြစ်သော၊ မူးယစ်မှောင်ခိုသမားများဖြစ်သော ကျန် ၂ ဦးမှာ ထွက်ပြေးလွတ်မြောက်နေကြောင်း သိရှိရသည်။

ကျောင်းအုပ်ဆရာကြီး ဦးမောင်ချမ်းသာအား သတ်ဖြတ်သော တရားခံမှာ အာလာမ် အပါအ၀င် တခြားဘင်္ဂလီ အကြမ်းဖက်သမားများဝိုင်းပြီး ဓါးဖြင့်ခုတ် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု မျက်မြက်သက်သေ ဒေသခံနှင့် သရီကုန်ဘောင်တွင် တာဝန်ထမ်းဆောင်နေခဲ့သော ကျောင်းဆရာမများက ပြောသည်။

တရားခံ အာလာမ်မှာ ကျောင်းအုပ်ဆရာကြီးများနှင့် ဒေသခံရခိုင်လူထုများအား သတ်ဖြတ်ပြီး မောင်တောမြို့နှင့် မျက်နှာချင်းဆိုင် တည်ရှိသော ဘင်္ဂလာဒေ့ခ်ျနိုင်ငံ တာခ်နာမြို့ ကားဂိတ်အနီးရှိ ၎င်း၏ညီ နုရုလ်အာမိ နေအိမ်သို့ ၃ လခန့် တိမ်းရှောင်နေခဲ့ပြီး ယခုမောင်တောမြို့သို့ ပြန်လည်ရောက်ရှိချိန်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း နစကမှ ပြောသည်။

အာလာမ် အနေဖြင့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံအတွင်း ၎င်းအကြမ်းဖက်ခဲ့သော ဓါတ်ပုံနှင့် သတင်းအမှားများကို ဖြန့်ချီခဲ့ကြောင်းနှင့် ဘင်္ဂလီများအား လူမျိုးရေး၊ ဘာသာရေးအရ စည်းရုံးပြီး ရခိုင်ပြည်သို့ သွားရောက်ကာ တိုက်ပွဲဝင်ရန်လိုအပ်ကြောင်း လှုံဆော်ခဲ့ကြောင်း စုံစမ်း သိရှိရသည်။

သက်ဆိုင်ရာမှ စစ်ဆေးချက်များအရ အာလာမ်မှာ မြန်မာ-ဘင်္ဂလာနှစ်နိုင်ငံအကြား မူးယစ်ဆေးဝါးများအား ဂိုဏ်းဖွဲ့ပြီး မှောင်ခိုတင်ပို့ နေသောသူဖြစ်ကြောင်း နစကမှ ဆိုသည်။

အဆိုပါ ညီအစ်ကို နှစ်ဦးမှာ ရာဘားမူးယစ်ဆေးဝါးများအား လုပ်ဆောင်နေသူဖြစ်ကြောင်း၊ ဘင်္ဂလာသို့ ထွက်ပြေးလာပြီးနောက်ပိုင်း မူးယစ်ဆေးဝါးများ ထပ်မံလုပ်ဆောင်နိုင်ရန် မောင်တောမြို့နယ်ရှိ နစကအရာရှိတဦးနှင့် အဆက်အသွယ်ပြုလုပ်ပြီး စက်တင်္ဘာ ၁၆ ရက်နေ့က လှေဖြင့်နတ်မြစ်ဖြတ်ကျော်၍ မိမိနေအိမ် မင်္ဂလာကြီးနယ်မြေသို့ ရောက်လာချိန်တွင် နစကမှ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာက ပြောသည်။
ယခုအခါ သက်ဆိုင်ရာမှ အသေးစိပ်စစ်ဆေးချက်များကို မေးမြန်းနေကြောင်းနှင့် ဥပဒေကြောင်းအရ သေဒဏ်ချမှတ်နိုင်ကြောင်း မောင်တောမြို့နယ် ဒေသခံများက ဆိုသည်။

ဇွန် ၈ ရက်နေ့က စတင်အကြမ်းဖက်သော ကာလတွင် သတ်ဖြတ်ခံရသည့် ကျောင်းအုပ်ဆရာကြီးများမှာ ၎င်း၏တပည့်များဖြစ်သော ယင်းဖေါ်ပြပါ ဘင်္ဂလီကျောင်းဆရာများထံ အသတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ယင်းအကြမ်းဖက်သမားများမှာ ကျောင်းအုပ်ဆရာကြီး ဦးမောင်ချမ်းသာ (မောင်တောမြို့နယ် သရီကုန်ဘောင်ရွာ)၏ နေအိမ်သို့ နေ့စဉ်ဝင်ထွက်သွားလာ စားသောက်နေကြသူများလည်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ သရီကုန်ဘောင်ကျေးရွာတွင် ကျောင်းအုပ်ဆရာကြီး ဦးမောင်ချမ်းသာ၊ ဦးဘဒို၊ ဦးအောင်သိန်းလှနှင့် တချို့သူများအား သတ်ဖြတ်ရာတွင် ပါဝင်ခဲ့သော တရားခံများမှာ မော်ဇူရာမာန်၊ အောင်မြင့်နှင့် ခင်မောင်ထူး တို့ပါဝင်ခဲ့ကြောင်း သိရှိရသည်။

ကျောင်းအုပ်ဆရာကြီးတွင် သမီး မလဲ့လဲ့သန်း (၈)တန်းနှင့် သားတဦးကျန်ရစ်ခဲ့ကြောင်းနှင့် ဇနီးဖြစ်သူ ဆရာမကြီးမှာလည်း အကြမ်းဖက်သမားများ၏ ဓါတ်းဒဏ်ရာဖြင့် မထနိုင်သေးကြောင်း သိရှိရသည်။

ဦးမောင်ချမ်းသာမှာ မသေခင် မိမိနေအိမ်အတွင်း ကျောင်းဆရာ၊ ဆရာမများအား သိမ်းဆည်းထားခဲ့ပြီး ၎င်းတို့လွတ်မြောက်ရန် ရှေ့ကကာကွယ်ပေးခဲ့ကြောင်းနှင့် နောက်ဆုံးတွင် တပည့်များ၏ လက်ချက်ကြောင့် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အနေဖြင့် ရခိုင်ပြည်နယ်အကြမ်းဖက်မှုနှင့် ဆက်စပ်မှုရှိသည့် UNHCRနှင့် INGOမှ ၀န်ထမ်းများအား ဥပဒေပုဒ်မ အမှုများဖြင့် သြဂုတ် ၂၄ ရက်နေ့က အသီးသီး ထောင်ပြစ်ဒဏ် ၂ နှစ်မှ ၆ နှစ်အထိ မောင်တောမြို့ တရားရုံးက ချမှတ်ထားသော ခင်မောင် (ခ) အဏ္ဏ၀ါဆာဒတ်၊ ခင်မောင်ဆွေ (ခ) တာရတ်နှင့် ချိုလေးမာခါတုန်တို့ကို သမ္မတအာဏာဖြင့် သြဂုတ် ၂၈ ရက်နေ့က လွှတ်ပေးခဲ့သည်။

ယင်းရခိုင်ပြည်နယ်အတွင်း ဇွန်လ ၈ ရက်နေ့က စတင်ခဲ့သည့် အကြမ်းဖက်သမားများ သောင်းကျန်းမှုတွင် နေအိမ်စုစုပေါင်း ၃၀၀၀ ကျော်၊ သေဆုံးသူ ၁၀၀ ဦးခန့်၊ ဒဏ်ရာရရှိခဲ့သူ ၃၈ ဦး၊ ဘုန်းတော်ကြီးကျောင်း ၁၅ ကျောင်း၊ ဗလီကျောင်း ၇ ခု၊ ဒုက္ခသည်စခန်း ၃၇ နေရာရှိခဲ့ကြောင်းနှင့် ဒုက္ခသည် စုစုပေါင်း ၉၀၀၀၀ ခန့်ရှိခဲ့ကြောင်း သိရှိရသည်။ 
ArakanTimes

ALD ဥက္ကဌ ဦးအေးသာအောင် အမေရိကန်သို့ ခရီးထွက်ခွာ

Written by ဇင်ကီး    Thursday, 20 September 2012 03:39   ArakanTimes

၁ copyရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ဥက္ကဌ ဦးအေးသာအောင်သည် စက်တင်ဘာ (၁၉) ရက်နေ့ ညနေ (၄း၄၀)တွင် ရန်ကုန်မင်္ဂလာဒုံလေဆိပ်မှ SILK AIRLINE လေကြောင်းဖြင့် အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ ထွက်ခွာသွားခဲ့သည်။
အဆိုပါလေယာဉ်သည် အမေရိကန်နိုင်ငံ ဂျွန်အက်ဖ်ကနေဒီလေဆိပ်သို့ စက်တင်ဘာ (၂၀)ရက်နေ့ (၁၁း၀၀)နာရီတွင် ဆင်းသက်မည်ဖြစ်သည်။
ဦးအေးသာအောင်၏ အမေရိကန်ခရီးစဉ်နှင့် ပတ်သက်၍မေးမြန်းရာ ပါတီကိစ္စဖြင့်သွားရောက်ခြင်း မဟုတ်ဘဲ၊ အရှင်နာယက၏ ဖိတ်ကြားချက်အရ Aratkha Foundation နာယကတစ်ဦးအနေဖြင့် ဖောင်ဒေးရှင်း အစည်းအဝေးတက်ရန် သွားရောက်ခြင်းဖြစ်ကြောင်း၊ ပြန်လည်ရောက်ရှိမည့် နေ့ရက်အတိအကျကို မသတ်မှတ်ရသေးကြောင်း၊ အမေရိကန်နိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း ရခိုင်အရေး၊ တိုင်းရင်းသားအရေးနှင့် စပ်လျဉ်း၍တိုင်းရင်းသား ခေါင်းဆောင်များနှင့် ဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ALD အတွင်းရေးမှူး အာရက္ခဖောင်ဒေးရှင်း လုပ်ငန်းကော်မတီဝင် ဦးမျိုးကျော်က ပြောသည်။

U Aye Thar Aung copy

Wednesday, September 19, 2012

နိုင်ငံရေးစားပွဲတွင် စကားလွှဲလျှော်မှုမရှိအောင် တိုင်းရင်းသားပေါင်းစုံညီလာခံကျင်းပ

Written by မိုးဇော်    Thursday, 20 September 2012 01:14   PDFPrintE-mail
IMG 5929 copyလွန်ခဲ့သော စက်တင်ဘာလ (၁၆)ရက်နေ့က ပြီးဆုံးခဲ့သည် (၃)ရက်တာ တိုင်းရင်းသားလူမျိုးများညီလာခံတွင် တိုင်းရင်းသားလူမျိုးများအားလုံး နိုင်ငံရေးစားပွဲဝိုင်သို့ရောက်လျှင် စကားလုံးများလွဲလျှော်မှုမရှိရန် ညီလာခံ ကြိုတင်ကျင်းပရခြင်းဖြစ်ကြောင်းကို ALP ကိုယ်စားတက်ရောက်ခဲ့သော ဒေါ်စောမြရာဇာလင်းမှ အာရ်ကန်တိုင်းမ်စ်သို့ ပြောသည်။
" တိုင်းရင်းသားလူမျိုးများအားလုံး အပစ်အခတ်ရပ်စဲရေးဖြစ်ဖို့ ရောက်လာကြရင် တိုင်းရင်းသားတွေ ဟိုတစ်ပေါက် ဒီတစ်ပေါက်ပြောနေတာမဖြစ်အောင် တိုင်းရင်းသားလူမျိုးအားလုံးညှိဖို့လို့ ညီလာခံခေါ်ယူကျင်းပရခြင်း ဖြစ်ပါတယ်။ " ဟု သူကပြောသည်။
နိုင်ငံတော်သမတ္တ ဦးသိန်းစိန်အစိုးရအဖွဲ့နှင့် တိုင်းရင်းသားပေါင်းစုံတို့ လက်နက်ကိုင် အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းရေးဆွေးနွေးပွဲသွားသည့်အခါ တိုင်းရင်းသားများအားလုံး ရည်ရွယ်ချက်နှင့် ဘုံသဘောထားတစ်ခု ဖြစ်စေလိုသောဆန္ဒဖြင့် တိုင်းရင်းသားပေါင်းစုံ ညီလာခံကျင်းပရခြင်းဖြစ်ကြောင်း ကျင်းပရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာရွှေခါးရ်မှပြောသည်။
အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ လက်ရှိတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ ပြည်တွင်းမှ လူထုအခြေစု အဖွဲ့အစည်းများ၊ တိုင်းရင်းသား နိုင်ငံရေးပါတီများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် အမျိုးသမီးနှင့် လူငယ်အဖွဲ့အစည်း ပေါင်းစုံပါဝင်သည့် ညီလာခံတစ်ရပ်အား ကျင်းပခဲ့ခြင်းဖြစ်သည်။
တိုင်းရင်းသားပေါင်းစုံ ညီလာခံကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် စက်တင်ဘာလ (၁၄)ရက်မှ စတင်ခဲ့ပြီး (၁၆)ရက်နေ့ထိ ကျင်းပရာ ကိုယ်စားလှယ်တော်ပေါင်း (၁၃၀)ကျော်တက်ရောက်ကြပြီး ယင်းညီလာခံကြီးမှ အချက်(၆)ချက်ပါသော တိုင်းရင်းသားလူမျိုးများ၏ ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ကြောင်း သိရသည်။
IMG 5953 copy
IMG 5931 copy
IMG 5927 copy
Last Updated ( Thursday, 20 September 2012 02:17 )ArakanTimes

Tuesday, September 18, 2012

မြန်မာ-ဘင်္ဂလာအကြား ဘင်္ဂလီမူဆလင်များ လက်ရှိအခြေအနေ

Written by သဇင်ဥ    Tuesday, 18 September 2012 12:25   PDFPrintE-mail
007မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအကြားရှိ နတ်မြစ်ဝမှ မလေးရှားသို့ မှောင်ခိုရေလမ်းမှ သွားရောက်မည့်သူ (၁၃၆) ဦးအား ဘင်္ဂလာ ရဲနှင့် BGBတပ်က ကော့စ်ဘဇားခရိုင်အတွင်းမှ တနင်္ဂနွေနေ့က ဖမ်းဆီးဖေါ်ထုတ် လိုက်ကြောင်း သက်ဆိုင်ရာက ထုတ်ဖေါ်ပြောဆိုသည်။

တာခ်နာအခြေစိုက် အမှတ် (၄၂) BGBတပ်ဖွဲ့ တပ်ရင်းမှူး မိုဟာမတ် ဇာဟိဒ် ဟာဆာန် က "နတ်မြစ်ကျွန်းက ဖမ်းဆီးမိရတဲ့ (၂၅) ဦးအထဲမှ မြန်မာနိုင်ငံအတွင်း နေထိုင်သူဖြစ်တဲ့ ဘင်္ဂလီ(၈) ဦးကို ၎င်းတို့ဘက်သို့ ပို့ဆောင်ခဲ့ကြောင်း၊ ကျန်တဲ့ (၁၇) ဦးကို တာခ်နာရဲဌာနသို့ လွဲအပ်လိုက်ကြောင်းနှင့် လူကုန်ကူးသူ (၃) ဦးကို အဓိကထား အရေးယူစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း။ " ဟု ဒေသထုတ် ၀ပ်ဆိုက်များနှင့် သတင်းစာများသို့ တနင်္ဂနွေနေ့က ပြောဆိုကြောင်း ဖေါ်ပြကြသည်။

ကော့စ်ဘဇားခရိုင် ဘက်ခါးလီနယ်မြေဌာနမှ ရုဟူလ်အာမီ ဒီဒ္ဒိန်ကီက " ဖမ်းဆီးမိသူတွေကို စစ်ဆေးတော့ ပို့မယ့်သူတွေက မလေးနဲ့ အီရန်ကို ပို့ပေးမယ်ဆိုပြီး ငွေလက်ခံတာ ဆိုပါတယ်။ အီရန်ကိုသွားမဲ့သူတွေဆီက တာကာ  တစ်သိန်းစီယူတယ်ဆိုပါတယ်။ မလေးသွားကိုသွားမဲ့သူတွေဆီက (၂၅၀၀၀) ကနေ (၃၅၀၀၀) အထိယူတယ်လို့ ထွက်ဆိုပါတယ်။ ဘက်ခါးလီနယ်မြေမှ ဒေသခံတွေ ဖြစ်ပါတယ်။ " ဟု ယမနေ့ကထုတ် teknafnews.com က ဖေါ်ပြသည်။

မလေးသို့ မှောင်ခိုစက်ဘုတ်ဖြင့်သွားမည့်သူများမှာ ဘင်္ဂလာ ကော့စ်ဘဇားခရိုင်နှင့် ရခိုင်ပြည် မောင်တောခရိုင်အတွင်း နေထိုင်ကြသူများ ဖြစ်ကြောင်းနှင့် ၎င်းတို့မှာ လူမှောင်ခိုကူးသူများအား အခြေအနေအရ တာကာ အနည်းဆုံး (၁၅၀၀၀) မှ (၅၀၀၀၀) အထိ အကုန်အကျခံ ပေးဆောင်ပြီး သွားကြမည့်သူများဖြစ်ကြောင်း မှောင်ခိုသတင်းရပ်ကွက်က ဆိုသည်။ ယင်းလူမှောင်ခို ပို့သူများက အီရန်သို့ ပို့ပေးမည်ဟု ငွေလက်ခံယူပြီး ဆောင်ရွက်ခြင်းမှာ ပထမအကြိမ်ဖြစ်ကြောင်း မှောင်ခိုသတင်းရပ်ကွက်ကမှ သိရသည်။

ယင်းတာခ်နာမြို့နယ်တွင် ဖမ်းဆီးခံ လူကုန်ကူးသော ခေါင်းဆောင်များမှာ ဘင်္ဂလာ တာခ်နာမြို့နယ်မှ ဘင်္ဂလီများ ဖြစ်ကြောင်း ယမန်နေ့ကထုတ် samudrakanthanews.com ကပြောသည်။
ယခုအခါ ဘင်္ဂလီနှင့် လူကုန်ကူးသူများ အနေဖြင့် မလေးသို့သွားသည့် အနေအထားပေါင်းများတွင် ဘင်္ဂလီမူဆလင်များအား မယူတော့ကြောင်းနှင့် ယင်းတို့ကြောင့် သက်ဆိုင်ရာ အာဏာပိုင်များက အရေးယူစစ်ဆေးလေ့လာ ဖမ်းဆီးမှုများ ဖြစ်ပေါ်လာရခြင်း ဖြစ်ကြောင်း မှောင်ခိုသတင်းရပ်ကွက်က ဆိုသည်။

လွန်ခဲ့သော နှစ်များက ယင်းလူကုန်ကူးသူများ အနေဖြင့် ဆောင်းရာသီတွင် လူများကို ပို့ဆောင်လေ့ရှိပြီး ယခုနှစ်တွင် မိုးရာသီအတွင်း ပို့ဆောင်မှု စတင်လာခြင်းဖြစ်သည်။

ထိုင်း-မလေးရှားနိုင်ငံ အာဏာပိုင်များမှ ထိုကဲ့သို့ မှောင်ခိုဝင်ရောက်လာသူများကို တားမြစ်ရန် ဆောင်းတွင်းတွင် စီမံမှုများ ပြုလုပ်ထား သော်လည်း ယခုနှစ်မိုးရာသီတွင်း ရောက်ရှိလာမှုအပေါ် အံသြမှုများ ဖြစ်ပေါ်ခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ်က ဆိုသည်။
http://www.arakantimes.net/burmese/index.php/2012-02-24-06-58-57/455-2012-09-18-05-39-00

Sunday, September 16, 2012

မြန်မာနိုင်ငံအတွင်း နေထိုင်သူ ဘင်္ဂလီ (၆) ဦး ရာဘားနှင့် ဘိန်းဖြူ ဘင်္ဂလာက ဖမ်းဆီးရမိ

Written by သဇင်ဥ    Sunday, 16 September 2012 19:48   PDFPrintE-mail
2012-09-16  Yabaဘင်္ဂလာတွင် မူခင်းနှင့် မူးယစ်ဆေးဝါးရှာဖွေဖမ်းဆီးရေးအဖွဲ့ Rapid Action Battalion (RAB)က မြန်မာနိုင်ငံအတွင်း နေထိုင်သူ ဘင်္ဂလီ(၆)ဦးနှင့်အတူ ယာဘားမြင်းဆေး (၈၆၃၀) လုံးအား စစ်တကောင်းမြို့မှ စနေနေ့ညဥ့်တွင် ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

RAB–7 မှ Major Rakibul Islam က ဘင်္ဂလီများနှင့်အတူ ယာဘားဆေးပြားများကို စစ်တကောင်းမြို့တွင် ငှားရန်းနေသော အိမ်ခန်းတစ်ခုမှ ညဥ့် ၁၁း ၃၀ တွင် ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု တနင်္ဂနွေနေ့က the daily star က ဆိုသည်။

ဖမ်းဆီးခံ ဘင်္ဂလီ အမည်များမှာ " Md Shafique, 30, his brother Md Liakat, 26, Azmal Haque, 20, Abul Kashem, 28, Anwara Begum, 40, and her daughter Baby, 18." ဟု the daily star မှာ ဖေါ်ပြထားကြောင်းနှင့် ယာဘားမြင်းဆေးပြားမှာ ကာလပေါက်ဈေး တာကာ သိန်း(၃၀) တန်ဖိုးရှိကြောင်း RAB က တရားဝင်ပြောသည်ဟု ဖေါ်ပြထားသည်။

RAB အနေဖြင့် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးရောင်းဝယ် ဖေါက်ကားသူများနှင့် မြန်မာ့မူးယစ်ဆေးဝါး မှောင်ခိုလုပ်ငန်းများနှင့် ဆက်စပ်မှုရှိသည်ဟု သံသယဖြစ်ကြောင်း ၀ပ်ဆိုက်က ပြောသည်။

ထို့ပြင် ပြည်ပသို့ တင်ပို့မည်ဖြစ်သော (၂၆) သိုက်ရှိ ဘိန်းဖြူ ထုတ်အား ဒက္ကားနိုင်ငံတကာလေဆိပ်မှ ကာစ္စတင်က စနေနေ့က ဖမ်းဆီးရမိကြောင်း The Daily Star သို့ ထုတ်ဖေါ်ပြောဆိုကြောင်း ဆိုသည်။

ဖမ်းဆီးရမိသည့် ဘိန်းဖြူများကို (၈) ခုခွဲခြမ်းထုပ်ထားပြီး (၄) အိပ်ခွဲဝေပြုလုပ်ထားကြောင်းနှင့် ဆေးလိပ်များတွင် ထည့်သွင်းရန် မလေးရှားသို့ တင်ပို့ခြင်းဖြစ်နိုင်သည်ဟု ကာစ္စတင် ကော်မရှင် Zakiya Parveen က ပြောသည်ဟု ၀ပ်ဆိုက်က ဆိုသည်။

Department of Narcotics Control (DNC)က ယင်းအား စမ်းသပ်စစ်ဆေးချက်အရ ဘိန်းဖြူဖြစ်ကြောင်း ဆိုသည်။ ဖမ်းဆီးခံဘိန်းဖြူများမှာ မလေးရှားနိုင်ငံသို့ ယနေ့ လေယဉ်အမှတ် TG-322 ဖြင့်ထွက်ခွာမည်ဖြစ်ကြောင်း သိရှိရသည်။
arakantimes.net/burmese

Mr. Joseph Y.Yunနှင့်အဖွဲ့က နယ်စပ်တံခါးများ ဖွင့်လှစ်ပေးထားရန် ဘင်္ဂလာကို ဖိအားပေးခဲ့

Written by သဇင်ဥ    Sunday, 16 September 2012 13:41   PDFPrintE-mail
DSC03013နယ်စပ်ကျူးကျော်လာနေကြသည်မှာ များပြားလာနေသောကြောင့် အလွယ်တကူကျော်ဖြတ်နိုင်ရေးအတွက် Mr. Joseph Y.Yunနှင့်အဖွဲ့က နယ်စပ်တံခါးများ ဖွင့်လှစ်ပေးထားရန် စက်တင်ဘာလ (၁၃)ရက်နေ့က မပြန်မီ ဘင်္ဂလာကို အာဏာပိုင်များအား ဒက္ကားမြို့တွင် ဖိအားပေးတောင်းဆိုခဲ့ကြောင်း ဘင်္ဂလီ BBC သတင်းတွင် ထုတ်လွှင့်ချက်အရ သိရသည်။

အမေရိကန်နိုင်ငံမှ အာရှပစိဖိတ်ရေးရာ ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Joseph Y.Yunနှင့်အဖွဲ့အနေဖြင့် မြန်မာသို့ရောက်ခဲ့စဉ် ဘင်္ဂလီမူဆလင်များမှာ အများအပြား ဒုက္ခရောက်လျှက် ရှိနေသေးကြောင်းနှင့် ဘင်္ဂလာမှ တင်ပြချက်များအရ နယ်စပ်ကျူးကျော်လာနေကြသည်မှာ များပြားလာနေသောကြောင့် အလွယ်တကူကျော်ဖြတ်နိုင်ဖို့ နယ်စပ်ဖွင့်ပေးထားရန် လိုအပ်ကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

Mr. Joseph Y.Yunနှင့်အတူ (၃) အဖွဲ့မှာ ဘင်္ဂလာအာဏာပိုင်များအား ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် ပဋိပက္ခများနှင့် စပ်လျဉ်း၍ နယ်စပ်ဖွင့်လှစ်ပေးထားရန် ဖိအားပေး တောင်းဆိုခဲ့ကြောင်း သိရှိရသည်။

ယင်းအဖွဲ့မှာ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် (၃)ရက်ကြာ ပဋိပက္ခအခြေအနေကို လေ့လာစုံစမ်းမေးမြန်းခဲ့ပြီး မြန်မာမှတစ်ဆင့် ဘင်္ဂလာတွင် (၁၁)ရက်မှ (၁၃)ရက်အတွင်းလေ့လာ၍ ရရှိခဲ့သည့် သတင်းမှားများအပေါ် မူတည်၍သော်လည်းကောင်း၊ လူ့အခွင့်အရေးရှု့ဒေါင့်မှမူတည်၍သော်လည်းကောင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်အစိုးရအဆက်ဆက် အာဏာအလွဲသုံးစားလုပ်လို၍ ဘင်္ဂလီများကို နိုင်ငံသားအဖြစ် လက်ခံခဲ့ခြင်းဖြစ်ကြောင်း၊ တဖန် မဲရရှိရန်အတွက် ပါတီများကပါ ပါတီဝင်များ သတ်မှတ်ခဲ့ကြောင်း၊ အာဏာရှင်စနစ် ရေရှည်တည်တံ့ရေးအတွက် ရခိုင်ပိုင်နက်နယ်မြေ၊ နိုင်ငံရေးနှင့် လက္ခဏာများအား နည်းမျိုးစုံဖြင့် ဖြိုခွင်းခဲ့ကြောင်းနှင့် ခေတ်ကနဦးကတည်းက ယခုထိ ရခိုင်မြေပေါ်တွင် သွေးမြေကျစေခြင်းမှာ နယ်ချဲ့သမားများ၏ ရေရှည်စီမံကိန်းများ ကြောင့်သာဖြစ်ကြောင်း ၀ါရင့်ရခိုင်နိုင်ငံရေးသမားများက ပြောသည်။

လက်ရှိတွင် မြန်မာ-ဘင်္ဂလာ-ထိုင်း-တရုတ်-အိန္ဒိယ-မလေးရှားနှင့် တချို့နိုင်ငံများရှိ ဘင်္ဂလီ အများအပြားမှာ ဘင်္ဂလီမူဆလင် (ရိုဟင်ဂျာ)အမည်များဖြင့် ဒုက္ခသည်အဖြစ်လျှောက်လာကြသူများ များပြားလာနေကြောင်းနှင့် တချို့မူဆလင်နိုင်ငံများမှလည်း အသုတ်လိုက် ဒုက္ခသည်အဖြစ် အသိအမှတ်ပြုပေးပြီး တတိယနိုင်ငံများသို့ ပို့ဆောင်နေကြောင်း အင်တာနက်သတင်းများက ဆိုသည်။

Mr. Joseph Y.Yunနှင့်အတူ (၃)အဖွဲ့မှာ အဖွဲ့အနေဖြင့် ဘင်္ဂလာတွင် ကုလအသိအမှတ်ပြု မခံရသေးသော တာခ်နာမြို့နယ် လေဒါ ဘင်္ဂလီမူဆလင် ဒုက္ခသည် စခန်းသို့ သွားရောက်လေ့လာခဲ့သော်လည်း မြန်မာဒုက္ခသည်နှင့် ဒုက္ခသည်အဖြစ် လျှောက်ထားသူများနှင့် တွေ့ဆုံရန် တစ်စုံတစ်ရာ အစီအစဉ်မရှိခဲ့ပေ။

အခုအခါ ဘင်္ဂလာနယ်စပ်တစ်လျှောက်ရှိ BGB နှင့် ကမ်းခြေစောင့်တပ်များအနေဖြင့် ယင်းဘင်္ဂလီမူဆလင်များအား အခြေအနေနှင့် လိုက်လျောညီထွေစွာ ကူညီဆောင်ရွက်မှုများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ဒေသသတင်းထောက် ဟာဖေဇ် မူဟာမ္မဒ် ကာဆေမ်က ပြောသည်။
http://www.arakantimes.net/burmese/index.php/2012-02-24-06-58-57/448-mr-joseph-yun-